တရုတ်-အရှေ့တောင်အာရှ ဆက်ဆံရေး
မန်ဇူး(ဘာသာပြန်သည်)
Thursday, November 05, 2009
မြန်မာ၊ တောင်တရုတ် ပင်လယ်ရေပိုင်နက် အငြင်းပွားမှု ပြဿနာ
လွန်ခဲ့သော ဆယ်စု နှစ်နှစ်ခုတာ ကာလထဲက နယ်စပ်မျဉ်းတ လျှောက် နေရာအနှံ့ဆိုသလို ကြီးမားကျယ် ပြန့်လှတဲ့ တရုတ်ပြည်ရဲ့ အကျိုးစီးပွားတွေ ဟာ နယ်စပ်ဒေသတွေမှာ အောင်မြင်ဖြစ် ထွန်းခဲ့ပေမယ့် များမကြာမီ ကာလတွေအ တွင်း အာဏာသိမ်း စစ်အုပ်စုနဲ့ တိုင်းရင်း သား လက်နက်ကိုင် လူမျိုးစုတွေရဲ့ နယ်စပ် တလျှောက် ဖြစ်ပွားတဲ့ နိုင်ငံရေး မကျေလည် မှု ပြဿနာကြောင့် တရုတ်ပြည်ရဲ့ လက်ရှိ အနေအထားတရပ်ကို ယိုင်လဲချည့်နဲ့သွားစေခဲ့တယ်။ တရုတ်၊ အရှေ့တောင်အာရှ နိုင်ငံတွေနဲ့ အမေရိကန်ပြည်ထောင်စုတို့ဟာ အချုပ် အခြာအာဏာ ပိုင်ဆိုင်မှုအပေါ် ပွတ်တိုက်အငြင်းပွားမှု၊ ငါးဖမ်းလုပ်ငန်းအပေါ် စောင့်ကြပ်ကြည့်ရှုမှုနဲ့ တောင်တရုတ် ပင်လယ်ရေပိုင် နက် အငြင်းပွားမှုတွေမှာ အာရုံဖစိုက်မှု လျော့နည်းလာတယ်လို့ ဆိုရမှာပဲ။
တရုတ်-အာဆီယံ လွတ်လပ်စွာကုန်သွယ်မှု နယ်ပယ်တရပ်ဖြစ်မြောက် အကောင်ထည်ဖော်လာဖို့ရာအတွက် အာဆီယံ အဖွဲ့ဝင်နိုင်ငံ တွေနှင့် တရုတ်ပြည် သဘောတူစေ့စပ်ညှိနှိုင်းပြီး ရင်းနှီးမြုပ်နှံမှုပြုဖို့ရာ အပြီးသတ်လုပ်ဆောင်ချက်ဟာ လာမည့် ၂ဝ၁ဝ ခုနှစ် ဇန်နဝါ ရီလမှာစတင် အကျိုးသက်ရောက်မှုရှိလာမှာ ဖြစ်တယ်။ တရုတ်ပြည်ရဲ့ ပူးပေါင်းဆောင်ရွက်မှု၊ တခြားသီးသန့်လုပ်ဆောင်ချက်တွေဖြစ် တဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်နှင့် အာဆီယံဒေသဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံဆွေးနွေးပွဲမှာ အမေရိကန် ပြည်ထောင်စုနဲ့ ဒေသတွင်းအကောင်အထည်ဖော်မည့် အစီအမံတွေကို ဒေသတွင်း အသံလွှင့်မီဒီယာတွေမှာ တိုက်ရိုက် ဆိုသလို ထုတ်လွှင့်ပြသပြီး မီးမောင်းထိုးပြသခဲ့တယ်။
တရုတ်-မြန်မာ ဆက်ဆံရေး
တရုတ်-မြန်မာ ဆက်ဆံရေးဟာ ဒီအတောအတွင်းမှာတင် အစပျိုးတည်ဆောက်ယူရမည့် အနေအထားတရပ်မှာပေါ်လွင်ထင်ရှားနေ တယ်။ ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှ စီးပွားရေးအရ ဒဏ်ခတ်အရေးယူပိတ်ဆို့ လုပ်ဆောင်မည့် ဆောင်ရွက်ချက်အပေါ် သ ဘောမတူ ကန့်ကွက်ခြင်း၊ အာဏာသိမ်းစစ်အုပ်စုတွေ ဇူလိုင်လထဲမှာတင် ဒေါ်အောင်ဆန်းစုကြည် ကိုထပ်မံပြီး