|
|
|
|
|
|
လမ်းညွှန်ဆိုင်းဘုတ်တွေကြားကအမှုန်တခုရဲ့အရွေ့
စိုးနေလင်း
Friday, September 19, 2008
တခါတခါ ကြိုးတန်းတခုပေါ်မှာလိုလို၊ တခါတခါ ချောက်ကမ်းပါးတခုရဲ့ အစပ်မှာလိုလို၊ တခါတခါလည်း အာကာသတွင်းနက်ကြီးတခုထဲမှာလိုလို ရုန်းမရ လှုပ်မရ အင်အားတခုကဖိစီးထားသလိုလို အဲဒီလိုခံစားမှု မျိုးကို စိတ်ပညာမှာ ဘယ်လိုခေါ်မလဲ၊ ဆစ်ဂ်မန်ဖရွိုက် ဆိုဘာပြောမလဲ။ သူမသိ။ ဟင်းလင်းပွင့်နေတဲ့ ကောင်းကင်ပြင်ကြီးကိုနှစ်သက်တယ်။ တခွင်တပြင်
ကျယ်ပြန့်နေတဲ့ လွင်ပြင်တွေကိုသဘောကျတယ်။ ပြာ မှိုင်းမှိုင်းတောင်တန်းကြီးတွေကို တမ်းမက်တယ်။ ဒါပေမယ့်သူ့မှာ အပိတ်အလှောင်တို့ ထွက်ဖို့ခက်ခဲတဲ့ နေရာတို့ကို ကြောက်တတ်တဲ့ claustrophobia ဆိုတဲ့ရောဂါတော့မရှိပါဘူး။ ရှိရင်လည်း
နှလုံးသွေးရပ်ပြီး သေခဲ့တာကြာလှရော့မယ်။ သေဆုံးတယ်ဆိုတာ မကောင်းဘူး၊ သေဆုံးတယ်ဆိုတာ ကောင်းတယ်။ ပြော နေကြတာပဲ။ အစမ်းသေကြည့်လို့မရတော့ ဘယ်သူသက်သေပြနိုင်မှာလဲ။ ဒါပေမယ့် သူခွဲစိတ်ကုသခံခဲ့ရ တုံးက မေ့ဆေးအရှိန်နဲ့သတိမေ့မျောနေခဲ့တဲ့အချိန် (နာရီပေါင်း ၉ နာရီလောက်) ကိုပြန်အမှတ်ရမိတယ်။ ရုပ်ခံစားမှု၊စိတ်ခံစားမှု (သူ
သိသလောက်) နာကျင်မှု၊ ဘာဆိုဘာမှမရှိခဲ့။ မနက်လေးနာရီလောက်မှာပြန်သ
တိရ ကမ္ဘာလောကထဲရုတ်တရက် ပြန်ရောက်လာသလို။ ဆေးရုံကတင်တခုပေါ်မှာ။ အသိ
ပြန်ဝင်လာတာနဲ့ သူဘာဖြစ်ခဲ့တယ်၊ ဘာလို့ဆေးရုံရောက်ခဲ့တယ်၊ မိခင် ဇနီး သား နဲ့ မိတ်ဆွေ အလုပ် အားလုံးကို စက္ကန့်ရဲ့ အစိတ်အပိုင်းငယ်တခုအတွင်းမှာပဲ ပြန်သတိရတယ်။
ပူပင်သောကစိတ်ကလည်းချက်ချင်းပဲ ကပ်ညိလာ တယ်။ သေချာတယ်။
အဲဒါဟာ သေဆုံးခြင်းတမျိုး ဒါမှမဟုတ် သေဆုံးခြင်းပဲဆိုရင် ကောင်းတယ်။ ကောင်း တယ်လို့ပြောရမှာပဲ။ ကန့်ကွက်တဲ့သူ ရှိကောင်းရှိလိမ့်မယ်။ ဒါပေမယ့် သူ့ခံစားမှု သူ့အသိနဲ့တော့
မှန် တယ်။ လက်မခံလည်းပြသနာမရှိ။
