နေ့သစ်အကြောင်း ဆက်သွယ်ရန်
ကဗျာ

ကမ္ဘာသစ်တေး
စိုင်ခမ်းလိတ်
Monday, November 03, 2008



ကမ္ဘာသစ်တစ်ခုကို ငါမြင်မက်ခဲ့တယ်၊
ဘယ်သူမှ ခြေမချသေးတဲ့ နယ်မြေပေါ့၊
ကောင်းကင်တစ်ခုလုံးကလည်း ကြည်လင်နေတယ်၊
အလျဉ်ကလည်း
တသွင်သွင် စီးဆင်းနေတယ်၊
ဒါပေမယ့် အဲဒီနယ်မြေဟာ ဘယ်မှာလဲဆိုတာ
ငါမမှတ်မိတော့ဘူး။
တဒင်္ဂသာ မြင်မက်ခဲ့ရတဲ့
အိပ်မက်ထဲက ကမ္ဘာသစ်ကို ပြန်လည်ရောက်ချင်ပေမယ့်
ဘယ်မှာလဲဆိုတာ
ငါစဉ်းစားလို့ မရတော့ဘူး။
သယံဇာတ ပေါကြွယ်ဝတဲ့
ဒီဒေသရဲ့ အမည်ကိုလည်း
ငါမမေးမိခဲ့ဘူး။
ငါမှတ်မိတာတစ်ခုတော့ ရှိတယ်
ငါ့နားထဲမှာ ပဲ့တင်ထပ်နေတယ်။
“ညီညီညွတ်ညွတ်နဲ့ အားလုံးအတူတူလာပါ
ဒါမှ မဟုတ်၊ တစ်ယောက်မှ မလာနဲ့” တဲ့။

စိုင်းခမ်းလိတ်

စိုင်းခမ်းလိတ်ရဲ့ “ကောင်(ပ်)ဖန်ဟန်မိုင်းနှင့်” ကဗျာကို
စိုင်းနွတ်(ပညာရေးတက္ကသိုလ်) က ရှမ်းဘာသာမှ ဆီလျော်အောင် ပြန်ဆိုတယ်။

ပိတောက်ပွင့်သစ်
စာပေအနုပညာမဂ္ဂဇင်း၊ အမှတ် (၉)၊ နိုဝင်ဘာ ၂၀၀၆ စာမျက်နှာ - ၈ မှ ကူးယူဖော်ပြသည်။


ကဗျာ

မရဏကုန်စည်ပြပွဲ
A.M.T
Monday, October 27, 2008
သေဆဲ
သေလတ္တံ့သူအပေါင်းနဲ့
လုပ်ဆဲ
လုပ်လတ္တံ့သော ညီလာခံအပေါင်းတို့ ။

⇒  တီအက်စ်ဖက်ဖ်(TSF)*
စိုးနေလင်း
Saturday, October 11, 2008
ကြည့်ကြ…
ကမ္ဘာ့သမိုင်းစာမျက်နှာတွေပေါ်က
စီးကျနေဆဲ သွေးချွေးမျက်ရည်။

 

⇒  “သစ်သီးပုပ်များ”
စိုးနေလင်း
Friday, October 03, 2008
ပဲ့ကြွေသွားတဲ့ သစ္စာတရားထဲမှာ
အနုပညာဝါဒအားလုံး
ပြုန်းတီးချနင်းခံလိုက်ပြီ…
ပတ်ဗလိုနီရူဒါ* ရယ်
ကြယ်ကြွေတွေကိုယ်စား
စကားနည်းနည်းပြောပေးစမ်းပါ။

 

⇒  ညများ …အနှစ်နှစ်ဆယ်
ကမာပုလဲ
Tuesday, September 30, 2008
တညလုံး
မအိပ်ဘဲ ထိုင်စောင့်နေခဲ့တာ
လေချွန်သံကလေး ကြားရနိုးနိုး
ခြေသံလျှပ်လျှပ်
ရင်တလှပ်လှပ် ခုန်ရနိုး
တညလုံး ထိုင်စောင့်နေခဲ့တယ်။

 

⇒  သစ္စာသေသော်
ဝင်းတင့်ထွန်း
Sunday, September 28, 2008
သစ္စာသေသော်
    သေတဲ့ သစ္စာ
    ထို ဈာပန
    ပြာချပစ်တာ အကောင်းဆုံး ။

 

⇒  ဘရုစ်ဘုရင်ရဲ့ခြေနင်းအောက်ကအိပ်မက်
စိုးနေလင်း
Friday, September 26, 2008
ဟင့်အင်း…
အပြင်းစား ရော့ခ်သီချင်းတပုဒ်ကိုဖွင့်
တုန်နှုံးမြင့်သံစဉ်လှိုင်းရိုက်ချက်နဲ့
အသက်ပြင်းပြင်းရှူကြည့်ချင်တယ်။

