ဝမ်းနည်းမှတ်တမ်း
ဦးကြည်လင်(ခေါ်)ကဗျာဆရာကြည်အောင်(၁၉၃၇-၂၀၀၉)
မန္တလေးခရိုင်ဗကသ၊ မန္တလေးတက္ကသိုလ် ကျောင်းသားညီညွတ်ရေးတပ်ဦး၊ မန္တလေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂတို့တွင် တက်ကြွလှုပ်ရှားခဲ့သူ ရှစ်လေးလုံးအရေးတော်ပုံကြီး နောက်ပိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ စာပေဟောပြောပွဲ၊ စာပေလှုပ်ရှားမှုများတွင် တက်ကြွစွာလှုပ်ရှားခဲ့ပြီး ရန်သူ နအဖ စစ်အုပ်၏ ကြောက်ရွံ့ မုန်းတီးခြင်းကိုခံရသူ ဦးကြည်လင်(ခေါ်) ကဗျာ ဆရာကြီး ဦးကြည်အောင် (၇၂) သည် (၂၇၊ ၀၃၊ ၂၀၀၉) နေ့တွင် ကွယ်လွန် သွားပါသဖြင့် နေ့သစ်မီဒီယာမှ ၀မ်းနည်းကြေကွဲ ရပါကြောင်း မှတ်တမ်းတင် အပ်ပါသည်။
ကြည်အောင်၏ ကဗျာများ
ဦးကြည်အောင်ကို ဦးညွှတ်ခြင်း
သစ်ကောင်းအိမ်
သစ္စာရှာဖို့ ငါမြင်းစီးမယ်…
အမိကဗျာနိုင်ငံတော်မှာ
ကဗျာတ၀က်လွှင့်ထူ
ပူဇော်လိုက်ပါရဲ့
ကဗျာသုဂတိကိုလားသူငဲ့….
သစ္စာရှာဖို့ သူမြင်းစီးထွက်သွားပေါ့။ ။
( ၂၈. မတ်လ. ၂၀၀၉)
ကဗျာတပ်မှူး ကြည်အောင် နဲ့........
တက္ကသိုလ်မောင်စောလွင်
ကဗျာတပ်မှူးကြည်အောင်နဲ့ 'မိခင်မာရသွန်'
{ဤစာသည် 'ကြည်အောင်၏ မိခင်မာရသွန်' ပဌမနှိပ်ခြင်း၊ ၁၉၈၅ ခု၊ ဖေဖော် ၀ါရီလတွင်၊ ဖော်ပြသော တက္ကသိုလ်မောင်စောလွင်၏ အမှာစာ ဖြစ်ပါသည်။ ၂၀၀၉ မတ်လ၊ ၂၇ တွင် ကွယ်လွန် သွားရှာသော ကဗျာဆရာကြည်အောင် (ဦးကြည်လင်) အတွက်၊ ကြေကွဲဝမ်းနည်းခြင်းနှင့်အတူ ဆရာကြည်အောင်ကို လေးစားဂုဏ်ပြုသောအားဖြင့် မာယာမှာ ပြန်လည်ဖော်ပြခြင်း ဖြစ်ပါသည်။ }
ကြည်အောင်-သာနိုး
တင်မိုး-စွမ်းရည်
ကိုလေး (အင်းဝဂုဏ်ရည်)
တို့ဟာ ကဗျာစာပေ တပ်ဦးက တပ်မှူးတွေ ဖြစ်တယ်လို့ ရဲရဲကြီး ဆိုလိုက်ပါ တယ်။ ဘာလို့ ဒီလိုဆိုနိုင်သလဲလို့ မေးယင်....
