ထပ်စင် ကမ္ဗောဒီးယား ရောက်ပြီ
နိုဝင်ဘာ ၁၁၊ ၂ဝဝ၉ (ဘန်ကောက်ပို့စ်)
Tuesday, November 10, 2009
အစိုးရရဲ့ စီးပွားရေးအကြံပေးအဖြစ် သူ့အ ခန်းကဏ္ဍသစ်ကို ထမ်းဆောင်ဖို့ ဝရမ်းပြေး ဝန်ကြီးချုပ်ဟောင်း ထပ်စင်ရှီနာဝပ်ထရာဟာ ကမ္ဗောဒီးယားကို အင်္ဂါနေ့မှာ ရောက်လာပြီ ဖြစ်ကြောင်း ကမ္ဗောဒီးယားအစိုးရက ပြောဆို ပါတယ်။
ထပ်စင် ကမ္ဗောဒီးယားမှာ ရှိတယ်ဆိုတာကို ဒီနေ့မနက်မှာ ကမ္ဗောဒီးယားအစိုးရ ပြောရေး ဆိုခွင့်ရှိသူ Phay Siphan က သတင်း ထောက်တွေကို ပြောဆိုပါတယ်။
“ဒီနေ့မနက် ၉နာရီ ၄၅မီးနစ်မှာ ထပ်စင်ရောက်ပါတယ်။ ကမ္ဗောဒီးယားအတွက် အထူးဂုဏ်ယူစရာပါ။ ကမ္ဗာဒီးယားတနိုင်ငံလုံးက သူ့ကို လှိက်လှိက်လှဲလှဲ နှုတ်ခွန်းဆက်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်”
၂ဝဝ၆ ခုနှစ် အာဏာသိမ်းမှုမှာ မောင်းထုတ်ခံရတဲ့ ထပ်စင်ဟာ ဖနွမ်းပင်တပ်မတော်လေအခြေစိုက်စခန်းမှာ ကိုယ်ပိုင်လေယာဉ်ငယ် ကလေးထဲကထွက်လာပြီး လုံခြုံရေးအစောင့်အရှောက်တွေ ထူထပ်စွာချထားတဲ့အောက်မှာ မော်တော်ယာဉ်တန်းနဲ့ မြို့တော်ဆီကို ထွက်ခွာလာခဲ့ပါတယ်။
ပြီးခဲ့တဲ့အပတ်၊ ကမ္ဗောဒီးယားက ထပ်စင်ကို အလုပ်ခန့်လိုက်တဲ့အကြောင်း ကြေညာလိုက်ပြီး အငြင်းပွားမှုကို စ,မီးမွှေးလိုက်တာ၊ ၂ နိုင်ငံသံအမတ်တွေ ပြန်ခေါ်တဲ့အဆင့်ထိ ရောက်ခဲ့ပါတယ်။ မနှစ်တုန်းကလည်း နယ်စပ်ပြဿနာကြောင့် လူတွေသေတဲ့အထိ တိုက် ခိုက်မှုတွေဖြစ်ပြီးနောက်မှာ တင်းမာမှုတွေ ပိုပြီးနက်ရှိုင်းလာတာ ဖြစ်ပါတယ်။
ထပ်စင်ကို ပြန်လွှဲမပေးဘူးဆိုရင်တော့ နယ်စပ်ကို ပိတ်ပစ်နိုင်တယ်လို့ ထိုင်းကလည်း ပြောပါတယ်။ ဒါပေမဲ့ သူ့ တိုင်းပြည်ကတော့ ဒီကိစ္စနဲ့ပတ်သက်လို့ မစိုးရိမ်ဘူးလို့ ကမ္ဗောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Kuoy Kong က ပြောဆိုပါတယ်။ “ကျနော်တို့ကတော့ သူ့ကို (ထပ်စင်) ပြန်လွှဲပေးမှာမဟုတ်ဘူး၊ ဒီကိစ္စကို ကျနော်တို့ ရှင်းရှင်းလင်းလင်း ပြောပြီးပြီ၊ ဘာလို့လဲဆိုတော့ သူက နိုင်ငံရေးကြောင့်ခံရတဲ့သူ ဖြစ်လို့ပဲ” လို့ Kuoy Kong က အင်္ဂါနေ့က ပြောဆိုပါတယ်။
ထပ်စင်ဟာ ၂ဝဝ၈ခုနှစ်၊ စက်တင်ဘာလက တရားရုံးချုပ်က ချမှတ်ထားတဲ့ ထောင်ဒဏ်၂နှစ် ပြစ်ဒဏ်ကို ရှောင်ဖို့ ဒူဘိုင်းအပါအဝင် နိုင်ငံခြားတိုင်းပြည်တွေမှာ နေထိုင်နေတာ ဖြစ်ပြီး၊ စီရင်ချက်မချမီ အာမခံနဲ့လွှတ်ထားတုန်းမှာ ထွက်ပြေးခဲ့တာ ဖြစ်ပါတယ်။
