နေ့သစ်အကြောင်း ဆက်သွယ်ရန်
မူလစာမျက်နှာ သတင်း ဆောင်းပါး မှတ်တမ်းဓါတ်ပုံ မှတ်တမ်းဗွီဒီယို ထုတ်ပြန်ချက် အခြားကွန်ယက်များ နေ့အလိုက်မှတ်တမ်း
 
 
 
   Thanks for visiting!    We recommend you    to surf this site
   ဤ၀က်ဘ်ဆိုက်သည်
   Firefox Browser ဖြင့်    ကြည့်ရန်အတွက်သာ    အဆင်ပြေစေပါမည်။
   အခြားသော Internet    Browsers သည်
   ဤ၀က်ဘ်ဆိုက်
   အဆင်အပြင်အရ    ပြောင်းလဲမှုအနည်းငယ်    ဖြစ်ပေါ်နေပါမည်။
 





တပ်ဦးအာဘော်

ဖက်သတ်ရေးဆွဲ၍ အဓ္ဓမအတည်ပြုပြဌာန်းခဲ့သော ၂ဝဝ၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကိုလက်ခံရင်း မကြာ မှီ ပြုလုပ်ပေးမည့် ၂ဝ၁ဝ ရွေးကောက်ပွဲတွင် အညံ့ခံပူးပေါင်းပါဝင်မလား၊ ၈၈၈၈ အရေးတော်ပုံကြီး၏ အောင်သီး အောင်ပွင့်များကိုဆုတ်ကိုင်ရင်း ဆက်လက်တိုက်ပွဲဝင်မလားဟူသည့် ရွေးချယ်မှုနှစ်ခုကို စစ်အုပ်စုကပြဌာန်းရန် ခြေ လှမ်းပြင်နေချိန်ဖြစ်သည်ဟု ဆိုရမည်။ သို့သော် မြန်မာ့ အဖိနှိပ်ခံပြည်သူလူထုကြီး၏ ရှစ်လေးလုံး ဒီမိုကရေစီအရေး တော်ပုံသမိုင်းကို စစ်အာဏာရှင်များအနေဖြင့် တဖက်သတ်ဥပဒေပြဌာန်းပြီး ဖယ်ရှားပစ်၍ လုံးဝမရနိုင်။

အပြည့်အစုံသို့

ဒေါင်းအိုးဝေ ကဗျာများ


ရေဆန်တက်နှင့် လေဆန်ငှက်


လှေငယ်ရှင် - တဖက်ကမ်း၌
အောင်ပန်းရှိသည် ငါယုံကြည်၍
ယုံကြည်မှုမှ အားမာန်ရကာ
လှော်ခဲ့ပါသည်
ရှေ့မှာ ပန်းတိုင် ငါမြင်ပြီ ...

အပြည့်အစုံသို့



သူငယ်ချင်း


အဆုံးဖြတ်တိုက်ပွဲ အဆုံးသတ်တိုက်ပွဲ
ဝင်တော့မယ့် အချိန်ကျမှ
မင်းက တာဝန်ကျေသွားတော့
တို့ ... တိုက်ဖော် တယောက်နည်းပြီပေါ့လို့
ဟာကနဲ တချက်ခံစားမိ

အပြည့်အစုံသို့



ကာရံမညီတဲ့ အတ္တတပုဒ်


ကန္တာရထဲက စိန်တပွင့်လို
ဒီချစ်စိတ်တခုဟာ ဖြစ်တည်နေဆဲမို့
ဒါဟာ ဝဋ်နာကံနာတခုလို လှိုက်စား
သိပ်သည်းဆပြင်းလာတဲ့ နှလုံးသားတွေက
ကြယ်မစုံ ကောင်းကင်အောက်

အပြည့်အစုံသို့



သရုပ်မှန်


ရန်သူရဲ့ခြေလှမ်း
သူထုတ်သုံးမယ့် လက်နက်ပုန်း
အခြေအနေ၊ အချိန်အခါ
ချိန်ခွင်လျှာရဲ့ အလားအလာနဲ့ 
နောက်ဆုံး ...