ဘယ်အချိန်မှာသေတာ အကောင်းဆုံးလဲ။ ဆရာဒဂုန်တာရာရဲ့ “မေ” ကတော့ ပျော်နေတုံး
သေရတာ အကောင်းဆုံးပဲလို့ ဆိုထင်ပါရဲ့။ ဇာတ်ကောင်ရဲ့ အတွေးအမြင် သက်သက်ပဲလား
ဒါမှမဟုတ် ဆရာ ဒဂုန် တာရာရဲ့ တွေးမြင်မှုပဲလား ဆရာ့ကိုမေးမှပဲသိမယ်။ တီဗီသတင်းတွေကလည်းမီးခိုးတွေ၊ သေနတ်သံ ဗုံးသံတွေ၊ ဒဏ်ရာရသူတွေ၊ သေဆုံးသူတွေဒါမှမဟုတ်လည်း
မြေပြို၊ ရေကြီး၊ ငလျင်လှုပ်၊ မုန်တိုင်းကျ ဒါမှမဟုတ် ဆန္ဒပြပွဲ၊ ရုန်းရင်းဆန်ခတ် ဒါတွေနဲ့ပဲဖုံးလွမ်းနေရဲ့။ သူ့ရဲ့အသက် ၂၃ နှစ်ကျော်သားကြီးက” ဖေဖေကမ္ဘာကြီးမှာဘယ်နေရာမှမကောင်းပါလား” လို့ပြောလိုက်တယ်ထင်ပါရဲ့။ ဟုတ်နိုင်တယ်။ သူဘယ်လို ဖြေလိုက်မိသလဲ။ မမှတ်မိတော့
သူပြောတာဟုတ်နေမှန်နေတာပဲ။ မြန်မာ့ရုပ်မြင်သံကြားလိုင်း ပြောင်းကြည့် လိုက်တော့လည်း
မမှန်တာတွေချည်းကြေငြာနေ ပြနေတာ ကြားနေ၊မြင်နေရပြန်တယ်။ ကမ္ဘာကြီးမှာနေလို့ ကောင်းမယ့်နေရာ မရှိတော့ဘူးလား။ ရှိနိုင်သေးတာပဲ။ ဒါပေမယ့် အဲဒီနေရာကိုသွားနေဖို့ရော ဖြစ်နိုင်ပါ့
မလား။ လက်ခံကြပါ့မလား။ လူမျိုးတွေ၊နိုင်ငံသားတွေ၊နိုင်ငံပိုင်နက်တွ၊အဲဒီကိစ္စတွေရှုပ်ထွေးလာ
ပြန်တယ်။ ယန်းပေါဆတ် (Jean Paul Sartre) ပြောသလို “ငါနေထိုင်ရာနေရာဟာ ငါ့တိုင်းပြည်
ဖြစ်တယ်” ဆိုပြီးသွားနေလို့ရောမဖြစ်ဘူးလား။ သူသိသလောက်တော့ မဖြစ်နိုင်ဘူး။ ဒါဆိုဘယ်
မှာသွားနေကြမလဲ။ လူတကိုယ်စာအတွက် မြေနေရာ ဘယ်လောက်လိုမလဲ။ အဲ အဲဒါကိုဘယ်သူ
ရေးခဲ့တာလဲ။ မမှတ်မိပြန်ဘူး။ အဲဒီလိုတွေးလိုက်တော့လည်းရှင်းနေတာပဲ။ မဟုတ်သေးဘူးထင်ပါရဲ့။ ခုခေတ်မှာ အဲဒီလောက်တောင် မလို တော့ဘူထင်တယ်။ လူတွေရဲ့ သဘောသဘာဝ ကိုစဉ်းစား
နေမိတာကြာပြီ။ နားမလည်နိုင်အောင် ဖြစ်ရ တယ်။
လူတယေက် ဒုက္ခရောက်နေတယ်၊ မရှူနိုင် မကယ်နိုင်ဖြစ်နေတယ်။ အကူအညီမပေးချင်ကြဘူး။
ပေးဖို့ အလွန်စဉ်းစား ၀န်လေးကြတယ်။ အဲဒီလူ သေသွားတယ်၊ အငတ်ငတ်အပြတ်ပြတ် အတိဒုက္ခအပြည့်နဲ့။ အဲဒီအချိန်ကျမှ စုတ်သပ်ကြ၊ ကရုဏာသက်ကြ၊ အသုဘလာရှုကြ (အပြောအရ)