နေအိမ်အကျယ်ချုပ်နဲ့ စီရင်ချက်ချလိုက်သည့်အတွက် တရုတ်ပြည်ရဲ့ ရည်ရှည်ရပ်တည် ကိုင်ဆွဲလာတဲ့ တခြားပြည်တွင်း ဝင်ရောက်မစွက်ဖက်ရေးဆိုသည့် မူနှင့် သဘောထား ပျော့ပြောင်းလာနိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်တို့ကို ဆက်လက်ထိန်းသိမ်းထားတယ် ဆိုတာကတော့ သိသာထင် ရှားလွန်းတယ်။
သို့သော်ငြား ပီကင်းနဲ့ အာဏာသိမ်းစစ်အုပ်စုတွေရဲ့ ဆက်ဆံရေး ပြိုလဲပျက်စီးဖို့ရာအတွက် ရှေ့ပြေးနိမိတ်အရိပ် ယောင်လို့ဆိုရမယ့် သြဂုတ်လ အတွင်းဖြစ်ပျက်ခဲ့သည့် တရုတ်-မြန်မာ နယ်စပ်တလျှောက် ကိုးကန့် လက်နက်ကိုင်တပ်ဖွဲ့တွေအပေါ် ရုတ်ခြည်းဆိုသလို သဘောထားပြောင်းလဲပြီး တိုက်ခိုက်ခဲ့သည့်အတွက် တရုတ်ပြည်ရဲ့ နိုင်ငံခြားရေးနှင့် လုံခြုံရေးဆိုင်ရာမူဝါဒ အကျပ်အတည်းနှင့်အတူ ထိပါးစိန်ခေါ်လာမှုတွေပါ ဖြစ်ပေါ်ကြုံတွေ့လာရနိုင်ဖွယ်ရှိတယ်။
ပြည်တွင်းလုံခြုံရေး ဥပဒေချိုးဖောက်မှုနဲ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်စီရင်ချက် သုံးနှစ်ထပ်မံချလိုက် သည့်အတွက် မြန်မာပြည်ရဲ့ အချုပ်အခြာအာဏာနဲ့ တရားစီရင်ရေးကိုနိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် အသိအမှတ်ပြု လေးစားဖို့ လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်အပေါ် ပြစ်ဒဏ်စီရင်ချက်ချမှတ်လိုက်ပြီးနောက် ဇူလိုင်လ ၁၄ ရက်နေ့မှာ တရုတ် နိုင်ငံခြား ရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူရဲ့ ဆော်သြချက်ထွက်ပေါ်လာတာပဲ။ မေလအတွင်း အမေရိကန်နိုင်ငံသား ဂျွန်ရက်တော ဖိတ် မန္တကပြုခြင်းမရှိပဲ ရေကူးပြီး နှစ်ရက်ကြာနေထိုင်သွားသည့်အတွက် နေအိမ်အကျယ်ချုပ် ချိုးဖောက်မှုဆိုပြီး ဒေါ်အောင်ဆန်းစုကြည် ထပ်မံပြစ်ဒဏ်ကျခံရခြင်း ဖြစ်တယ်။
မြန်မာ တရားရုံးရဲ့ စီရင်ဆုံးဖြတ်ချက်ချမှုအပေါ် ဥရောပနိုင်ငံတွေရဲ့အခဲမကြေမှုနှင့် အာဆီယံ ထုတ်ပြန်ကြေငြာချက်လို့ ဆိုရမယ့် အ တော့်ကို စိတ်ပျက်မိတယ် ဆိုတာတွေနဲ့ ပတ်သက်ပြီး ချိန်ခါသင့်ဆိုသလို တရုတ်နိုင်ငံပိုင် သတင်းမီဒီယာတွေကနေ ထုတ်ပြန်ကြေငြာ ခဲ့တယ်။ တရုတ်ပြည်ရဲ့မီးမောင်းထိုး ထုတ်လွှင့်ပြသမှုကြောင့် အာဏာသိမ်း စစ်အုပ်စုဟာ စီရင်ဆုံးဖြတ်ချက်ကို ၁၈ လ ဆိုပြီးလျော့ချ လိုက်တယ်။ မြန်မာပြည်နဲ့ ပတ်သက်လို့ ပြစ်တင်ဝေဖန်မှုတွေ ရှောင်ကြဉ်ပြီး တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းကို ဦးတည်သွားဆိုတဲ့ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူရဲ့ဆော်သြချက်ကို ဆန်းစစ်ကြည့်ရင် တရုတ်နိုင်ငံပိုင် သတင်းမ်ီဒီ်ယာတွေဟာ ကမ္ဘာ့ကုလသမဂ္ဂရဲ့ မြန်မာပြည်နဲ့ ပတ်သက်လို့ အရေးယူပိတ်ဆို့မှု မှန်သမျှကို တားဆီးပိတ်ပင်ပြီး တရုတ်ပြည်ရဲ့ ဝင်ရောက်မစွက် ဖက်ရေးမူကို လက်ကိုင်ကျင့်သုံးတယ်ဆိုတာ ထင်ရှားနေတာပဲ။
အလားသဏ္ဌာန်ဆင်တဲ့ ယှက်နွယ်မှုက မြန်မာပြည်ကို ဇူလိုင် လအတွင်း သုံး-လေးရက်ကြာ အလည်ပတ်သွားရောက်ခဲ့သည့် ကမ္ဘာ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ရဲ့ ခရီးစဉ်ကို ပြန်လည်ဆန်းစစ် အကဲဖြတ်သည့် ဇူလိုင်လ ၁၃ ရက်နေ့ တွေ့ဆုံဆွေးနွေး ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် ဘန်ကီမွန်း တွေ့ဆုံဖို့ရာ အာဏာသိမ်း စစ်အုပ်စုရဲ့ ငြင်းပယ်လိုက်သည့် ဆုံးဖြတ်ချက်အပေါ် ကမ္ဘာ့ ကုလသမဂ္ဂရဲ့ တရုတ်ပြည်ဆိုင်ရာ သံအမတ်ကြီးမှ ခုခံကာကွယ်ပြောဆိုခဲ့တယ်။ မောက်မာဝင့်ကြွားမှုနဲ့ အခုအခံ အစွဲအလမ်းတွေ လျော့နည်းသွားမှသာ တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းကို ဦးတည်နိုင်မှာ ဖြစ်တယ်။
ဒီနောက်ခံဖြစ်ရပ်မှာပဲ ဆန့်ကျင်ဖက် အမြင်တွေလို့ဆိုရမယ့် တရုတ်နိုင်ငံပိုင် သတင်းမီဒီယာတွေကနေ ဒေါ်အောင်ဆန်းစုကြည် အ ပေါ် စီရင်ချက်ချမှတ်ပြီးနောက်ပိုင်း အမေရိကန် အထက်လွှတ်တော်အမတ် ဂျိမ်းစ်ဝက်ဘ် မြန်မာပြည် အလည်ပတ်လာရောက်သည့် ခရီးစဉ်နဲ့ပတ်သက်လို့ ပြည်သူလူထုကို တင်ပြရာမှာ အပေါင်းလက္ခဏာအသွင်ဆောင်တဲ့ သဘောထားတွေနဲ့ တင်ပြလာတာတွေ့ရ တယ်။ အမေရိကန် အထက်လွှတ်တော်အမတ် တစ်ယောက်အနေနဲ့ ဆယ်စုနှစ် တခုကျော်ကြာမှ မြန်မာပြည် လာရောက်လည်ပတ် ပြီး ပထမဆုံးအကြိမ် သန်းရွှေနဲ့ တွေ့ဆုံပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ပါ တွေ့ဆုံခဲ့သလို ရက်တော ကို လွတ်မြောက်အောင် လုပ် ဆောင် သွားနိုင်ခဲ့တယ်။ ဝက်ဘ် အလည်ပတ်သွားရောက်သည့် ခရီးစဉ်ဟာဖြင့် အုပ်ချုပ်ရေးယန္တရားကို ကိုယ်စားမပြုကြောင်း လက် မတင်လေး အိမ်ဖြူတော်မှ ထုတ်ပြန်ကြေငြာချိန်၊ အိုဘားမား အုပ်ချုပ်ရေးကာလ မြန်မာပြည်အပေါ်ထားရှိတဲ့ အမေရိကန်အစိုးရ မူဝါဒ ကိုပြန်လည်သုံးသပ်ကြောင်း ဝက်ဘ် ရဲ့ ပြုမူလုပ်ဆောင်ချက်ကို ရည်ညွှန်းကိုးကားပြီး တရုတ်ပြည်မှ ကြေငြာချက်ထုတ်ပြန်ခဲ့တယ်။