အပြည့်အစုံသို့



တသက်စာ အလွဲ


လွတ်မြောက်ရေးကို
မျှော်တွေးခဲ့တယ်
တွေ့တယ်။
အမှန်တရားကို
တန်ဖိုးထားခဲ့တယ်

အပြည့်အစုံသို့



ဆုတောင်း


မနက်ခင်း
ပြုနေကျသဘာဝအတိုင်း
ပဲပြုတ်သည်မှအစ
ငှက်ကလေးတွေအဆုံး အိပ်မှုန်စုံမွှားနဲ့
နေ့သစ်ကိုဘာသာဗေဒ အမျိုးမျိုးနဲ့

အပြည့်အစုံသို့



သူလျှိုကြီး


သူလျှိုကြီးဟာ မငိုတတ်တော့
အသံနက်ကြီးနဲ့ အာအာအီအီ
အော်ဟစ်မြည်တမ်း
ချာလပတ်ရမ်းရမ်းပြီး ခုန်တတ်တယ်။
သူလျှိုကြီးဟာ ပုစ္ဆာတပုဒ်မဟုတ်။

အပြည့်အစုံသို့



ကျုပ်ရဲဘော်


အရင်းမဲ့ အတိုးမဲ့
ဘဝတွေကို ထပ်ခဲ့ကြရင်း
အပြုံးမပျက်
ရင်းစားကိုသာ ပိုင်ဆိုင်ရဲခဲ့ကြသည့် ရဲဘော်
ကျုပ် ရဲဘော်။

အပြည့်အစုံသို့



စာမျက်နှာသစ် တခု


ဘဝဆိုတာ ခပ်ပါးပါးပေမယ့်
ခေတ်က ပြဌာန်းတော့
သံတိုင်တွေနောက်
တောင်တန်းတွေပေါ်
ကိုယ့်ရွေးချယ်မှုနဲ့ ကိုယ်ပစ်တင်ခဲ့သူ

အပြည့်အစုံသို့



ဒေါင်းအိုးဝေ သတင်းမှတ်တမ်း



လက်နက်ကိုင်တော်လှန်ရေးကို ခက်ခဲယုံကြည်စွာ မလျှော့သောဇွဲ လုံ့လဖြင့် စစ်အာဏာရှင်စနစ်အား တိုက်ပွဲဝင်ခဲ့သည့် ကျောင်းသားတပ်မ တော် (ABSDF) ၏ အနှစ် (၂ဝ) ပြည့် အခမ်းအနားအား လွတ်မြောက် နယ်မြေတွင် ၂ဝဝ၈ ခု၊ နိုဝင်ဘာ (၁) ရက်နေ့တွင် အောင်မြင်စွာ ကျင်းပ ခဲ့ပါသည်။

အခမ်းအနားသို့ ဒီမိုကရေစီရေးတိုက်ပွဲဝင် မဟာမိတ်အဖွဲ့အစည်းများမှ ခေါင်းဆောင်ကြီးများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ကျောင်း သား တပ်မတော်မှ ခေါင်းဆောင်၊ တပ်မှူး၊ ရဲဘော်များ တက်ရောက်ကြပါ သည်။ အခမ်းအနား ကျင်းပပြုလုပ်ခဲ့သော အမှတ်တရဓာတ်ပုံများအား ဒေါင်းအိုးဝေစာစောင်မှ သမိုင်းမှတ်တမ်းဓာတ်ပုံများအဖြစ် မှတ်တမ်းတင် အပ်ပါသည်။

အပြည့်အစုံသို့



ဒေါင်းအိုးဝေ ကဗျာရှည်


တွန့်ခေါက် အလျားမျဉ်းပြိုင်


တချို့က
အဆင့်မြင့်နည်းပညာများနဲ့
civil society ဆွေးနွေးဝိုင်းတွေမှာ
အသိဉာဏ်တွေကို လေလံတင်ကြ
လစ်ဘရယ် လက်သစ်တို့ရဲ့ကော်ဖီကို သောက်ရင်း
ကွန်ဆာဗေးတစ်တွေရဲ့ မြို့ပြညတွေမှာ
အမေ့အိမ်သီချင်းကို ဆိုကြ။