ကူငွေထည့်ကြ။ တချို့ အများသိကြတဲ့သူတွေဆို သေမှပဲ မိသားစုကို လုပ်ကိုင်ရှာဖွေစားသောက်ကြဖို့ အရင်းအနှီးဖန်တီးပေး လိုက်သလိုပဲ။ အပေါင်းအသင်း ဆွေမျိုးမိသင်္ဂဟ လူ့အဖွဲ့အစည်းရဲ့ ပံ့ပိုးကူညီမှုကို မသေခင်များရခဲ့ရင် ဘယ်လောက် ကောင်းလိုက်လေမလဲ။ ဒါပေမယ့် ရာနှုံးအများစုက မရခဲ့ကြပါဘူး။ သေမှပဲ အကူအညီ အထောက်အပံ့ရကြရှာတာပါ။ ဒါတွေဟာ သူတို့လူ့အဖွဲ့အစည်းမှာ တကယ်ဖြစ်နေတာပါ။ ကိစ္စကောင်း လား။ ကိစ္စဆိုးလားပြုပြင်ပြောင်းလဲ ကြရင်ကောင်းမလား။ ပြောင်းလဲဖို့ရော စိတ်ပါလက်ပါ ရှိကြပါ့မလား။ မပြောင်းလဲပဲ ဒီအတိုင်းဆက်ပြုမူဆောင်ရွက်ကြမလား။ စဉ်းစားတာတောင် အလိုလိုအကန့်အသတ် ရှိလာ တယ်။ မစွမ်းဆောင်နိုင်အောင်ပိတ်ပင်တားဆီးမှု တွေကအမြဲလိုလိုရှိနေပြန်တယ်။ လူတယောက်ရဲ့ အသက် ရှင် ရပ်တည်ရေးအတွက်
တခြားသူတွေကို မထိခိုက်ဖူးဆိုရင် လွတ်လွတ်လပ်လပ် လှုပ်ရှားခွင့် မရနိုင်ဘူး လား။ နိုင်ငံတနိုင်ငံတနိုင်ငံရဲ့ တရားဥပဒေကိုမချိုးဖောက်ဘူး ရာဇ၀တ်မှု မကျူးလွန်ဘူးဆိုရင်ရော ကိုယ် သွားချင်တဲ့နိုင်ငံ ကိုယ်နေချင်တဲ့နိုင်ငံတခုခုမှာ ကိုယ့်ဘ၀ကိုယ်ရုန်းကန်လှုပ်ရှား နေထိုင်လို့မရဘူးလား။
အပြည်ပြည်ဆိုင်ရာလူသားချင်းစာနာထောက်ထားမှုဥပဒေအရ၊ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးဥပဒေ အရတောင် ကာကွယ်စောင့်ရှောက်ခံ ခွင့်မရဘူးလား။ အဲဒီဥပဒေတွေကိုရော နိုင်ငံတကာကလေးစားလိုက် နာကြရဲ့လား။ နိုင်ငံအားလုံးကမလိုက်နာမနေရ လေးစားလိုက်နာရအောင်လုပ်ထားရင်ရော။ လူသားမျိုးနွယ် အားလုံးနဲ့ကမ္ဘာကြီးအတွက်မကောင်းပေဘူးလား။ အဲဒီမေးခွန်းတွေကို အဖြေမပေးနိုင်ကြဘူးထင်ပါရဲ့။ ဒါမှ မဟုတ်အဖြေပေးဖို့ကြိုးစားကြရင်းနဲ့စကားများရန်ဖြစ်၊ စစ်ပွဲတွေဖြစ်နေကြတာလား။ အဲဒီလိုလည်းမဟုတ် ဘူး ထင်ပါရဲ့။
