ဒီပရင်္ဂ ကြည်မောင်သန်း ပုံပြင်ထဲက မြို့လည်း မဟုတ် ဒဏ္ဍာရီထဲက မြို့လည်းမဟုတ် ရာဇဝင်ထဲက မြို့တမြို့ ပုဂံခေတ်ထဲက ရှိတဲ့ မြို့တမြို့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀၀ ကျော်တည်းက ရှိတဲ့မြို့တမြို့ သမိုင်းဝင် မြို့တမြို့။ ဒီမြို့ကို ကတူးလူမျိုးတွေ တည်ထောင်ခဲ့တယ် အလောင်းစည်သူမင်း တိုင်းခန်းလှည့်လည်ရင်း မြောက်ဘက်အရပ်အရောက် အရှေ့ဘက်က နတ်တွေ ဆိတ်ယောင်ဆောင် ရေသောက်မယ့်ဟန်မြည်သံပေးတာကို အစွဲပြုလို့ ဒီမြို့ ဒီနာမည်တွင်ခဲ့ရ။ အရှေ့မှာ ဧရာဝတီ အနောက်မှာ ချင်းတွင်း မနီးဝေးမှာ မူးမြစ်နဲ့ စိုက်ပျိုးရေး လုပ်ငန်းတွေ ဖြစ်ထွန်းခဲ့တယ်။ သာသနိက အဆာက်အအုံတွေပေါများ ရဟန်းပညာရှိ လူပညာရှိတွေထွန်းကား တခြားမြို့တွေနဲ့ စီးပွားကူးသန်းသွားလာဖို့ လွယ်ကူ ဘိုးတော်ဘုရား လက်ထက် စစ်တမ်းတွေအရ အစည်ကားဆုံးမြို့ ၁၂ မြို့ထဲက မြို့တမြို့။ အလောင်းဘုရား လက်ထက်မှာ အိမ်ရှေ့စံ နောင်တော်ကြီး ဒီမြို့ကို စားရ ဘိုးတော်ဘုရား လက်ထက်မှာ စစ်သူကြီး မဟာဗန္ဓုလ နေမျိုးသူရ ရဲခေါင်ဘွဲ့နဲ့ ဒီမြို့ရဲ့ မြို့ဝန်။ ဘုံခန်းပျို့ဆရာ အရှင် အဂ္ဂသမာဓိ စစ်သူကြီး မဟာဗန္ဓုလ မုံတိုင်ပင် ဆရာအရှင်ဝံသ အတုလဆရာတော် အရှင်ယသ မြသိန်းတန် ဆရာတော် အရှင်ဇိန အယူတော်မင်္ဂလာ ဦးနိုး လယ်တီဆရာတော် ဒါ ဒီမြို့သား ပုဂ္ဂိုလ်ကျော်တွေ။ ဒီမြို့မှာ မင်းတုန်းမင်းကို ပုန်ကန်ခြားနားတဲ့ ပတိမ်းမင်းသား ခိုလှုံခဲ့ဖူးတယ် ဒီမြို့ကနေ ကောက်ကျစ် ယုတ်မာတဲ့ မြို့ဝန် ဦးမှန်း အောက်ပြည်ကို ထွက်ပြေးခဲ့ရတယ် ဒီလိုနဲ့ ဒီမြို့မှာ သူရဲကောင်းတွေ ပျောက်ဆုံးခဲ့ရတယ် ဒီမြို့မှာ သစ္စာဖောက်တွေ အတောင်ပေါက်ခဲ့ကြတယ် ဒီမြို့မှာ လူငယ်လေးတယောက် သူ့ဆိုင်ကယ် ကျပျောက်ခဲ့ရတယ် ဒီမြို့မှာ အမျိုးသမီး တယောက် သေကံမရောက် သက်မပျောက် ဖြစ်ခဲ့ရတယ် ဒီမြို့မှာ အံကြိတ်ရ တက်ခေါက်ရတဲ့ အဖြစ်အပျက်တွေ ရှိခဲ့တယ်။ တနေ့တော့ မိုးနည်းတဲ့ ဒီဒေသ ဆောင်းတွင်းအခါ သမယမှာ မိုးရွာဖို့ မဆိုထားနဲ့ မိုးအုံ့ဖို့တောင် အကြောင်းမရှိပေမယ့် ရုတ်တရက် မိုးကြီးရွာချလိုက်တယ် ဆင်ခြေရာတွေတောင် တိမ်ကော