ကောင်မလေးရေ ...
တကယ်တော့
အမှန်တရားကိုသာ ပြောလိုတဲ့
သမိုင်းကို ရိုးသားစွာ အိပ်မက် မက်လိုတဲ့
ညီအကို ညီအမတွေလိုနေလိုတဲ့
ငါတို့ဟာ ... တော်လှန်တဲ့ဝိညာဉ်တွေသာ။

အပြည့်အစုံသို့



ဒေါင်းအိုးဝေ ဝမ်းနည်းအမှတ်တရ စာမျက်နှာ


ဝမ်းနည်း မှတ်တမ်း

ရဲဘော်ဂုရုသည် ဘလော့်ဂါ ကိုမြင့်ဇေ အဖြစ် ထင်ရှားသော ဘလော့်ဂါ တဦးဖြစ်ပြီး မြင့်ဇေ၊ ကိုဖိုးဇေ၊ ပွင့်သစ်(ကရိန်ကန်) ကလောင်အမည် များဖြင့် ကဗျာ၊ ဆောင်းပါး၊ ရသ အက်ဆေး၊ ဝတ္ထုတို၊ အတွေးအမြင် စာပေ စသည်ဖြင့် တော်လှန်ရေး အကျိုးပြုစာပေများစွာကို ဒေါင်းအိုးဝေ၊ မိုးကြိုး၊ ခေတ်ပြိုင်၊ ရိုးမ-၃ တို့တွင် ရေးသားခဲ့သူတဦး ဖြစ်ပါသည်။

ရဲဘော်မြင့်အောင်(ခ)ရဲဘော်ဂုရု ယခုလို ရုတ်တရက်ကွယ်လွန်ကျဆုံးခဲ့ရ သည့်အတွက် ဒေါင်းအိုးဝေအယ်ဒီတာအဖွဲ့မှ များစွာဝမ်းနည်းကြေကွဲရပါကြောင်းနှင့် ရဲဘော်မြင့်အောင်(ခ)ရဲဘော် ဂုရုသည် စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေး၊ ဒီမိုကရေစီရေးတိုက်ပွဲတွင် သမိုင်းတာဝန်ကျေပွန်စွာ ဆောင်ရွက်နိုင်

အပြည့်အစုံသို့



ဒေါင်းအိုးဝေ အတွေးအမြင်


သစ်စေ့လေးများအိပ်နေချိန် ပွင့်လန်းဖို့အတွက် ပြင်ဆင်ကြရအောင်

ကိုယ်ယုံကြည်တဲ့ဝါဒရဲUတရားကိုယ်ကို မဆုပ်ကိုင်မိဘဲ ကိုယ်လိုရာကို ကောက်ချက်ဆွဲပြီး ဝမ်းနည်းဖွယ်ရာ စက်ဆုပ်ဖွယ်ရာ လူသတ်ပွဲတွေကို ကျင်းပခဲ့ကြတယ်။ ပင်ကိုယ် မျက်စေ့မှုန်တဲ့သူတောင်မှ မျက်မှန်မတပ်ရဲ တော့ဘူး။ အဲဒီအဖြစ်အပျက်ကို သုညခေတ်။

ဒီလို ထူပိန်းမှောင်မိုက်နေတဲ့ ခေတ်ကြီး စနစ်ကြီးအောက်မှာ သစ်စေ့တွေ တချိန်မှာပွင့်လန်းခွင့်၊ မျိုးပွားခွင့်ရအောင်လုပ်ထားဖို့ လိုနေပါပြီ။ သစ်စေ့ တွေနဲ့တူတဲ့ မျိုးဆက်သစ်တွေ မဆွံ့အသွားအောင်၊ ရှင်သန်ကြီးပြင်းခွင့် ရအောင် သူတို့အိပ်နေရတဲ့ကာလလေးမှာ ထာဝရအိပ်မပျော်သွားဖို့အတွက် ရှင်သန်နိုင်မယ့်အနေအထား၊ အခြေ အနေ၊ ရေခံမြေခံလေးတွေ ဖန်တီးပေးကြပါစို့။