တရုတ်-မြန်မာ နယ်စပ်မျဉ်းတစ်လျှောက် ထိပ်တိုက်ရင်ဆိုင်ရမှု
မြန်မာပြည် ရှမ်းပြည်နယ် မြောက်ပိုင်း တရုတ် လူမျိုးစု အနွယ်ဝင် ထဲမှာပါဝင်တဲ့ ကိုးကန့်ဒေသ အခြေချနေထိုင်သူ မြန်မာတိုင်းရင်းသား လက်နက်ကိုင်လူမျိုးစုတွေကို သြဂုတ်လအတွင်း အာဏာသိမ်း စစ်အုပ်စု ရုတ်တရက် အလစ်ဝင်ရောက် တိုက်ခိုက်မှုကြောင့် နှစ် နှစ်ဆယ်ကြာ အပစ်အခတ်ရပ်စဲထားသည့် သဘောတူညီမှု စည်း ကျိုးပေါက်သွားခဲ့ရပေမယ့် ဘယ်လိုအကြောင်းအရာတွေ ကြွင်းကျန် ရစ်မယ်ဆိုတာ အသေးစိတ် မသိရပေမယ့်လို့ စစ်အုပ်စုဟာ လာ မည့် ၂ဝ၁ဝ ရွေးကောက်ပွဲကို ဦးဆောင်ကျင်းပနိုင်ဖို့ရာ လွှမ်းမိုးခြယ် လှယ်နိုင်ဖို့ရာအတွက် ကြိုးပမ်းအားထုတ်ခြင်းပဲဖြစ်တယ်။ ကိုးကန့် လက်နက်ကိုင်အဖွဲ့တွေကို စစ်အုပ်စု ရုတ်ခြည်းဝင်ရောက်တိုက် ခိုက်မှုကြောင့် ဒုက္ခသည်ပေါင်း ၃၅,ဝဝဝ ကျော်ဟာ တရုတ်ပြည်ထဲကို ဝင်ရောက်ထွက်ပြေးခိုလှုံသွားကြရတယ်။ တရုတ် သတင်းအစီရင်ခံစာတွေရဲ့ အဆိုအရ မြန်မာပြည်ဘက်မှ ပစ်ခတ်လိုက်တဲ့ အမြောက် ဆန် သုံးလုံးကြောင့် တရုတ်ပြည် ယူနန်နယ်ထဲကို ကျရောက်လာရသည့်အတွက် နယ်စပ်ဒေသ အခြေချနေထိုင်သူ တဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့သည့်အပြင် နယ်စပ်ဒေသ အခြေချနေထိုင်သူ တရုတ်လူမျိုးတဦးနှင့် ၁၃ ဦး ထိခိုက်ဒဏ်ရာရသွားခဲ့ကြ၍ ကိုးကန့် ဒေသမှ ထွက်ပြေးတိမ်းရှောင်ကြခြင်းဖြစ်တယ်။
နယ်စပ်တလျှောက် အဓိက
ဖြစ်ပွားခဲ့ခြင်းကြောင့် တရုတ်-မြန်မာ ဆက်ဆံရေးဟာ အတော့်ကို ရှုပ်ထွေးကြီးထွားလာနိုင်တယ်။ သွေး ထွက်သံယို တိုက်ခိုက်မှုတွေအပေါ် တရုတ်ပြည်အနေဖြင့် ဖျောင်းဖျခြင်းငှာ မစွမ်းသာကြောင်း တရုတ်-မြန်မာ အကျပ်ရိုက်မှုဆိုပြီး နိုင်ငံ တကာ ပဋိပက္ခဆိုင်ရာ လေ့လာရေးအဖွဲ့မှ ခေါင်းစီးတပ် အစီရင်ခံစာနဲ့ ထုတ်ပြန်ကြေငြာခဲ့တယ်။ ပီကင်းရဲ့မြန်မာပြည်အပေါ် သြဇာ လွှမ်းမိုးနိုင်မှုဟာ ဆုတ်ယုတ်မှုနှင့် အလေးသာမှု လွန်ဆွဲနေတယ်လို့ အနီးစပ်ဆုံးနဲ့ ဖြစ်နိုင်ချေအရရှိတယ်လို့ ဒီအစီရင်ခံစာမှာ ဖော်ပြ ပါရှိထားတယ်။ အာဏာသိမ်း စစ်အုပ်စုဟာ ရက်စက်ကြမ်းကြုတ်ပြီး အိမ်နီးချင်း နိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ တရုတ် တို့နဲ့ ဆက်ဆံရာမှာ အရံတံတိုင်းအနေဖြင့် ချွန်မြသည့် အမျိုးသားရေးစိတ်ဓာတ်နှင့် အင်အားချိန်ခွင်လျှာထိန်းညှိဖို့ရာ ကြိုးစားအား ထုတ်ခြင်းဖြစ်တယ်။