ပပျောက်သွားအောင် ရွာတဲ့ မိုးမို့ အညာအခေါ် ဆင်ရာတိမ်မိုး တဲ့လေ။ မုံရွာ - ရေဦး လမ်းကို ဖြတ်သန်းရင်း ဒီမြို့ကို ကားပေါ်က လှမ်းကြည်မိတဲ့အခါ အတိတ် တစ္ဆေက ငါ့ကို ခြောက်လှန့် နေလေရဲ့။ ။ (၂၀၀၈ ခုနှစ် ဇွန်လထုတ် ချယ်ရီမဂ္ဂဇင်း မှ ကူးယူဖော်ပြပါသည်)
ဒီပဲယင်းအရေးခင်း ကိုယ်တွေ့ဒေါ်ခင်အေးမြင့်၏အမြင် စကားမှတ်တမ်း ဇာမဏီရိုင်း (နှင်းဆီမြို့တော်) လွန်ခဲ့သော ၅ နှစ် ၂၀၀၃ ခုနှစ် မေလ (၃၀) ရက်နေ့တွင် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အထက်မြန်မာပြည် ခရီးစဉ်၌ စစ်အစိုးရ၏ စနစ်တကျ ကြိုတင်ကြံစည် လုပ်ကြံ သတ်ဖြတ်သော ဒီပဲယင်း အရေးအခင်း ကိုယ်တွေ့ပါဝင်ခဲ့တဲ့ မန္တလေးတိုင်း အနောက်မြောက်မြို့နယ် ဘဏ္ဏာရေးနှင့် တိုင်း/အမျိုးသမီးရေးရာ တာဝန်ခံ ဒေါ်ခင်အေးမြင့် အား လူထုအသံမှ ယနေ့ မြန်မာ နိုင်ငံအား လတ်တလော အမြင် တွေ့ဆုံ မေးမြန်းရာတွင် …… ယနေ့ဟာ ဆိုလျှင် စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် ကျည်ရွာအနီးမှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ဝင်တွေကို စစ်အစိုးရရဲ့ စနစ်တကျ လုပ်ကြံသတ်ဖြတ် ခဲ့တာ ၅နှစ်တိုင်ခဲ့ပါပြီ။ ကျမတို့ရဲ့ ခေါင်းဆောင်ကြီးဟာ အသက်ဘေးမှ လက်မတင်လေး လွတ်မြောက်သွား ခဲ့သော်လည်း ယနေ့တိုင် နေအိမ်အကျယ်ချုပ် ကန့်သတ်ခြင်း ခံနေရပါတယ်။ ကျမ အမြင်သုံးသပ်ရရင် နိုင်ငံတကာ ဖိအားပေးမှုများလဲ အောင်မြင်မှု မရှိခဲ့ကြောင်း၊ လွန်ခဲ့သည့်နှစ် ၂၀၀၇ စက်တင်ဘာလတွင်လဲ လောင်စာဆီ နှုန်းထားတိုးမြှင့်မှုနှင့် စပ်လျဉ်း၍ ပြည်တွင်းမှာ ငြိမ်းချမ်းစွာ ဆန္ဒပြ တောင်းဆိုသော ကျောင်းသားများ၊ သံဃာများ၊ ပြည်သူများ ပါဝင်လာကြသည်ကို ရိုင်းပြရက်စက်သည့် စစ်အစိုးရဟာ ၈၈မျိုးဆက် ကျောင်းသားများအား ထောင်သွင်းနှစ်ရှည် အကျဉ်းချခြင်း၊ အဲဒီ ပြည်သူ လူထုနှင့် ရဟန်းသံဃာများတို့သာ ရွှေဝါရောင်တော်လှန်ရေး၌ သွေးမြေကျခဲ့ရသည်၊ နိုင်ငံသမိုင်းကို ပြန် ကြည့်ယင် တိုင်းတပါးသားတွေ ကိုလိုနီကျွန်ပြုစဉ်ကပင် သာသနာအပေါ်တွင် ယခုကဲ့သို့ စော်ကားခဲ့ခြင်းမျိုး မရှိခဲ့ပေ၊ ဒီ န.အ.ဖ စစ်အုပ်စုလောက် ပက်စက် ရက်စက်တဲ့ လုပ်ရပ်မျိုးဟာ ဘယ်ကမ္ဘာမှာမှ ရှိခဲ့မယ် လို့ ကျမ မထင်ပါဖူး၊ ယခုလက်ရှိ အနေအထားဟာ အမျိုးဘာသာ သာသနာပါ အစော်ကားခံနေရပြီး၊ ပြည်သူ တွေရဲ့ နေ့တဓူဝ ဘ၀တွေမှာလဲ ကုန်းကောက်စရာမရှိအောင် ဖြစ်နေရပြီး၊ ကမ္ဘာက ၀င်စေ့စပ်တဲ့ မစ္စတာ ဂမ်ဘာရီရဲ့ ကြားဝင်ဆောင်ရွက်မှုဟာလဲ မအောင်မြင်ခဲ့ပါဖူး၊ နောက်အခု၂၀၀၈ မေလ အစပိုင်း နာဂစ် သဘာဝ ဘေးအန္တရာယ်ဆိုး ဒါဏ်ခံ ပြည်သူများကိုလဲ လိုအပ်သည့် အကူညီများ မပေးနိုင်သည့် အပြင် စာနာစိတ်မရှိပဲ ဒုက္ခပင်လယ်ဝေနေတဲ့ ၂သန်းခွဲသော ပြည်သူတွေကို ကိုယ်ချင်းစာနာသော ကမ္ဘာ့ပြည်သူ များက အကူညီပေးမှုကိုလဲ လက်မခံခဲ့ဖူး။ ဒီလို အာဏာရှင် အစိုးရမျိုးရဲ့ မရိုးနိုင်တဲ့ လူသတ်ပွဲမျိုးကို နိုင်ငံတကာမိသားစုများ အနေနဲ့ ဘယ်အတိုင်း အတာအထိ ဘယ်လိုနှလုံးသားမျိုးနဲ့ လိုက်ပိုက်ကြည့်နေကြမှာလဲ ကျမအနေနဲ့ မေးခွန်းထုတ်လိုပါတယ်၊ တဆက်မှာပဲ ပြည်တွင်း၊ ပြည်ပက ကျမတို့ရဲ့ မိတ်ဆွေတွေ၊ လုပ်ဖေါ်ကိုင်ဖက်တွေ၊ ကျမတို့ရဲ့ ပါတီဝင်တွေ၊ မြန်မာပြည် ဒီမိုကရေစီ ရရှိရေး ကြိုးပမ်းသူတွေကို ကျမ ပန်ကြားလိုတာကတော့ အမျိုးဘာသာ၊ သာသနာအား ကာကွယ်ကြပါ၊ အာဏာရူး စစ်အုပ်စုကိုလဲ နိုင်ငံတကာ တရားရုံးမှာ တရားစွဲဆိုဖို့ တတ်အား သရွေ့ပြင်ဆင်ကြပါ လို့ပြော တိုက်တွန်းချင်ပါတယ်၊ ကုလသမဂ္ဂမှ ဦးဆောင်ပြီး နိုင်ငံတကာမှ လက်တွဲကာ လူသတ် စစ်အာဏာရှင်တွေ ဆုံးခန်းတိုင်ဖို့ ပြတ်သားစွာ ချေမှုန်းသင့်ချိန် ရောက်ပါကြောင်း ပြောကြား သွားပါတယ်။ ဒေါ်ခင်အေးမြင့်မှာ လွန်ခဲ့သော ၃နှစ်က ၅၉နှစ်ပြည့်မြောက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အထိမ်းအမှတ် အဖြစ်ပေးအပ်သော ဂျပန်နိုင်ငံ အိုးအိမ်၊ မြို့ပြ ဖွံဖြိုးတိုးတက်ရေး သမဂ္ဂမှ မြန်မာ့အမျိုးသမီးဆုနှင့် နိုက်တင်ဂေးလ်ဆု ၂ ဆု ပေးအပ်ခဲ့တာကို ရရှိထားသူ ဖြစ်ပါတယ်၊ ဒီဆုရရှိရခြင်း အကြောင်းကတော့ ၀န်ကြီးချူပ်ဟောင်း ဗိုလ်ချူပ်ကြီးစိုးဝင်း