ထပ်စင်ဂျက်လေယာဉ် ဖြတ်သန်းခွင့်မပြု၊ သူလျှိုမှုနဲ့ တရားစွဲခံထားရတဲ့ ထိုင်း

နိုဝင်ဘာ ၁၄၊ ၂၀၀၉ (ဘန်ကောက်ပို့စ်)
Sunday, November 15, 2009

အင်္ဂါနေ့က ရောက်သွားတဲ့ ကမ္ဗောဒီးယားခရီးစဉ်မှာ ၀ရမ်း ပြေးဝန်ကြီးချုပ်ဟောင်း ထပ်စင်ရှီနာဝပ်ထရာရဲ့ ကိုယ်ပိုင် ဂျက်လေယာဉ်ဟာ ထိုင်းနိုင်ငံပေါ် ဖြတ်ပျံသန်းခွင့် မရခဲ့ ဘူးလို့ သတင်းရပ်ကွက်တခုက ဆိုပါတယ်။

လွန်ခဲ့တဲ့ နှစ်ပတ်က ဒီတောင်းဆိုချက်ကို သယ်ယူပို့ ဆောင်ရေးဝန်ကြီးဌာန လက်အောက်ရှိ မြို့ပြလေကြောင်း ပျံသန်း ရေးဦးစီးဌာနကို ပေးပို့ခဲ့ပြီး၊ လေတပ်ကို ဆက် လက်လွှဲပြောင်းပေးခဲ့ပါတယ်။ “လေတပ်က ဒီအစီရင်ခံစာ ကို ဦးစီးဌာန ကနေ လက်ခံရရှိပြီး၊တောင်းဆိုချက်ကို ပယ်ချလိုက်ပါတယ်” လို့ သတင်းရပ်ကွက်က ဆိုပါတယ်။

ထပ်စင်ရဲ့လေယာဉ်ဟာ တခြားလမ်းကြောင်းကနေ မောင်းသွားရပါတယ်။ ဒီမှတ်ချက်ဟာ ကမ္ဗောဒီးယားအာဏာပိုင်တွေက ထိုင်း နိုင်ငံကို သူလျှိုလုပ်တယ်လို့ စွပ်စွဲပြောဆိုအပြီးမှာ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ ကမ္ဗောဒီးယားလေ ကြောင်းလိုင်းက ထိုင်းအင် ဂျင်နီယာတဦးကို သူလျှိုမှုနဲ့ ကမ္ဗောဒီးယားရဲ က ဖမ်းထားပါတယ်။

ဒီအတောအတွင်းမှာ ကမ္ဗောဒီးယားလေပိုင်နက်ကို ချိုးဖောက်တယ်ဆိုပြီး ထိုင်းလေတပ်ကို ကမ္ဗောဒီးယားက စွပ်စွဲပြော ဆိုနေပါတယ်။ ကမ္ဗောဒီးယားကနေထွက်ခွာမယ့် ထပ်စင်ရဲ့ခရီးစဉ်နဲ့ပတ်သက်တဲ့ ပျံသန်းမှုဆိုင်ရာ သတင်းအချက် အလက်တွေကို ခိုးယူပြီး ဖနွမ်း ပင်မှာရှိတဲ့ ထိုင်းသံရုံးကို ပေးခဲ့တယ်ဆိုပြီး Siwarak Chotphong ကို စွပ်စွဲထားပါ တယ်။

ကမ္ဗောဒီးယားနိုင်ငံရဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာ သတင်းအချက်အလက်တွေ ထုတ်ပေးမှုနဲ့ Siwarak ကို တရားစွဲဆို ထားပါတယ်။ လို့ ကမ္ဗောဒီးယားအမျိုးသားရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Kirt Chantharith က ပြောဆိုပါတယ်။ “သူဟာ ထပ်စင်ရဲ့ လေယာဉ် ခရီးစဉ်နဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေ ကြိုးစားရှာဖွေပြီး၊ တိုင်းပြည်ပြင်ပကို ပို့လိုက်နိုင်တယ်” လို့ သူက ပြောပါတယ်။ နောက်ထပ် ပါဝင်ပတ်သက်တဲ့လူတွေကို ရဲတွေက စုံစမ်းစစ်ဆေးနေပါတယ်။

သူလျှိုလုပ်တယ်လို့စွပ်စွဲပြောဆိုမှုတွေကြောင့် ကြာသာပတေးနေ့က ထိုင်းသံရုံးရဲ့ပထမအတွင်းရေးမှူး Kamrob Palawatwicha ကို ဖနွမ်းပင်ကနေ မောင်းထုတ်ဖို့ ဖြစ်လာပါတယ်လို့ ကမ္ဗောဒီးယားအမျိုးသား ဒုရဲချုပ် Sok Phal က ပြောဆိုပါတယ်။ “ ထပ်စင် ရဲ့ လေယာဉ်အပြန်ခရီးစဉ်ကို မိတ္တူကူးဖို့ ပထမအတွင်းရေးမှူးက လူတယောက်ကို အမိန့် ပေးခဲ့တယ်၊ ဒါကြောင့် သူ့ကို မောင်းထုတ်လိုက်တာ ဖြစ်တယ်” လို့ Sol Phal က ပြောပါတယ်။ နိုင်ငံခြားရေး ၀န်ကြီး ဌာနနဲ့လေတပ်က ဒီစွဲဆိုချက်ကို ငြင်း ပယ်လိုက်ပါတယ်။ ဒီလိုဖမ်းဆီးတာဟာ ရန်စတဲ့လုပ်ရပ်ဖြစ်တယ်။ ထပ်စင်ဟာ နှစ်နိုင်ငံလုံးကို ဒုက္ခတွေ ပေးနေတာပဲလို့ နိုင်ငံ ခြားရေးဝန်ကြီး Kasit Piromya က ပြောပါတယ်။ “ သူလျှိုလုပ်နေ တယ် လို့ပြောတာဟာ အငြှိုးထားပြောတာပဲ။ မဟုတ်ဘူး”