နည်းနည်းလောက်စဉ်းစားကြရင်ကောင်းမယ်ထင်တယ်။ ဒါပေမယ့်စဉ်းကိုမစဉ်းစားတဲ့သူတွေများ
နေရင် ရော၊ ငါတို့လုပ်နေတာ တရားရဲ့လား၊မှန်ရဲ့လား၊ မဟုတ်သေးဘူးထင်ပါရဲ့၊ အဲဒီလိုကိုယ်လုပ်တာကို ကိုယ် ပြန်ဝေဖန်သုံးသပ်ပြီး အမှားတွေ၊မတရားမှုတွေ ကင်းပသွားအောင် မလုပ်ချင်ကြဘူးလား။
ခက်နေတာက တရားမှန်း မတရားမှန်း မှန်မှန်း မှားမှန်းဝေဖန်ခွဲခြားဆုံးဖြတ်ဖို့တောင် အသိတရား
မရှိတဲ့ သူမျိုးတွေလည်း လောကကြီးမှာ ရှိနေတာပဲ။ ထပ်ခက်နေတာက အဲဒီလိုလူမျိုးတွေလက်ထဲ
မှာလူသားတွေကို သေကြေ ဒဏ်ရာရစေနိုင်တဲ့ လက်နက်တွေရှိနေတာပဲ။ သေနတ်မောင်းကိုကွေးညှစ်ဖို့ဘယ်လိုမှဝန်မလေးတဲ့သူတွေ (Trigger happy) ဖြစ်နေကြတာပဲ။ ၁၉၄၂ ခုနှစ်အာဏာရှင်
ဟစ်တလာရဲ့ မွေးနေ့မှာ မွေးနေ့ အထိမ်း အမှတ်အဖြစ် နှစ်မိနစ်မှာတယောက်နှုံးနဲ့ လူ ၄၈ ယောက်
ကိုတန်းစီသတ်ဖြတ်ပစ်ခဲ့တဲ့ အထောက်အထား မှတ်တမ်းတွေကိုတောင်ပြန်တွေ့ထားခဲ့ပြီပဲ။ ယုံနိုင်စရာတောင်မရှိတဲ့ရက်ရက်စက်စက်သတ်ဖြတ်မှုမျိုးတွေ တကယ်ပဲ ဖြစ်ပျက်ခဲ့တယ်။ ဖြစ်ပျက်နေဆဲပဲ။ ယုံချင်ယုံ မယုံချင်လည်းနေ။ အဲဒီလိုဆိုရင် လူသားဆိုတဲ့ သက်ရှိတွေကိုက မကောင်းတာလား
ကောင်းတာထက် မကောင်းတာကို ပိုပြီး လုပ်ချင်တတ်ကြတာလား။ ဟုတ်ပုံရတယ်။ သူတခါကရေးခဲ့ဖူးတဲ့ဆောင်းပါးတခုထဲမှာ စိတ်ပညာရှင်တယောက်ရဲ့အဆိုတခုကိုကိုယ်း ကားပြီး လူ့သဘာဝကို
ရေးခဲ့ဖူးတယ်။ ဆိုးတာက အဲဒီစိတ်ပညာရှင်ရဲ့ နံမည်ကိုပြန်မမှတ်မိတော့တာပဲ။ ဆောင်းပါးကိုဖော်ပြပေးခဲ့တဲ့ မဂ္ဂဇင်းကိုလည်းအလွယ်တကူရှာမရနိုင်တော့ဘူး။ ဒါပေမယ့် သူ့အဆိုကို တော့ သဘောအရ မှတ်မိနေသေးတယ်။ သူက လူသားတွေရဲ့ အတွင်းစိတ်ထဲမှာ ၀ံပုလွေစိတ် ရှိနေတယ်။ တခြားသူတွေကို ရန်ပြုတိုက်ခိုက်သတ်ဖြတ်လိုစိတ်ရှိတယ်။
ဒါကိုဆင်ခြင်တုံတရား၊ တရားဥပဒေ၊ ယဉ်ကျေးမှု၊ ဘာသာတရား စတာတွေနဲ့ဖုံးလွှမ်းထိမ်းချုပ်ထားတာ ဖြစ်တယ်။ အဲဒီလိုဖြစ်မယ်ထင်ပါရဲ့။ ဖုံးလွှမ်းထိမ်းချုပ်ထားတဲ့ဟာတွေ တခုခုလွတ်သွားတာနဲ့
ခုနက ၀ံပုလွေစိတ်ဟာရုတ်တရက်ကြွလာတတ်တယ်။ လူသားဟာ လူသားကိုပြန်ရန်ပြုတိုက်ခိုက်
သတ်ဖြတ်သူဖြစ် လာတော့တယ်။ ကမ္ဘာကြီးရဲ့ နိစ္စဓုဝ ဖြစ်စဉ်တွေကိုပြန်ကြည့်လိုက်တော့အဲဒီအတိုင်း ဖြစ်နေတာကိုတွေ့နေ ရတယ်။ ဘယ်လိုလုပ်ကြမလဲ။ စဉ်းစားနည်းလမ်းရှာကြသင့်တယ်။ ဒါပေမယ့် အဲဒီလိုစဉ်းစား နည်းလမ်းရှာ ရမယ့်သူတွေကလည်း လူတွေပဲဖြစ်နေတယ်။
“ချွင်းချက်” ချွင်းချက်ဆိုတဲ့စကားလုံးကတော့ မကြာမကြာတွေ့နေရတာပဲ။ နေရာတိုင်းမှာမဟုတ်ပေမယ့် နေ ရာတော်တော်များများမှာတွေ့နေရတယ်။ ရှိနေတယ်။ ရှိနေတယ်ဆိုတာ ရှိသင့်တယ်လို့
လက်ခံယုံကြည်ခဲ့ကြ လို့ ရှိနေတာဖြစ်မယ်။ တချို့က ချွင်းချက်အရကောင်းကျိုးသုခရသွားတာရှိတယ်။
တချို့က ချွင်းချက်အရ ဒုက္ခရောက်သွားတာရှိတယ်။ သူ့ဘ၀ကိုပြန်စဉ်းစားကြည့်လိုက်တော့ ချွင်းချက်အရဒုက္ခရောက်ခဲ့ ရတာတွေ ပဲတွေ့ပြီး ချွင်းချက်အရ ကောင်းကျိုးသုခခံစားခဲ့ရတာဆိုလို့ မရှိသလောက်ပဲ။ သူ့ဘ၀တင် မဟုတ်ပါဘူး လူ့ ဘ၀ဖြစ်စဉ် တော်တော်များများလည်းဒီလိုပါပဲ။ ဘာဖြစ်လို့လဲ။ ကွမ်တမ်
သီအိုရီနဲ့ဖြေရှင်းလို့ ရမလား။ ဖြစ် နိုင်စွမ်းရည် တွက်ချက်နည်းအရရော၊ ဆီလောဂျစ်ဇမ် (syllogism)
အရရော၊ ဒိုင်ယာလက်တစ်နည်းနဲ့ရော။ ဘ၀တက္ကသိုလ်မှာ ပညာရှာမှီးခွင့် ကံအကြောင်းမလှလို့ရခဲ့တုံးက နည်းလမ်းပေါင်းစုံ ချဉ်းကပ်စဉ်းစားကြည့် ခဲ့ဖူးတယ်။ ကျေနပ်လောက်စရာအဖြေ မရခဲ့ဘူး။
သူခုလေးတင်ရေးခဲ့တဲ့စာကြောင်းကို ပြန်ကြည့်လိုက်တော့ “ကံအကြောင်းမလှ” လို့ရေးလိုက်မိတယ်။ ရည်ရွယ်ချက်နဲ့တော့ မဟုတ်ပါဘူး၊ ရုတ်တရက် အလိုလိုရေးမိ သွားတာပါ။ ဒါပေမယ့် အဓိပ္ပါယ်
ရှိနေတယ်။ “ကံအကြောင်းမလှ” ဆိုတာ ပြောလို့ရရင် “ကံအကြောင်းလှ” လည်းပြောလို့ ရေးလို့ရရမယ်။ ဟုတ်လိုက်လေ။ ဟာသစာအုပ် တခုခုထဲမှာပဲလား လူရွှင်တော်တွေရဲ့ ပျက် လုံးတွေထဲကပဲလား။ ရီးဒါးဒိုင်ဂျက်စ်ထဲက ဟာသအတိုအထွာလေးတွေ ထဲကပဲလား၊ သူမမှတ်မိတော့။ “အဲ ဒီနေ့က ဒီလူ ရုတ်တရက်ခရီးထသွားတာပေမယ့် ကံကောင်းချင်တော့ လေယာဉ်လက်မှတ်ရသွားတယ် လေ” “တော်သေးတာပေါ့နော်” “အေးဒါပေမယ့် ကံဆိုးချင်တော့ အဲဒီလေယာဉ်က လမ်းမှာစက်
ချို့ယွင်းပြီး ပင်လယ်ထဲ ပျက်ကျသွားတယ်လေ” “ဟာဆိုးပါ့ကွာ” “အဲ ကံကောင်းချင်တော့ ကယ်ဆယ်ရေးတွေ အချိန်မှီ ရောက်လာပြီး အချိန်မှီကယ်တင်လိုက်နိုင်လို့ ခရီးသည်အများစု သေကြပေမယ့် သူမသေခဲ့ဘူးလေ” “တော် သေးတာပေါ့နော်” “ဒါပေမယ့် ကံဆိုးချင်တော့ သူအိမ်မရောက်ခင်ပဲ သူတို့မြို့လေးက မီးလောင်မှုတခုဖြစ် တာမှာ သူတို့အိမ်နဲ့ ပစ္စည်းတွေအားလုံး မီးထဲပါသွားတယ်လို့ သူ့မိန်းမဆီကဖုန်းလာတယ်လေ”။ အိုး၊ ဒါပေ မယ့် သူ့မိန်းမပြောတာက ကံကောင်းချင်တော့သူ
တို့ရဲ့ ပုစုခရုကလေးသုံးယောက်ကို သူ့အဖွားက အိမ် လည် ခေါ်သွားလို့ အိမ်မှာတယောက်မှမရှိပဲ
လွတ်သွားကြတယ်ဆိုပဲ။ အဲ ဒါပေမယ့် …။ အဲဒီလိုမျိုး ကံ ကြမ္မာနဲ့ ပတ်သက်တာလေးတွေကို ပြန်ပြီးသတိရမိတယ်။ ရယ်ချင်ရယ်လို့ရပေမယ့် အဲဒီလိုအဖြစ်မျိုးတွေ ဟာ လူ့လောကထဲမှာ နေ့စဉ်နေ့တိုင်း
တနေရာမဟုတ် တနေရာမှာ ဖြစ်နေကြတာပဲမဟုတ်လား။ ဖေတယ် လ်လစ်ဇမ် (Fatalism) ကရော
မှန်နေသလား။ စဉ်းစားစရာပဲ။ အဲဒီလိုစဉ်းစားစရာပဲ ဆိုတဲ့ခေါင်းစဉ် အောက်မှာ ဖိုင်တွေအတော်များ
နေပြီ။ ဖိုင်နံမယ်တွေကိုတောင် မမှတ်မိချင်တော့…။
တချို့ဆိုရိုးစကားလေးတွေဟာ ရိုးရိုးစင်းစင်းနဲ့ ဘ၀ကိုဖွင့်ဆိုပြနိုင်ကြတာတွေ့ရတယ်။ “ဘ၀ဆိုတာ
အငိုနဲ့ စပြီးအငိုနဲ့ဆုံးတာပါပဲတဲ့” ဘယ်သူကစပြောခဲ့တဲ့ စကားလဲဆိုတာတော့ မသိနိုင်ပါဘူး။ လူတယောက်အဖြစ် စပြီးမွေးဖွားလာတဲ့ဖြစ်စဉ်မှာ မိခင်ရဲ့ဝမ်းထဲက လွတ်ထွက်လာပြီဆိုတာနဲ့ လူပေါက်စလေးတွေဟာ ငိုကြ တော့တာပါပဲ။ ဒီဖြစ်စဉ်ကို သိပ္ပံနည်းကျ ချဉ်းကပ်ဖြေရှင်းထားတာ ရှိပြီးသားပါ။