တရုတ် ခေါင်းဆောင်တွေဟာ မြန်မာ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး လမ်းကြောင်းကိုဦးတည်စေမည့် လုပ်ရပ်တွေမှာ ကဖျက်ယဖျက်နဲ့ ဖျက်မြင်းသဖွယ် အတော်လေး အားသွန်ခွန်စိုက်လုပ်ဆောင်နေကြောင်း အီအန်စတိုရေး ဆောင်းပါး ဖြစ်တဲ့ တရုတ်ပြည်ဆိုင်ရာ အကျဉ်းချုပ်မှတ်တမ်းမှာ ကောက်နှုတ်ဖော်ပြထားတယ်။ ၂ဝဝ၄ ခုနှစ်ထဲကစလို့ တရုတ် ခေါင်းဆောင်တွေ ဟာ အာဏာသိမ်းစစ်အုပ်စု နိုင်ငံရေးအရ ပြောင်းလဲဖော်ဆောင်ဖို့ရာ အကြံပြုတိုက်တွန်းခဲ့ပေမယ့်လို့ စစ်အုပ်စုရဲ့ အပြုအမူအပေါ် အ ကန့်အသတ်နဲ့သာ လွှမ်းမိုးလုပ်ဆောင်နိုင်ကြောင်း အနည်းဆုံး ဥပမာရပ် သုံးခုနဲ့ခိုင်းနှိုင်းကောက်နှုတ် တင်ပြထားတယ်။
နောက်ဆုံး ဖြစ်ပျက်ခဲ့သည့် နယ်စပ်မျဉ်းတလျှောက် တင်းမာမှုပြဿနာမှာ ပီကင်း ချဉ်းကပ်လုပ်ဆောင်ရာဝယ် သတိရှိရှိနဲ့ ချင့်ချိန်နှိုင်း ဆပြီး ကိုင်တွယ်ဖြေရှင်း တုန့်ပြန်ခဲ့တယ်။ ပြည်တွင်း ပြဿနာရပ်ကို မှန်ကန်သောနည်းလမ်းဖြင့် စေ့စပ်ညှိနှိုင်းအဖြေရှာမှသာ တရုတ် မြန်မာနယ်စပ် ဒေသဆိုင်ရာ လုံခြုံရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းနိုင်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ မြန်မာပြည် အ ပေါ် မေတ္တာရပ်ခံတောင်းဆိုခဲ့တယ်။ ကိုးကန့်ဒေသတွင်း အခြေချနေထိုင် ရပ်တည်ပြီး သက်မွေးဝမ်းကျောင်းပြုနေတဲ့ တရုတ် နိုင်ငံ သားတွေရဲ့ လုံခြုံရေးနဲ့ပတ်သက်ပြီး အာဏာသိမ်း စစ်အုပ်စုအနေဖြင့် အပြည့်အဝ တာဝန်ယူပေးဖို့ရာ ကမ်းလှမ်းတောင်းဆိုခဲ့တယ်။
တချိန်တည်းဆိုသလို တရုတ်နယ်စပ်ဒေသတလျှောက် စစ်ဆေးစုံစမ်းဖို့ရာနှင့် ယူနန် ပြည်နယ်တွင်း တည်ငြိမ်မှုရရှိနိုင်ရေးအတွက် ဒေ သခံ အာဏာပိုင်တွေကို ကူညီထောက်ပံ့စေခြင်းအလို့ငှာ ပီကင်းခေါင်းဆောင်တွေဟာ ပြည်သူ့လုံခြုံရေးဝန်ကြီး မန်ဇီရန်ဇူးနှင့် တခြား သော ထိပ်တန်းအရာရှိတွေကို စေလွှတ်တာဝန်ပေးခိုင်းစေခဲ့ကြောင်း သတင်းမီဒီယာတွေမှာ ဖော်ပြပါရှိတယ်။ ယူနန်ပြည်နယ်အစိုးရ ဟာ နယ်စပ်ဒေသ တည်ငြိမ်ရေးကို ထိန်းသိမ်းနိုင်ဖို့ရာ ရည်ရွယ်ချက်ဖြင့် ယန္တရားကို ပြန်လည်အသက်သွင်း လုပ်ဆောင်ရာဝယ် နယ် စပ်ဒေသ အခြေချနေထိုင်သူတွေရဲ့ အသက်အိုးအိမ်၊ စည်းစိမ်လုံခြုံရေးနှင့် လက်ရှိအနေအထားထက်ပိုပြီး ဆိုးရွားမှုမရှိရလေအောင် ဆက်နွယ်မှုရှိတဲ့ ဆောင်တာတခုချင်းစီအလိုက်ကို ရွက်ကုန်ဖွင့် အားထုတ်ကြိုးပမ်း လုပ်ဆောင်လေရဲ့။