သူတို့ကဗျာတွေကို လေ့လာလိုက်ပါ၊ သူတို့နဲ့ ရင်းရင်းနှီးနှီး ပေါင်းသင်းကြည့်တဲ့ အခါ အဖြေထွက်လာနိုင်ပါတယ်။
အပြည့်အစုံသို့
နံမည်ဖခင်ဦးကြည်အောင်
လမင်းတရာ
၁၉၆၃ ခုနှစ်မှာ ကဗျာဆရာ ဦးကြည်အောင်ဟာ သူ့ရဲ့ 'လမင်းတရာ ကဗျာများ' စာအုပ်နဲ့ အမျိုးသားစာပေဆု ရရှိခဲ့ပါ တယ်။ အဲဒီတုန်းက လူထုတိုက်မှာ ဖေဖေက အယ်ဒီတာ လုပ်နေပါတယ်။ ကျနော့်ဖေဖေက သူ့ရဲ့ ရဲဘော်ရဲဘက် မိတ်ဆွေရင်းညီအကိုပမာ ချစ်ခင်တဲ့ ဦးကြည်အောင်အတွက် ၀မ်းသာဂုဏ်ယူတဲ့ အနေနဲ့ရော အမှတ်တရလေး ဖြစ်စေ ချင်တဲ့အတွက်ရော အဲဒီနှစ်မှာ မွေးတဲ့ ကျနော့်ကို 'လမင်းတရာ' ဆိုတဲ့ ကဗျာနံမည်လေးကို ကင်ပွန်းတပ် ပေးခဲ့ပါ တယ်။ ဒါကြောင့် ကဗျာဆရာဦးကြည်အောင်ဟာ ကျနော့်ရဲ့ နံမည်ဖခင် ဆိုရင် မမှားပါဘူး။ လေးလေးဦးကြည်အောင် ဟာ အင်းဝမှာမွေး အင်းဝသား ဖြစ်ပြီး၊ တသက်လုံး အင်းဝမှာပဲ နေထိုင်သွားသူပါ။ လူပျိုကြီးဘ၀နဲ့ ကဗျာတွေရေးပြီး၊ မိခင်ရဲ့ ကျေးဇူးကို အထူးသိတတ်သူ ဖြစ်တဲ့အလျောက်၊ မိခင်နဲ့ တောက်လျောက်အတူတကွ နေထိုင်ခဲ့သူဖြစ်ပါတယ်။ စိတ်ရင်းလည်း အလွန်ဖြောင့်မှန်ရိုးသားပြီး ရောင့်ရဲတဲ့ဘ၀မှာ ကဗျာတွေနဲ့ မွေ့ပျော်ခဲ့သူ ဖြစ်ပါတယ်။ တိုင်းပြည်နဲ့လူမျိုး အတွက် မှန်ကန်တဲ့ ခံယူချက်နဲ့ 'အမေကမွေး၊ ထောင်ကကျွေး နေရေးမခက်ပါ' ဆိုတဲ့ ဆောင်ပုဒ် လက်ကိုင်ထားပြီး
အပြည့်အစုံသို့
သူငယ်ချင်း ကဗျာဆရာ ကြည်အောင်
မောင်စွမ်းရည်
မန္တလေးတက္ကသိုလ်မဂ္ဂဇင်းမှာ ကျနော်အတွင်းရေးမှုးလုပ်တော့ ကြည်အောင်က အင်္ဂလိပ်စာ အယ်ဒီတာပါ။ မောင်သိန်း နိုင်(ဂုဏ်ထူး) က မြန်မာစာ အယ်ဒီတာပါ။ နောက်တော့ ကလောင်ရှင်အသင်းမှာရော၊ ကျောင်းသားတပ်ဦး တကသ နဲ့ ဗကသ မှာရော သံခဲ၊ သံဒုတ်တို့ အဖေ (ကိုစိုးဝင်းမောင်) ရယ်၊ ဖိုးသံချောင်းရယ်၊ မြင်းခြံ အောင်သူရယ်။ ကဗျာဆရာ လေးမောင်ရယ် အတူတွဲပြီးလုပ်ခဲ့ကြပါတယ်။ ကျနော်တို့နဲ့တုန်းကတော့ သူနဲ့လေးမောင်တို့က ရှောင်နိုင်သမျှ ရှောင်ပါ တယ်။ နှစ်ဦးလုံး ရှက်တတ်လို့ အသင်းအပင်းတွေကို ရှောင်ကြတာပါ။ နောက်တော့ ဝရမ်းပြေးရ၊ တောင်တန်းတွေကျ၊ ကျွန်းတွေကျသည်အထိ စွန့်လွှတ်စွန့်စား လုပ်ဆောင်ခဲ့ကြရှာပါတယ်။
အပြည့်အစုံသို့
မောင်စွမ်းရည်ရဲ့ ကြည်အောင်အမှတ်တရ
ယနေ့မြန်မာ