ဒါပေမယ့် လူတွေသေဆုံး တော့လည်း အငိုနဲ့ဆုံးတယ်ဆိုတာကတော့ သေဆုံးခါနီးတဲ့လူတိုင်း သေသွားတဲ့လူတိုင်း(သတိရှိနေဆဲ) ငိုမ သွားကြပါဘူး။ ပြုံးသွား ရယ်သွားတဲ့သူတွေတောင် ရှိသေးတယ်လို့ ကြားဖူးဖတ်ဖူးထားခဲ့တယ် ထင်ပါတယ်။ သေတဲ့သူနဲ့ပတ်သက်သံယောဇဉ် ရှိကြတဲ့သူတွေ၊ ချစ်ခင်သူတွေကတော့ သူတို့ သံယောဇဉ်တွယ်တာ ချစ် ခင်ရသူတယောက်ဆုံးရှုံးရတဲ့အတွက် ပူဆွေးငိုကြွေးကြမှာပါပဲ။ ကာရကံရှင်ကိုယ်တိုင်ကတော့ ငိုကောင်းမှ ငိုပေလိမ့်မယ်။ဒါကြောင့် အငိုနဲ့စအငိုနဲ့ဆုံးတယ်ဆိုတဲ့ စကားရဲ့ပထမပိုင်းဟာမှန်ပြီး ဒုတိယပိုင်းကတော့ အမြဲတမ်း မမှန်နိုင်လောက်ပါဘူး
သေဆုံးတော့မယ့်သူရဲ့ အဲဒီအချိန်မှာရှိတဲ့ ရုပ်ပိုင်း စိတ်ပိုင်းအခြေအနေ (အတွေးအခေါ်၊ လောကအမြင်
ကျင့်ကြံအားထုတ်ထားတဲ့ စိတ်ပိုင်းဆိုင်ရာ အလေ့အကျင့်) တွေနဲ့ အဓိက သက်ဆိုင်ပေလိမ့်မယ်။ ငိုချင်မှငိုပေလိမ့်မယ်။ ဒါပေမယ့် လူတွေဟာ ဘယ်လိုလူပဲဖြစ်စေ လောကဓံတရားရဲ့ ရိုက်ခတ်မှု၊ အကောင်းအဆိုး အထွေထွေကို မသေမချင်း တွေ့ကြုံဖြတ်သန်းရမှာကတော့ အသေအချာပါပဲ။
အကောင်းဆုံး ဘယ်လိုဖြတ်သန်းကြမလဲ။ ဘယ်လိုကျင့်ကြံနေထိုင်ရင် ကောင်းမလဲ။ ဖြစ်တည်မှုပဓာန၀ါဒီ တွေ (Existentialist) ရဲ့ တွေးခေါ်ယုံကြည်မှုက လူတယောက်ဟာ ကိုယ်လုပ်ချင်တာကိုကိုယ်
လွတ်လွတ် လပ်လပ် ဆုံးဖြတ်ရွေးချယ်ခွင့်ရှိတယ်။ ဒါပေမယ့် ကိုယ်လွတ်လွတ်လပ်လပ် ဆုံးဖြတ်ရွေးချယ်လိုက်တဲ့အရာ တွေအားလုံးအတွက် ကိုယ်ကိုယ်တိုင်တာဝန်ယူနိုင်ရမယ်။ တာဝန်ယူရဲရမယ်။
သူတို့ငယ်ငယ် တက္ကသိုလ် ကောလိပ်ကျောင်းသားဘ၀က စစ်အစိုးရကိုဆန့်ကျင်အာခံရင် ဆန္ဒပြသပိတ်မှောက်ရင် ကျောင်းထုတ်ခံရ နိုင်တယ်၊ အဖမ်းခံရနိုင်တယ်၊ နှိပ်စက်ညှင်းပမ်းခံရနိုင်တယ်။ ထောင်ကျနိုင်တယ်။ မဆန့်ကျင်ရင် ဘာမှ မဖြစ်နိုင်ဘူး။ ဒါကိုသိရဲ့နဲ့ ဆန့်ကျင်အာခံတယ်၊ သပိတ်မှောက်တယ်