အပြည့်အစုံသို့



ဒေါင်းအိုးဝေ ဆောင်းပါးများ


အမေ

ကျနော့်ထံ ပူဆွေးသောကများစွာကို အမေထည့်ခဲ့ပါပြီ။ နှစ် (၂ဝ) ဝေးခဲ့ သော၊ မေ့လျော့နေဆဲဖြစ်သော သားတယောက်အတွက် ဘဝ၏ များ မြောင်လှသော ဒုက္ခများကြားတွင်ဖြတ်သန်းခဲ့ရသည့် အမေက အမှတ်ရ သည်တဲ့။ ကျေးဇူးတင်လှပါသည်။ ကျနော့်ကိုယ်ကျနော် အရှက်တရား မဲ့တတ်လွန်းသူ သို့တည်းမဟုတ် ကျေးဇူးတရားမဲ့သူအဖြစ် ဆိုချင်ဆိုကြ ပါစေတော့။ ကျနော် အမေ့ကို မေ့လျော့လွန်းခဲ့လှတယ်ဆိုတာတော့ ဝန်ခံ ပါရစေ။ (အနိမ့်ဆုံး နေ့စဉ်ဖြတ်သန်းရသည့်ဘဝအတွင်း စဉ်းစားမှုများထဲ တွင် အမေ့ကို မေ့လျော့နေတတ်ပါသည်။

အမေ ဘာများပြောချင်ပါလိမ့်။ စဉ်းစားကြည့်တော့ အမေ့လို ခပ်ရိုးရိုးတောသူ တယောက်မှာ ပြောစရာစကားများ ခပ်များများမရှိလှ။ သားတယောက်ကို မိရိုးဖလာ ဘာသာအရမှာချင်တာ ရှိကောင်းရှိနိုင်သည်။

အပြည့်အစုံသို့



ဆဲဗင်ဂျူလိုင်နှင့်ပတ်သက်သည့် အချို့သောအချက်အလက်များ

၁။၁၉၆၂ မေလထဲမှာ ကျောင်းဆောင်စည်းကမ်း (၂၂) ချက် ထုတ်ပြန် ခဲ့တယ်။ (ဗိုလ်နေဝင်းဦးဆောင်တဲ့ စစ်အုပ်စုမှ)။ အဲဒါကို ကန့်ကွက်ဖို့ တကသ ဖွဲ့စည်းပုံနဲ့အညီ ၇ ဇူလိုင်မှာ ကျောင်းသားထုအစည်းအဝေးကို ခေါ်ထားတယ်။

၂။ ၁၉၆၂ ဇူလိုင် ၆ ရက်နေ့ညမှာ မသနလေးဆောင်အပါအဝင် အဆောင် သစ်တွေဖြစ်တဲ့ တောင်ငူ၊ ရာမည၊ အမရ တို့ကို မီးဖြတ်တယ်။ မီးပြန်ဖွင့် ပေးဖို့ မသနလေးဆောင်ကကျောင်းသားတွေက ကြွေးကြော်ဆန္ဒပြတယ်။ ဒုအဆောင်မှူး က အဆောင်တံခါးမကြီး ကို ပိတ်လိုက်တယ်။ အဆောင်တံခါးပြန်ဖွင့်ပေးဖို့ သမဂ္ဂခေါင်းဆောင်တွေက ရောက်လာတဲ့အချိန်မှာ ပြောတယ်။

အပြည့်အစုံသို့



စံ လွဲနေသည်လားမသိရသည့် လက်တွဲဖော်

နည်းနည်းရင့်ကျက်လာပြီး အခြေအနေကိုလည်း ခန့်မှန်းမိလာတော့ သွားရတဲ့ ရှေ့တန်းအခြေခံဒေသက တိုင်းရင်းသူကလေးတွေကို စိတ်က တိမ်းညွှတ်လာတယ်။ အမှန်ကတော့ ကိုယ့်ကိုယ်ကို စိုးရိမ်တာလည်းပါ တယ်။ ဒီအချိန်မှာ မယူရင် နောက် မလွယ်ဘူးပေါ့လေ။ အဲဒီအချိန်မှာ တော့ လေးလေးနက်နက် စဉ်းစားလာရပြီ။ စံတချို့ထုတ်နှုတ်လာတတ်ပြီ။ အဲဒီလိုဒေသတွေက အရမ်းခေါင်းပါးတာလေ။ တော်လှန်ရေးသမားဆိုတာ ကလည်း လူထုထဲဝင်ရင် ကိုယ့်စည်းကိုယ့်ကမ်း၊ ကိုယ့်နိုင်ငံရေးရေချိန်နဲ့ ဖြတ်သန်းနိုင်မှ စည်းရုံးရေးလုပ်ဟန် မပျက်တာမို့လား။ နောက် ... ကျနော်တို့က ဒေသခံတွေ မဟုတ်ဘူး။ မြေပြန့်က လာတာဆိုတော့ တချက်မှားတာနဲ့ နဂိုစောင်းနေတဲ့အမြင်က ပိုစောင်းသွားနိုင်တယ်။ ဒါပေမယ့် တကယ်တမ်းကျ

အပြည့်အစုံသို့



အကျိုးမျှော်ကာ နှိုးဆော်လိုက်ပါကြောင်း ...

နိုင်ငံရေးပါတီ အဟောင်းအသစ်အများအပြားဟာ ၎င်းတို့ကိုယ်စားပြု ရာ လူတန်းစား၊ လူ့အလွှာ၊ လူမျိုးများကိုရှေ့ဆောင်ပြီး စစ်အာဏာရှင် စနစ်ဖျက်သိမ်းရေး၊ ပါတီစုံဒီမိုကရေစီစနစ် တည်ဆောက်ရေးအတွက် အဆက်မပြတ် တိုက်ပွဲဝင်ခဲ့ကြတယ်။ လက်နက်ကိုင်တိုက်ပွဲနဲ့ ဥပဒေ တွင်း လူထုတိုက်ပွဲနှစ်ရပ်ကို အပြန်အလှန် ပေါင်းစပ်နိုင်အောင်လည်း ကြိုး ပမ်းခဲ့ကြ တယ်။

ဒီမိုကရေစီရေး တိုက်ပွဲစဉ်တလျောက်မှာ လူမျိုးစုံပြည်သူတရပ်လုံးဟာ သူတို့ရဲ့ ရှေ့ဆောင်ပါတီတွေနဲ့အတူ နှစ်ရှည် လများ အဆက်မပြတ် တက်တက်ကြွကြွပါဝင်ခဲ့ကြတယ်။ အသက်၊ သွေး၊ ချွေး၊ ဘဝတွေကိုပါ စတေးစွန့်လှူ (လုံးဝ)

အပြည့်အစုံသို့



တတိယလှိုင်း

အောင်မြင်တဲ့လူထုတိုက်ပွဲတွေမှာ လှိုင်းသုံးလှိုင်း ယှဉ်တွဲရိုက်ခတ် တာ အမြဲ တွေ့ရပါတယ်။ ပထမလှိုင်းဟာ အခြေခံ ရုပ်အင်အားလှိုင်းဖြစ်ပြီး ကျောင်းသားလူငယ်တွေ၊ အလုပ်သမား - လယ်သမားတွေ၊ သာမန်မြို့ပြ ပြည်သူပြည်သားတွေနဲ့ နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးအင်အားစုတွေ ပါဝင်ဖွဲ့စည်းထားပါတယ်။ ဒုတိယ လှိုင်းကတော့ ပါဝါအပျော့ဖြစ်တဲ့ ရှေ့ ဆောင်နာမ်ပိုင်းအင်အားလှိုင်း (သို့မဟုတ်) တွေးခေါ်မြော်မြင်မှုအင်အား လှိုင်းဖြစ်ပြီး ရဟန်း သံဃာစတဲ့ သာသနာပိုင်း၊ အဲန်ဂျီအိုအပါအဝင် ပညာ တတ်ပိုင်း၊ သို့မဟုတ် လွတ်လပ်တဲ့တရားရေးပိုင်းတို့ပါဝင်ပြီး တချို့ အခြေအနေတွေမှာ နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေး အင်အားစုတွေလည်း ပါဝင်တတ်ပါတယ်။ တတိယလှိုင်းကတော့ ပါဝါအမာလှိုင်းဖြစ်ပြီး စစ်တပ်၊ ရဲ၊ လုံထိန်း၊ သူပုန်နဲ့

အပြည့်အစုံသို့



နိုင်ငံတော်လုံခြုံရေး၊ အပြည်ပြည်ဆိုင်ရာလုံခြုံရေးနှင့် မြန်မာပြည်ရေးရာ

မြန်မာနိုင်ငံရဲ့ လက်ရှိလုံခြုံရေးပေါ်လစီက စစ်မှန်တဲ့နိုင်ငံတော်လုံခြုံ ရေးသဘောတရားပေါ်မှာ အခြေမခံပဲ သန်းရွှေနဲ့အပေါင်းအပါ စစ်အုပ်စု များ လုံခြုံရေးအပေါ်မှာ အခြေခံထားပါတယ်။ နိုင်ငံတော်လုံခြုံရေးရဲ့ အ ခြေခံစည်းမျဉ်းလေးချက်ကို နားမလည်သူများကို မှားယွင်းတဲ့သဘောတ ရား ရေးရာများ သွပ်သွင်းပြီး၊ ရာထူးအာဏာ အခွင့်အလမ်းများပေးကာ လက်ကိုင်တုတ်များအဖြစ် မွေးမြူထားပါတယ်။ စစ်အာဏာရှင်စနစ် အမြစ် တွယ်ရေးကို ကြိုးပမ်းတည်ဆောက်နေပါတယ်။ state formation (နိုင်ငံ တည်ထောင်မှုပုံစံ) မှားယွင်းမှုကြောင့် ပြည်တွင်းမှာဖြစ်ပွားနေတဲ့ intra- state conflicts များနဲ့ နိုင်ငံရေးစနစ် (political system) မှားယွင်းမှုကြောင့် ဖြစ်ပွားနေတဲ့ နိုင်ငံရေးလှုပ်ရှားမှုများကို လက်ညှိုးထိုးပြီး တပ်မတော်အခန်း

အပြည့်အစုံသို့



ချမ်းဆောင်မြမြ၊ မန္တလေးတခဏနဲ့ အမေ့ဆီကရခဲ့ဖူးတဲ့ အဖိုးတန်းပျော်ရွှင်မှု

ညီတော်မောင်ကို ထောင်ဝင်စာတွေ့အပြီးတွင် အမေလူထုဒေါ်အမာ ကို လည်း နှုတ်ဆက်ကန်တော့ပြီးပြီမို့ ဆရာမြသန်းတင့်၏ ဈာပနကိုအမီလိုက် ပါပို့ဆောင်နိုင်ရန် ဆွဲထားသည့် အစီအစဉ်တွေကို ဖျက်သိမ်းပြီး ညနေ ရထားနှင့်ပင် ကျနော် ရန်ကုန်ပြန်ဆင်းခဲ့တော့သည်။ ထိုသို့ အမေ နှင့် ခဏတာတွေ့ဆုံခွင့်ရခဲ့ပြီး သိပ်မကြာလိုက်ချေ။ တရက်တွင် လူထုတိုက် တံဆိပ်နှင့် စာအိတ် တအိတ် ကျနော့်အယ်ဒီတာစားပွဲပေါ် ရောက်ရှိလာ သည်။ ကျနော်ရင်ခုန်စွာဖြင့် စာအိတ်ကိုဖောက်လိုက်သည်။ အထဲမှထွက် လာသည့် အမေ့လက်ရေးနှင့် စာမူကို ဖတ်နေရင်း ကျနော့်လက်တွေတုန်နေသည်။ “ကိုဗဟိန်းသို့ စကားကြွေး”တဲ့။ အမေ့ လက်နှင့် ကိုယ်တိုင်ရေးထားသည့် စာမူ ...။ ကျနော်၏ အယ်ဒီတာဘဝအတွက် အမေ ပထမဆုံး အသိအမှတ်