နှင့် စက်မှု(၁) ၀န်ကြီးဦးအောင်သောင်း တို့ စီမံမှုနဲ့ ဖြစ်ပွားခဲ့တဲ့ ဒီပဲယင်း အရေးခင်းမှာ ဒေါ်ခင်အေးမြင့်ဟာ မှောင်မိုက်နေသော ကျည်ရွာအနီး ဆည်မြောင်းရုံးရှေ့မှာ စနစ်တကျ တိုက်ခိုက်ခြင်းခံရတဲ့ ပြည်သူတွေ၊ ရဟန်းတွေ၊ ကျောင်းသူကျောင်းသားတွေ ဒါဏ်ရာရရှိနေ တာကို မိမိအသက်ကို ပဓါနမထားပဲ ကူညီခဲ့လို့ ဒီဆုချီးမြှင့်ခြင်း ခံရတာလို့ သိရှိရပါတယ်။ သူမဟာ ၁၉၈၈ခုနှစ် ကမ္ဘာကျော်ရှစ်လေးလုံး အရေးခင်း မန္တလေးတိုင်း အစာငတ်ခံ ဆန္ဒပြပွဲနဲ့ အတူ နောက်ပိုင်း မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ၀င်ရောက်ခဲ့သူပါ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် မန္တလေးတိုင်း အနောက်မြောက်မြို့နယ် ရုံးခန်းကို သူမ၏အိမ်မှာ ဖွင့်လှစ်ထားပြီး၊ စစ်အစိုးရ၏ NLD အပေါ်အပြီးသတ် ချေမှုန်းမှု ရလဒ်ဆိုးကြောင့် ဒီချုပ်ရုံးဖွင့်ထားတဲ့ သူမ၏နေအိမ် တိုက်တခြမ်းအား ယနေ့တိုင် ချိတ်ပိတ်ထားခြင်း ခံထားရပါတယ်။ ဒီပဲယင်း လုပ်ကြံမှုနောက်ပိုင်းမှာ အသက်အန္တရာယ် စိုးရိမ် ရတာကြောင့် အမိမြန်မာပြည်အား စွန့်ခွာပြီး ယခုအချိန်မှာ အမေရိကန်ပြည်ထောင်စုမှာ နေထိုင်လျှက် ရှိပါတယ်။ http://www.peoplemediavoice.com/content/view/242/114/
ဒီပဲယင်း ကားလမ်းက ယူလာပေးပါ ဖိုးသံ (လူထု) မေ ၆၊ ၂၀၀၇ ကျနော့်ကို အဲဒီ ကျည်ရွာအနားက ခဲကလေးတလုံး၊ မြေလေးတဆုပ် ထုပ်ယူလာပေးပါ။ ဒါမှမဟုတ်လည်း လမ်းနံဘေးခြုံထဲက သစ်ရွက်လေးတရွက် သစ်ခက်လေးတခက် ချိုင်ယူလာခဲ့ပါ။ ဒါလောက်ကြာမှတော့ ဒီဟာတွေအပေါ်မှာ အရိုးတစ၊ သွေးတစက် လက်ရာ၊ ခြေရာ ဘာကမှရိုတောာ့မှာ မဟုတ်ပါ။ သူတို့က ဘာမှပြောမပြ ဘာမှလုပ်မပြ အ၀ိဉာဏက ဒါ့အပြင် သင်္ခါရမို့ မဲ့တာ မတွေ့ရ ငိုတာလည်း ကြားရမှာမဟုတ်ပါ။ ကျနော်သိပါတယ်။ ဒါပေမယ့် ကျနော့်အတွက် အဲဒီ ကားလမ်းတ၀ိုက်က ကျောက်ခဲကလေး၊ မြေမှုန်ကလေး သစ်ရွက်ကလေး၊ သစ်ခက်ကလေး တခုခုတော့ ယူလာပေးပါ ကျနော် အားတဲ့အခါ ထုတ် … ထုတ်ကြည့်ချင်လို့ပါ။ ။ ဒီပဲယင်းရက်စက်မှု ၄ နှစ်ပတ်လည် အထိမ်းအမှတ်
http://kaungkinko.myanmarbloggers.org/