နယ်စပ်တစ်လျှောက်မှာဖြစ်တဲ့ ပဋိပက္ခပြဿနာတွေကနေ လျှံထွက်လာမယ့် ဖြစ်နိုင်ချေ ဘေးထွက်ဆိုးကျိုးတွေဟာ တရုတ်ခေါင်း ဆောင်တွေနဲ့လည်း ပတ်သက်ဆက်နွယ်မှုရှိတယ်ဆိုတာ ဒီလုပ်ဆောင်ချက်တွေကနေ ရည်ညွှန်းဖော်ဆောင်နေတယ်။ ကိုးကန့်တိုင်း ရင်းသား လူမျိုးစု လက်နက်ကိုင် အဖွဲ့တွေအပေါ် အာဏာသိမ်း စစ်အုပ်စုရဲ့ဝင်ရောက်တိုက်ခိုက်မှုကို ပီကင်း အနေဖြင့်တားဆီးခြင်းငှာ မစွမ်းသာသော်ငြား တရုတ် အမျိုးသား အကျိုးစီးပွား လုံခြုံရေးအတွက်တော့ လက်ဦးမှုရယူနိုင်ရေးအတွက် ခြေလှမ်းတွေကို သတိကြီး စွာနဲ့ လျှောက်လှမ်းနေမှာပဲ။
ဆက်ရန်…
Reference: Comparative Connections
A Quarterly E-Journal on East Asia Bilateral Relations
China-Southeast Asia Relations: Burma, South China Sea Issues
Robert Sutter, Georgetown University
Chin-Hao Haung, University of California
http://csis.org/files/publication/0903qchina_seasia.pdf
Photo by: http://www.bangkokpost.com/news
စကားချပ်
အထက်ဖော်ပြပါ ဆောင်းပါးနှင့် ယခင်ရေးသားခဲ့သော ဆောင်းပါများသည် ဘာသာပြန်ဆောင်းပါးများသာ ဖြစ်ကြောင်းနှင့် ကျနော်၏ မူရင်း အာဘော် မဟုတ်ကြောင်း သို့သော်ငြား ဘာသာပြန်ဆိုရာဝယ် ရှိနိုင်သော မှားယွင်းအားနည်းချက်များနှင့် ဆီလျော်မှုရှိအောင် သာ ပြန်ဆိုခြင်းဖြစ်ပြီး လက်ရှိ အခင်းအကျင်းအပေါ် နိုင်ငံတကာမှ ရေးသာသူ ပညာရှင်၊ သတင်းဆောင်းပါး ရေးသားသူများ၏ အမြင် များကို သိရှိစေရန် ရည်ရွယ်ချက်၊ နှိုင်းယှဉ်ချိန်ဆကြည့်လိုသည့် အကြောင်းရင်းခံအပြင် ချို့ယွင်းချက်များရှိခဲ့ပါက ဘာသာပြန်သူ ကျနော်နှင့်သာ သက်ဆိုင်ကြောင်းပြောကြားလိုခြင်းဖြစ်သည်။ (မန်ဇူး)
အခြားသတင်းနှင့်ဆောင်းပါးများ
ထပ်စင် ကို ကြံပေး ခန့်လိုက်ပြီ
ခေတ်သစ် အာရှ (၂)
ခြေနှစ်ချောင်းနဲ့လမ်းလျှောက်ခြင်း
အိမ်နီးခြင်းနိုင်ငံတွေကိုတော့ သွားကိုသွားရမယ်လို့ ချာဗာလစ် ပြော
နိုင်ငံတကာဘာသာပြန် စာမျက်နှာသို့
|