အပြည့်အစုံသို့



သွေးရင်းသားချင်း ညီညွှတ်ခြင်းဖြင့်

သူ့အား ဘုရင်ဖြစ်လာစေရန် ကူညီပံ့ပိုးမှုများပေးခဲ့သော ငယ်သူငယ် ချင်း ဦးအောင်က “မင်း ... ရှင်ဘုရင်ဖြစ်လာတဲ့အခါ ကိုယ့်ဆွေမျိုး ကိုယ်ပြန် မသတ်ပါဘူးဆိုတဲ့ ကတိငါ့ကိုပေးပါ” ဟု အကြိမ်ကြိမ်ကတိ တောင်းခဲ့ သစ္စာဆိုစေခဲ့ပါသည်။ သူကလည်း ကတိတောင်းတိုင်း ပေးခဲ့ပါ သည်။ သူဘုရင်ဖြစ်သည့် ညမှာပဲ ပွဲဦးထွက် သတ်ဖြတ်ခံရသူများမှာ သူ့ သွေးသားရင်းချာများဖြစ်နေခဲ့သည်။ ထို့အပြင်မင်းမှုထမ်းများအား တသွေး တသံတမိန့်နှင့် ထို ငယ်သူငယ်ချင်းမောင်အောင်နှင့် သူ့ဆွေမျိုးမှန်သမျှ မကျန် သတ်ဖြတ်ရန်ကိုပင် တချက်လွှတ် အမိန့်ပေးခဲ့သေးသည့်အတွက် မောင်အောင်ခမျာ တဆွေလုံးတမျိုးလုံးကို ခေါ်ကာ မြန်မာပြည်တလွှား ပြေးလွှားပုန်းအောင်းခဲ့ရကြောင်းကိုလည်း လေ့လာမှတ်သား ခဲ့ရပါသည်။ ဤသည်မှာ

အပြည့်အစုံသို့



ABSDF မျိုးဆက်များ၏ တာဝန်များနှင့်ပတ်သက်သည့် အဆိုပြုချက်

ဓိကအားဖြင့် ပြည်တွင်းရှိ တိုက်ပွဲဝင်အင်အားစုများနှင့် ညီညွတ်ရေး ကို တည်ဆောက်ရမည် ဖြစ်သည်။ ၂၁ ရာစု၏ ပထမမျိုးဆက်သည် အား ကောင်းမောင်းသန်သော နိုးကြားမှုများဖြင့် ဗမာပြည်နိုင်ငံရေးစာမျက်နှာ တွင် ရောက်ရှိလာချေပြီ။ ကမ္ဘာလောကတွင် ဖြစ်တည်နေသမျှအရာ အား လုံးသည် သင်္ခါရ ဓမ္မသာလျှင် တည်မြဲသည်။ အဟောင်းချုပ်ငြိမ်းလျှင် အသစ် ဖြစ်တည်ပါသည်။ ဟောင်းနွမ်းဆွေးမြေ့နေသည့် အဟောင်း၏ နေရာတွင် အသစ်သည် လက်ဆက်အားကောင်းစွာ အစားထိုးလေ့ရှိပါ သည်။ ငါတို့လုပ်မှရမယ်၊ ငါတို့ခေါင်းဆောင်မှ ရမယ်ဟူသည့် ကယ်တင်ရှင်ဝါဒ အတွေးအခေါ်သည် ခေတ်မမီ တော့ပါ။ သခင်မျိုးဆက် နယ်ချဲ့ဆန့်ကျင်ရေးကွင်းသို့ ဝင်ရောက်လာသောအခါ ဝံသာနုမျိုးဆက် ဖယ်ပေးရပါသည်။

အပြည့်အစုံသို့



ဒေါင်းအိုးဝေ ၀တ္ထုတို


ကိုးထပ်မြောက် ငရဲတံခါး၏နောက် ...

ပြောပါဗျာ။ ခင်ဗျား မပြောလည်း ခင်ဗျားလူတွေက ပြောနေပြီပဲ။ ဘာလို့ အလကား ဒုက္ခခံနေမလဲ။ ကျနော်သိသမျှ ပြောပြီးပြီ။ ကျနော် လုပ်ခဲ့တာတွေ ပြောပြီးပြီ။ မဟုတ်ဘူး ဒီကိစ္စမှာ ခင်ဗျားမှမသိရင် ဘယ်သူ သိမလဲ ...။ နေ့လေး မှတ်မိသေးလား။ ဟာ ... ကျနော်လုပ်ခဲ့တာ ဒိုင်ယာရီနဲ့မှ မဟုတ်တာ။ နေ့တွေက သိပ်များနေပြီ။ ဘယ်လိုလုပ် အတိ အကျ မှတ်မိနိုင်မလဲဗျာ။ အဲဒီနေ့က ခင်ဗျား ဗိုလ်ချုပ်လမ်းက ‘ငွေရောင်’ လက်ဘက်ရည်ဆိုင်ကို လာတယ်။ မိနစ် နှစ်ဆယ်လောက် တယောက်ထဲ ထိုင်လက်ဘက်ရည်သောက်ပြီး ပြန်ထွက်သွားတယ်။ နောက် မောင်ထော်လေးလမ်းက ‘မြနန္ဒာ’ လက်ဘက်ရည် ဆိုင်ကို သွားထိုင်တယ်။ မိနစ်နှစ်ဆယ်လောက် တယောက်ထဲထိုင်ပြီး လက်ဘက်ရည်သောက်ပြီး ပြန်ထွက်သွား