ဆရာဦးသာနိုးက အင်္ဂလိပ်လို ဆောင်းပါး ရေးတယ်။ Major Poet လို့ ရေးလိုက်တယ်။ အဲဒီ Major ဆိုတာက စစ်တပ်က တပ်မှူးကို ပြောတာ မဟုတ်ပါဘူး။ အဓိက ကဗျာဆရာလို့ ပြောတာပါ။ သက်ရှိထင်ရှား ကဗျာဆရာ တွေထဲက အဓိက ကဗျာဆရာတွေ ဆိုပြီး ဆရာ မင်းသုဝဏ်၊ ဆရာဇော်ဂျီ၊ ဆရာ ဒဂုံတာရာ။ နောက် တင်မိုး၊ ကြည်အောင်၊ မောင်စွမ်းရည်၊ ကိုလေး (အင်းဝဂုဏ်ရည်) ဆိုပြီး အဲဒီလို ပြောလိုက်တယ်ဗျ။ အဲဒီမှာ တခြား ကဗျာ ဆရာတွေ မပါဘူးဗျ။ အဲဒါ သူတို့ မန္တလေးက ကဗျာဆရာတွေ အချင်းချင်းမို့ လူရာသွင်းတယ်ဆိုပြီး သရော်တာပါ။ တချို့က Major Poet ဆိုတာကို ကဗျာ တပ်မှူးကြီးတွေဆိုပြီး ပြောလိုက်ကြတာပါ။ တကယ်တော့ အဓိက ကဗျာဆရာဆိုတဲ့ သဘောမျိုး ပြောတာပါ။
အပြည့်အစုံသို့
ကိုကြည်လင်နဲ့ကျနော်
ဖိုးသံ (လူထု)
၁၉၆၃ထဲမှာ ကျောင်းသားသမဂ္ဂတွေပြန်ထူထောင်ဖို့ ကြိုးစားကြတယ်ဆိုတော့ တက္ကသိုလ်ထဲမှာရော တက္ကသိုလ်ပြင်ပ တွေမှာပါ ထူထောင်ကြပါတယ်။ ဒီအခါမှာ အခြေခံကျတဲ့ ဗကသများကို မြို့နယ်အလိုက်၊ ခရိုင်အလိုက် ပြန်ဖွဲ့ကြတော့ သူနဲ့ကျနော်နဲ့ မန္တလေးခရိုင် ဗကသ ကော်မတီမှာ တွဲလုပ်ကြရပါတယ်။ သူကဥက္ကဋ္ဌ၊ ကျနော်ကအတွင်းရေးမှုးး ထင်ပါ တယ်။ သေချာတော့မမှတ်မိပါ။ သူလိုနာမည်ရှိတဲ့ ကဗျာဆရာက ဥက္ကဋ္ဌလုပ်တယ်ဆိုတော့ အတူတွဲလုပ်သူတွေက သိပ် သဘောကျကြပါတယ်။ သူကလည်း စကားပြောတယ်ဆိုရင် အင်မတန် စိတ်ပါလက်ပါနဲ့ လေးလေးနက်နက် ပြောလေ့
အပြည့်အစုံသို့
ရွှေဘိုမြင်းကို ကျုပ်တို့ပိုင်တယ်
မောင်လွမ်းဏီ
(ဒေါက်တာလွဏ်းဆွေ မီဒီယာsiteမှ ကူးယူဖော်ပြထားပါသည်။)
“ဇော်ဂျီက ဂေါ်ကီဆိုရင်
တင်မိုးက ဗင်ဂိုးတဲ့လား ဟား ဟား ဟား
ကြည်လင်ဆိုတာ လီနင်ကွ
င၀က်ရ” ...။
အပြည့်အစုံသို့
သရုပ်ဖော်ဂုဏ်ပြု - ပန်းချီမင်းကျော်ခိုင်
လမင်းတရာသာလိမ့်မည်
လူထုဒေါ်အမာ
မောင်ကြည်အောင်သည် သူ့ရင်ထဲ၌ သူပြောချင်သည်ကလေးများ၊ သူခံစားရချက်ကလေးများ ခိုလိုးခုလု ရှိပုံရသည်။ ယင်း ခိုးလိုးခုလုကလေးများ ရင်တွင်း၌ ပြင်းပြင်းထန်ထန် ဖြစ်ပေါ်လာသည့်အခါ သူက ကဗျာဖွဲ့သည်။ ကာရန် ရှာ သည်။ ဥပမာ သူ့ကဗျာတပုဒ်ဖြစ်သော မုဆိုးကြီး၊ သူတော်စင်၊ နွားကျောင်းသူကဗျာ၌ သူတွေးမိသည့်အချက်တချက် ကို ကဗျာဖတ် သူသို့ သူက လက်ဆင့်ကမ်းလေသည်။
အပြည့်အစုံသို့
ကြည်အောင်၏ ကဗျာများ
|