ဝန်ကြီးချုပ်ဟွန်ဆန်ဟာ သူ့မိတ်ဆွေရင်းဖြစ်ပြီးနိုင်ငံရေးမဟာမိတ်လည်းဖြစ်တာကြောင့် သူ့အနေနဲ့ ကမ္ဗောဒီးယား ခရီးစဉ်ကို သွားဖို့ ရွေးချယ်ရတာပါ။ လို့ တနင်္လာနေ့နှောင်းပိုင်းက ဝက်ဘ်ဆိုဒ်မှာထုတ်ပြန်တဲ့ အိတ်ဖွင့်ပေးစာမှာ ဖော်ပြခဲ့ပါတယ်။ “ကျနော့်အနေနဲ့ ထိုင်းနိုင်ငံကိုပြိုင်ဆိုင်ဖို့ ကမ္ဗောဒီးယားကို ကူမှာမဟုတ်ပါဘူး။ အစိုးရနဲ့ ဘယ်လောက်ပဲ သဘောထားကွဲကွဲ ကျနော့်နိုင်ငံကို ထိခိုက်တဲ့ ဘယ်လိုကိစ္စမျိုးကိုမှ လုပ်မှာမဟုတ်ပါဘူး” လို့ သူက ပြောဆိုပါတယ်။ အရင်က မန်ချက်စတာယူနိုက်တက် ဘောလုံးကလပ်ရဲ့ ပိုင်ရှင်ဟောင်းဖြစ်တဲ့ ထပ်စင်ဟာ ကြာသာပတေးနေ့မှာ ကမ္ဗောဒီးယား ဘောဂဗေဒပညာရှင်တွေကို မြို့တော်မှာ မိန့်ခွန်းပြောမှာ ဖြစ် ပါတယ်။ ဖနွမ်းပင်မှာ ဘယ်လောက်ကြာကြာနေမလဲ ဆိုတာကိုတော့ သူက မပြောပါဘူး။
ထပ်စင်ဟာ ရွေးကောက်ပွဲ ၂ ခုမှာ အနိုင်ရခဲ့သူဖြစ်ပြီး ထိုင်းနိုင်ငံရေးမှာ သြဇာကြီးမားတဲ့ပုဂ္ဂိုလ်လည်း ဖြစ်ပါတယ်။ ရှပ်နီလို့ခေါ်တဲ့ သူ့ကိုထောက်ခံသူတွေက လက်ရှိအစိုးရကို လူထုဆန္ဒပြပွဲတွေလုပ်ပြီး မငြိမ်မသက်ဖြစ်အောင် လုပ်နေပါတယ်။ အခု ထိုင်းနိုင်ငံရဲ့ တခါးပေါက်နားကို သူရောက်နေတာဟာ ၂ဝဝ၈ သြဂုတ်လ တိုင်းပြည်ကနေ နောက်ဆုံး ထွက်ပြေးချိန်ကတည်းကဆို အနီးဆုံးကို ရောက်လာတာပါ။
သတင်းဌာနတွေက အစီရင်ခံသလို ထပ်စင်ဟာ ကမ္ဗောဒီးယားနိုင်ငံကို တကယ်ချေချပြီလားဆိုတာကို နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အ တည်ပြုချက်ကိုရဖို့ အစိုးရက ဒီမနက်မှာ စောင့်ဆိုင်းနေပါတယ်လို့ ထိုင်းအစိုးရ ပြောရေးဆိုခွင့်ရှိသူ Panithan Wattanayakorn က ပြောဆိုပါတယ်။ “ဒီအချက်ကို နိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြုတဲ့အခါ အစိုးရက သူ့ကို ပြန်လည်လွှဲပြောင်းပေးရေး တောင်းဆို ဖို့ ရှေ့နေချုပ်ရုံးကို တာဝန်ပေးပါလိမ့်မယ်” လို့ မစ္စတာ Panithan က ပြောဆိုပါတယ်။
photo by: http://www.bangkokpost.com/news
အခြားသတင်းနှင့်ဆောင်းပါးများ
ကိုင်တွယ်ရခက်သည့် soft ပါဝါ (၁)
ထပ်စင်ကမ္ဗောဒီးယားကို သွားလည်တော့မယ်
တိမ်သလာ ဖုံးလွှမ်းနေတဲ့ မြန်မာပြည်
ထပ်စင်ကို အလုပ်ခန့်လိုက်လို့ ကမ္ဗောဒီးယားဆိုင်ရာ ထိုင်းသံအမတ်ကြီးကို ထိုင်းနိုင်ငံက ပြန်ခေါ်
တရုတ်-အရှေ့တောင်အာရှ ဆက်ဆံရေး
ထပ်စင် ကို ကြံပေး ခန့်လိုက်ပြီ
ခေတ်သစ် အာရှ (၂)
ခြေနှစ်ချောင်းနဲ့လမ်းလျှောက်ခြင်း
အိမ်နီးခြင်းနိုင်ငံတွေကိုတော့ သွားကိုသွားရမယ်လို့ ချာဗာလစ် ပြော
နိုင်ငံတကာဘာသာပြန် စာမျက်နှာသို့
|