 

⇒  ကဗျာတပုဒ်
မောင်တင်ထွန်း
Monday, September 22, 2008
ငါရေးနေတဲ့ ကဗျာသစ်
မြားတစင်းလို ပစ်ခွင်းနိုင်ခဲ့လျှင်
စစ်အာဏာရှင်ရဲ့ ရင်ဝတည့်တည့်ကို
ထွင်းဖေါက်နိုင်တဲ့မြား … ဖြစ်ပါစေသား။

 

⇒  ဒါလီ* မသိတဲ့နာရီတလုံးရဲ့ပုံရိပ်
စိုးနေလင်း
Wednesday, September 10, 2008
အနက်ရှိုင်းဆုံးညထဲ
တိုးရှဲ စမ်းတ၀ါး
ပျောက်ဆုံးမသွားရုံလေးမျှသာ
ငါ့ပုံရိပ် ကျုံလှီသေးကွေးနေဆဲ။

 

⇒  လွမ်းဆွတ်အမှတ်တရ စနေ
ကမာပုလဲ
Monday, September 08, 2008
အဲဒီစနေနေ့ဟာ
အနာဂတ်စစ်စစ်ကို မွေးဖွားဖို့
သစ္စာတရားကို ကိုယ်ဝန်ဆောင်တဲ့နေ့ဖြစ်တယ်။

 

⇒  မိုးစိမ်း
ကမာပုလဲ
Saturday, September 06, 2008
အဲဒီကစလို့
အားကောင်းမောင်းသန် ဖူးပွင့်ခဲ့တဲ့
အိပ်မက်တူရာ ချစ်သူများ…..။

 

⇒  ပြီးပါပြီ
မောင်ချောနွယ်
Friday, September 05, 2008
အရက်နဲ့ စီးကရက်ကို ကြိုက်တယ်
ညီမလေး မမမြင့်ကို ချစ်တယ်
အလင်းရောင်ကို မြတ်နိုးတယ်

 

⇒  မြင့်မြင့်စန်း ဇာတ်လိုက်ဖြစ်ပြီ
ညိုထက် (လမ်းသစ်ဦး)ဲ
Monday, September 01, 2008
မာရေကျောရေနိုင်တဲ့ကောင်လေ
ဘာဖြစ်လဲ
ချော်ကျရင်တောင် မှော်ထနေဦးမယ့်ကောင်။

 

⇒  သနပ်ခါး
ကမာပုလဲ
Saturday, August 23, 2008
သဘာဝရဲ့
အဖိုးမဖြတ်နိုင်တဲ့ ရတနာ
အညာကျေးလက် တပ်မက်ဖွယ်ရာ။

 

⇒  ဒီလေထု
ယောဟန်အောင်
Wednesday, August 20, 2008
လေထုဟာ စေးပျစ်နှစ်နေတယ်
စေးပျစ်နှစ်နေတာမှ နာဂစ်အနံ့ထောင်းထောင်း
အမျိုးတွေ အကျိုးစီးပွားကောင်းအောင်
ကြည့်နေတဲ့ခေတ်ဆိုတော့လည်း
ရွေ့လို့ကို မဖြစ်နိုင်တော့ဘူး။

 

⇒  လရောင်တမ်းချင်း - ကမာပုလဲ
⇒  ရှစ်လေးလုံးအရေးတော်ပုံကြီးရဲ့ ဂုဏ်ရောင် ထာဝရ ထွန်းပြောင်ပါစေ- ၀င်းတင့်ထွန်း
⇒  မိုး - ကမာပုလဲ
⇒  သာဓုခေါ်ဖို့ မလိုပါ - ၀င်းတင့်ထွန်း
⇒  ဒေါသမြစ်တစင်း၏ သေတမ်းစာ - ကိုဝေလင်း
⇒  မေသမိုင်းသစ် အသင့်ပြင် - ၀င်းတင့်ထွန်း

နေ့သစ် စာဖတ်ခန်း
နေ့သစ် ဗွီဒီယို
နေ့သစ် ပန်းချီပြခန်း
စာအုပ်ကြော်ငြာ
စာအုပ်ကြော်ငြာ
စာအုပ်ကြော်ငြာ
စာအုပ်ကြော်ငြာ
စာအုပ်ကြော်ငြာ
အမှတ် ၂
ဩဂုတ် ၂၀၀၈
Search Engine Optimization
free counter