အပြည့်အစုံသို့



ခေတ်ပြိုင်မြို့ကလေး၏ ဂန္တ၀င်နံနက်ခင်း

မှတ် (၁) အထက်တန်းကျောင်းမှ ကျောင်းတက်ခေါင်းလောင်း ထိုးသံ ကြားရသည်။ ထိုနေ့က ကျောင်းတက် ခေါင်းလောင်းထိုးသံတွင် အမည် ဖော်မရသော ထူးခြားမှုတခု သက်ဝင်နေသည်ဟု ထင်ရသည်။ ကျောင်း တော်ကြီးသည် အပ်ကျသံပင်မကြားရ တိတ်ဆိတ်ငြိမ်သက်နေသည်။ ခဏအကြာတွင် “အားလုံးမတ်တတ်ရပ်” အသံကို ကြားနေကြအတိုင်း ကြားလိုက်ရသည်။ တဆက်တည်းတွင် “ကမ္ဘာမကြေ” သီချင်းကို သံပြိုင် ဆိုလိုက်သည့်အသံကို ကြားရသည်။ ကျောင်းတော်ကြီးသည် “ကမ္ဘာ မကြေ” သီချင်း သံပြိုင်သီဆိုသံများအောက်ဝယ် သိမ့်သိမ့်ခါနေသည်ဟု ခံစားရသည်။ “မင်္ဂလာပါ ဆရာ”၊ “မင်္ဂလာပါ ဆရာမ” ဆိုသည့် ကြားနေကျအသံများ ကြားရသည်။ ထို့နောက် ကျောင်းတော်ကြီးသည် ထူးခြားလွန်းစွာ တဖန်

အပြည့်အစုံသို့

ဗဟိုစည်းရုံးရေးနှင့် ပြန်ကြားရေးဌာနမှ ထုတ်ဝေသည်
အတွဲ (၁)၊ အမှတ် (၇)၊ ဇူ - ဩ - စက် - အောက်တိုဘာလ ၊ ၂၀၀၈

တာဝန်ခံအယ်ဒီတာ
ကိုပေါက်

အယ်ဒီတာအဖွဲ့
မိုးကျော်ဦး

ဖြန့်ချိရေး
မိုးကျော်ဦး

အတွင်း - သရုပ်ဖော်
PKH

မျက်နှာဖုံး ပန်းချီ
TK
မျက်နှာဖုံး ဒီဇိုင်း
PKH
ကွန်ပျူတာနှင့်စာအုပ်အလှ
ABSDF ရဲဘော်များ

DAWN OWAY
P.O Box 31
Maesarieng 58110
Mae Hong Son Province
THAILAND

နေ့သစ် စာဖတ်ခန်း
နေ့သစ် ဗွီဒီယို
နေ့သစ် ပန်းချီပြခန်း
စာအုပ်ကြော်ငြာ
ဒေါင်းအိုးဝေ၊ အတွဲ ၁၊ အမှတ် ၈၊ ၂၀၀၉၊ မတ်လ
နိုင်ငံတကာ ဘာသာပြန်ဆောင်းပါးများ
မြန်မာနိုင်ငံကျောင်းသားလှုပ်ရှားမှုသမိုင်း
မောင်အောင်ပွင့်၏ ဘ၀မာတိကာ
ပြည်ပထုတ်ဂျာနယ်များ
Search Engine Optimization
free counter