ကျောင်းထုတ်ခံရတယ်၊ ထောင်ကျ တယ်။ ကိုယ့်ရွေးချယ်မှုနဲ့ ကိုယ်ခံလိုက်တယ်။ အဆင်ပြေပါတယ်။
ဖြစ်လာနိုင်ခြေရှိတဲ့ အကျိုးဆက်ကို ကိုယ် ကိုယ်တိုင်တာဝန်မယူရဲဘူး၊ မဆုံးဖြတ်မရွေးချယ်ရဲဘူးဆိုရင် မလုပ်ပဲနေလိုက်ရုံပါပဲ။ အလွန်ရိုးစင်းတဲ့ကိစ္စပါ။ ဒါပေမယ့် ဘယ်တုံးက ဘယ်သူပြောသွားတဲ့
စကားလဲဆိုတာတော့ မမှတ်မိတော့ပါဘူး။ ဆောင်းပါးတပုဒ် ထဲမှာ ကိုးကားပြီးရေးခဲ့ဖူးတယ်။
အမည်နာမကို ပြန်စဉ်းစားလို့ မရတော့ပေမယ့် သူပြောခဲ့တဲ့ စကားကို တော့ မှတ်မိနေပါသေးတယ်။
“ဆုံးဖြတ်လုပ်ကိုင်ပြီး မှားယွင်းသွားခြင်းသည် မဆုံးဖြတ်ပဲထားခြင်းတက် ပိုကောင်း၏။”
အဲဒီလိုပါ။ မှန်ကန် တဲ့ဆိုစကားတခုအဖြစ် လက်ခံထားခဲ့ပါတယ်။ မှားမှန်းသိသွားရင် ပြန်ပြင်လိုက်ရုံပါပဲ။ ဒါမှ အသိပညာရှိရာ ကျပေလိမ့်မယ်။ မှားမှန်းသိတယ်။ မပြင်ဘူး။ ဆက်မှားတယ်။ ထပ်တလဲလဲမှားတယ်။ လူမိုက်ပဲ။ လူတွေဟာ မှားတတ်တာပဲ။ မှားကြတာပဲ။ “To err is human” ဆိုတဲ့စကားတောင်
ရှိသေးတယ်မဟုတ်လား။ ဒါပေမယ့် အဲဒီအမှားတွေပေါ် မှာဘယ်လိုသဘောထား၊ တုန့်ပြန်တယ်ဆိုတဲ့အပေါ်မှာ ပညာရှိသူနဲ့ မိုက်မဲသူ ကွဲပြား သွားတာပါပဲ။ ကိုယ့်လမ်းကိုယ်လျောက်ကြရမှာဖြစ်သလို တွေ့ကြုံလာတဲ့ လောကဓံ တရားတွေ၊ ဒုက္ခတွေကို ကိုယ်ကိုယ်တိုင်ပဲ ခံစားရမှာပါ။ စတိုးဝစ် (Stoic) တွေကတော့ တွေ့ကြုံရသမျှ ဒုက္ခတွေကိုဘာတခုမှ ငြီး တွားမနေ၊ မကျေမနပ်ပြောမနေပဲ သွေးအေးအေး
နဲ့ခံယူခဲ့ကြတယ်လို့ ဖတ်မှတ်လေ့လာဖူးခဲ့တာ ပြန်သတိ ရမိတယ်။ ဘ၀မှာဗုဒ္ဒ ဟောကြားခဲ့တဲ့ ဒုက္ခ
ဝေဒနာ တွေကနေ တကိုယ်တည်းလွတ်မြောက်အောင် ကျင့်ကြံ အားထုတ်မှုမလုပ်ချင်သေး၊ မလုပ်နိုင်သေးခင်မှာ ဖြစ်တည်မှုပဓာန၀ါဒီတွေလို တွေးတောဆုံးဖြတ်လုပ်ကိုင် စတိုးဝစ်တွေလို ကြံ့ကြံ့ခံ
နေထိုင်ဖြတ်သန်းဖို့ ကြိုးစား ကြည့်ရင်ရော ….. ဘာပဲပြောပြော ဒီကမ္ဘာမြေပြင် ပေါ်မှာ ငြိမ်သက်အေး
ချမ်းခြင်း ရှိစေချင်တယ်။ ။
စိုးနေလင်း
|
|
|