|
|
|
|
|
|
|
မရဏကုန်စည်ပြပွဲ
A.M.T
Monday, October 27, 2008
သေဆဲ
သေလတ္တံ့သူအပေါင်းနဲ့
လုပ်ဆဲ
လုပ်လတ္တံ့သော ညီလာခံအပေါင်းတို့ ။
အင်အားဟာ အမှန်တရားဆိုတာ
တို့အရပ်မှာ
နာဂစ်ရော နအဖအတွက်ပါ
မှန်ဆဲ မှန်လတ္တံ့လော ။
မြစ်ပြင်ထဲ
ငါ့ကို ဘယ်သူမှ လာမကောက်သေးသလို ငါ့ကျန်ရစ်သူတွေရဲ့ အစာအိမ်ကိုလည်း
ဘယ်သူမှ မပြင်ကြ။
တကယ်တော့
အဲဒီညက ငါ့တို့ တခဲနက်ကြီးထောက်ခံလိုက်ရတဲ့
သေခြင်းတရားတောင်
မဲအကြိမ်ကြိမ် အလိမ်ခံခဲ့ရတယ်။ ။
A.M.T
အတွဲ (၁)၊ အမှတ် (၇)၊ ဇူ-ဩ-စက်-အောက်တိုဘာ၊၂၀၀၈ (ဒေါင်းအိုးဝေစာစောင်) မှကူးယူ ဖော်ပြသည်။
|
|
|
⇒
တီအက်စ်ဖက်ဖ်(TSF)*
စိုးနေလင်း
Saturday, October 11, 2008
ကြည့်ကြ…
ကမ္ဘာ့သမိုင်းစာမျက်နှာတွေပေါ်က
စီးကျနေဆဲ သွေးချွေးမျက်ရည်။
|
|
|
⇒
“သစ်သီးပုပ်များ”
စိုးနေလင်း
Friday, October 03, 2008
ပဲ့ကြွေသွားတဲ့ သစ္စာတရားထဲမှာ
အနုပညာဝါဒအားလုံး
ပြုန်းတီးချနင်းခံလိုက်ပြီ…
ပတ်ဗလိုနီရူဒါ* ရယ်
ကြယ်ကြွေတွေကိုယ်စား
စကားနည်းနည်းပြောပေးစမ်းပါ။
|
|
|
⇒
ညများ …အနှစ်နှစ်ဆယ်
ကမာပုလဲ
Tuesday, September 30, 2008
တညလုံး
မအိပ်ဘဲ ထိုင်စောင့်နေခဲ့တာ
လေချွန်သံကလေး ကြားရနိုးနိုး
ခြေသံလျှပ်လျှပ်
ရင်တလှပ်လှပ် ခုန်ရနိုး
တညလုံး ထိုင်စောင့်နေခဲ့တယ်။
|
|
|
⇒
သစ္စာသေသော်
ဝင်းတင့်ထွန်း
Sunday, September 28, 2008
သစ္စာသေသော်
သေတဲ့ သစ္စာ
ထို ဈာပန
ပြာချပစ်တာ အကောင်းဆုံး ။
|
|
|
⇒
ဘရုစ်ဘုရင်ရဲ့ခြေနင်းအောက်ကအိပ်မက်
စိုးနေလင်း
Friday, September 26, 2008
ဟင့်အင်း…
အပြင်းစား ရော့ခ်သီချင်းတပုဒ်ကိုဖွင့်
တုန်နှုံးမြင့်သံစဉ်လှိုင်းရိုက်ချက်နဲ့
အသက်ပြင်းပြင်းရှူကြည့်ချင်တယ်။
|
|
|
⇒
ကဗျာတပုဒ်
မောင်တင်ထွန်း
Monday, September 22, 2008
ငါရေးနေတဲ့ ကဗျာသစ်
မြားတစင်းလို ပစ်ခွင်းနိုင်ခဲ့လျှင်
စစ်အာဏာရှင်ရဲ့ ရင်ဝတည့်တည့်ကို
ထွင်းဖေါက်နိုင်တဲ့မြား … ဖြစ်ပါစေသား။
|
|
|
⇒
ဒါလီ* မသိတဲ့နာရီတလုံးရဲ့ပုံရိပ်
စိုးနေလင်း
Wednesday, September 10, 2008
အနက်ရှိုင်းဆုံးညထဲ
တိုးရှဲ စမ်းတ၀ါး
ပျောက်ဆုံးမသွားရုံလေးမျှသာ
ငါ့ပုံရိပ် ကျုံလှီသေးကွေးနေဆဲ။
|
|
|
⇒
လွမ်းဆွတ်အမှတ်တရ စနေ
ကမာပုလဲ
Monday, September 08, 2008
အဲဒီစနေနေ့ဟာ
အနာဂတ်စစ်စစ်ကို မွေးဖွားဖို့
သစ္စာတရားကို ကိုယ်ဝန်ဆောင်တဲ့နေ့ဖြစ်တယ်။
|
|
|
⇒
မိုးစိမ်း
ကမာပုလဲ
Saturday, September 06, 2008
အဲဒီကစလို့
အားကောင်းမောင်းသန် ဖူးပွင့်ခဲ့တဲ့
အိပ်မက်တူရာ ချစ်သူများ…..။
|
|
|
⇒
ပြီးပါပြီ
မောင်ချောနွယ်
Friday, September 05, 2008
အရက်နဲ့ စီးကရက်ကို ကြိုက်တယ်
ညီမလေး မမမြင့်ကို ချစ်တယ်
အလင်းရောင်ကို မြတ်နိုးတယ်
|
|
|
⇒
သနပ်ခါး
ကမာပုလဲ
Saturday, August 23, 2008
သဘာဝရဲ့
အဖိုးမဖြတ်နိုင်တဲ့ ရတနာ
အညာကျေးလက် တပ်မက်ဖွယ်ရာ။
|
|
|
⇒
ဒီလေထု
ယောဟန်အောင်
Wednesday, August 20, 2008
လေထုဟာ စေးပျစ်နှစ်နေတယ်
စေးပျစ်နှစ်နေတာမှ နာဂစ်အနံ့ထောင်းထောင်း
အမျိုးတွေ အကျိုးစီးပွားကောင်းအောင်
ကြည့်နေတဲ့ခေတ်ဆိုတော့လည်း
ရွေ့လို့ကို မဖြစ်နိုင်တော့ဘူး။
|
|
|
|
|