“ဟွန်ဆန်နဲ့ပေါင်းပြီး ထိုင်းနိုင်ငံကို ဖျက်ဆီးလို့ရမယ်လို့ ထပ်စင် က ထင်နေတာ” လို့ မစ္စတာ Kasit က ပြောပါတယ်။ ကမ္ဗောဒီး ယားအာဏာပိုင်တွေက ဖမ်းပြီး စစ်ဆေးမေးမြန်တာ ခံနေရတဲ့ မစ္စတာ Siwarak ကို စောင့်ရှောက်ဖို့ ကမ္ဗော ဒီးယားမှာရှိတဲ့ ထိုင်း သံရုံးကို သူပြောထားပြီးပြီ။ အခု ဖနွမ်းပင် က ထိုင်းသံရုံးမှာ အလုပ်လုပ်ပြီးကျန်နေတဲ့ ၀န်ထမ်း ၇ ဦး ရှိပါတယ်။ သူတို့လုံခြုံရေးကို အာမခံဖို့ ကမ္ဗောဒီးယား အစိုးရမှာ တာဝန်ရှိပါတယ်။ နိုင်ငံရပ်ခြားမှာ ဥပဒေကြောင်း အရအမှုရင်ဆိုင်နေရတဲ့ ထိုင်းလူမျိုးတွေအား လုံးကို စောင့်ရှောက်သလိုပဲ အစိုးရအနေနဲ့ မစ္စတာ Siwarak ကို စောင့်ရှောက်မှာ ဖြစ်ပါတယ်။လို့ ၀န်ကြီးချုပ် အဘီဆစ်က ပြော ပါတယ်။

လေတပ်က ပျံသန်းရေးဆိုင်ရာစည်းမျဉ်းတွေကို အမြဲတန်း တင်းတင်းကျပ်ကျပ် လိုက်နာစေတာဖြစ်ပြီး ဘယ်တော့မှ ကမ္ဗောဒီးယား လေပိုင်နက်ထဲကို ကျူးကျော်တာမလုပ်ပါဘူးလို့ လေတပ်ပြောရေးဆိုခွင့်ရှိသူ အုပ်စုမှူး ဗိုလ်ကြီး Satchukorn က ပြောပါတယ်။ “လက်ရှိအခြေအနေမှာ ကျနော်တို့အနေနဲ့ ရန်စတာတွေကိုရှောင်ဖို့ ပိုပြီးသတိထားနေ တာ ဖြစ်တယ်” လို့ သူကပြောပါတယ်။

ဒုဝန်ကြီးချုပ် ဆူထက်ဟာ တနေ့တုန်းက ကြည်းတပ်ဦးစီးချုပ် Anupong Paojinda နဲ့ ဒုချုပ် Prayuth Chan-ocha တို့ကို တွေ့ဆုံ ခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီး Anupong ကလည်း အစိုးရရဲ့ကမ္ဗောဒီးယားဆိုင်ရာသဘောထားကို ဆွေးနွေးဖို့ အတွက် အမှတ်၂ ကြည်း တပ်မတော် တပ်မှူး ဒုဗိုလ်ချုပ်ကြီး Vivalit Chornsamrit နဲ့ အကြီးတန်းအရာရှိတွေကို အစည်းအဝေးခေါ်ခဲ့ပါတယ်။

photo by: http://antithaksin.wordpress.com/2009/04/30/fugitive-watch-rtaf-tracks-thaksins-jet-into-cambodia/





အခြားသတင်းနှင့်ဆောင်းပါးများ
အကင်းမသေ ကြွင်းကျန်ရစ်နေသည့် လူကုန်ကူးသန်းရောင်ဝယ်မှု
ခေတ်သစ် အာရှ (၃) အာရှကို အုပ်စိုးလာတော့မည့် တရုတ်ပြည်
ထပ်စင် ပြန်လွှဲပေးဖို့တောင်းဆိုချက် ပယ်ချ
ထပ်စင်ကို ဖမ်းဖို့ အစိုးရတောင်းဆို
ထပ်စင် ကမ္ဗောဒီးယား ရောက်ပြီ
ကိုင်တွယ်ရခက်သည့် soft ပါဝါ (၁)
ထပ်စင်ကမ္ဗောဒီးယားကို သွားလည်တော့မယ်
တိမ်သလာ ဖုံးလွှမ်းနေတဲ့ မြန်မာပြည်
ထပ်စင်ကို အလုပ်ခန့်လိုက်လို့ ကမ္ဗောဒီးယားဆိုင်ရာ ထိုင်းသံအမတ်ကြီးကို ထိုင်းနိုင်ငံက ပြန်ခေါ်
တရုတ်-အရှေ့တောင်အာရှ ဆက်ဆံရေး
ထပ်စင် ကို ကြံပေး ခန့်လိုက်ပြီ
ခေတ်သစ် အာရှ (၂)
ခြေနှစ်ချောင်းနဲ့လမ်းလျှောက်ခြင်း
အိမ်နီးခြင်းနိုင်ငံတွေကိုတော့ သွားကိုသွားရမယ်လို့ ချာဗာလစ် ပြော


နိုင်ငံတကာဘာသာပြန် စာမျက်နှာသို့








Name: Subject:

The JavaScript Source



Tell a friend: