|
|
|
|
|
|
|
နအဖရဲ့ နျူကလီးယားအိပ်မက်
ဂါမဏိ
Sunday, November 16, 2008
|
|
နအဖရဲ့ ရည်မှန်းချက်ပန်းတိုင်
ဗမာနိုင်ငံဟာ ၂၀၂၀ ခုနှစ်မှာ နျူကလီးယားလက်နက်တွေ ထုတ်လုပ်ပိုင်ဆိုင်နိုင်အောင် ကြိုး
ပမ်းမယ်လို့ ဗမာစစ်အစိုးရရဲ့ သိပ္ပံနဲ့နည်းပညာဝန်ကြီးဆိုသူ ဦးသောင်းက ၂၀၀၁ ခု မေလအတွင်းက
ရန်ကုန်မှာရှိတဲ့ နိုင်ငံတော်ကာကွယ် ရေးတက္ကသိုလ်မှာ ပြောခဲ့ပါတယ်။ ဒီရည်မှန်းချက် အောင်မြင်ထ
မြောက်သွားရင် နအဖစစ်အုပ်စုဟာ အရှေ့တောင်အာရှမှာ စစ်အင်အားအတောင့်ဆုံးနိုင်ငံ ဖြစ်သွားပါလိမ့်
မယ်။ ဗမာပြည်ဟာလည်း "စတုတ္ထမြန်မာနိုင်ငံတော်" အဖြစ် အသွင်ပြောင်းသွားပြီး ထိုင်းနိုင်ငံကို စစ်ရေး
အရခြိမ်းခြောက်နိုင်စွမ်း ရှိလာပါလိမ့်မယ်။ ဒါကြောင့် နအဖဟာ နိုင်ငံတကာ လုံခြုံရေးနဲ့ငြိမ်းချမ်းရေးကို
ဆိုးဆိုးဝါးဝါးအန္တရာယ်ပြု ခြိမ်းခြောက်နေပြီဖြစ်ပါတယ်။ နအဖရဲ့ အသစ်စက်စက် (၁၀) မီဂါဝပ် နျူကလီး
ယားဓာတ်ပေါင်းဖိုကို ငြိမ်းချမ်းတဲ့ သုတေသနလုပ်ငန်းအတွက် ရည်ရွယ်တယ်လို့ ကြေညာထားတာဟာ လိမ်ညာမှုသက်သက်သာဖြစ်ပါတယ်။
စီမံကိန်းနောက်ခံ
နအဖရဲ့ နျူကလီးယားလက်နက် ထုတ်လုပ်ရေးစီမံကိန်းဟာ ၁၉၉၀ ခု နဝတခေတ်မှာ စတင်
ခဲ့ပါတယ်။ နဝတဟာ နျူကလီးယားနည်းပညာ ဖော်ထုတ်ဖွံ့ဖြိုးရေးနဲ့ပတ်သက်ပြီး ရန်ကုန်တက္ကသိုလ် ရူပ
ဗေဒပါမောက္ခ ဦးဖိုးစောနဲ့ တိုင်ပင်ဆွေးနွေးခဲ့ပါတယ်။ နိုင်ငံခြားပညာတော်သင် စေလွှတ်ဖို့ လူရွေးချယ်
ရေးကိစ္စလည်း ဆွေးနွေးခဲ့ပါတယ်။ နျူကလီးယား နည်းပညာအတွက် ဗိုလ်လောင်းတွေ လေ့ကျင့်မွေးမြူဖို့
အစီအစဉ်ကိုတော့ ၁၉၉၇ ခု စစ်တက္ကသိုလ်ဗိုလ်လောင်း အပတ်စဉ် ၄၂ နဲ့ စတင်ခဲ့ပါတယ်။ ၂၀၀၀ ပြည့်
နှစ်မတိုင်ခင်မှာ နအဖဟာ ရုရှားနျူကလီးယားပညာရှင်တွေကို ဖိတ်ခေါ်ပြီး ဓာတ်ပေါင်းဖို တည်ဆောက်
ရေး၊ နေရာရွေးချယ်ရေး၊ ပညာတော်သင်တွေ စေလွှတ်ရေးကိစ္စတွေ ဆွေးနွေးခဲ့ကြပါတယ်။
ကျနော်တို့သတင်းရင်းမြစ်ကရတာက စစ်အုပ်စုဟာ နျူကလီးယားနည်းပညာရဖို့ ပထမဦးစွာ
အိန္ဒိယနိုင်ငံကို အရင်ချဉ်းကပ်ခဲ့တယ်၊ အိန္ဒိယကလည်း ပညာတော်သင်တွေ လက်ခံဖို့တောင် သဘောတူ
ခဲ့သေးတယ်။ ဒါပေမဲ့ ဓာတ်ပေါင်းဖိုလည်ပတ်မှုကို ကြီးကြပ်ရေးနဲ့ ထိန်းချုပ်ရေးကိုပါ အိန္ဒိယကတောင်းဆို
လာလို့ နအဖက ဒီချဉ်းကပ်မှုကို နားပစ်လိုက်ပါတယ်။
နအဖဟာ တရုတ်နိုင်ငံအကူအညီနဲ့ ရုရှားနဲ့သဘောတူညီမှု ရခဲ့ပါတယ်။ ဒါ့အပြင် နျူကလီး
ယားလက်နက်တွေ ထုတ်လုပ်နိုင်အောင် နည်းလမ်းပေါင်းစုံနဲ့ကြိုးစားဖို့ တရုတ်အစိုးရက နအဖစစ်အုပ်စု
ကိုအကြံပေးခဲ့ပြီး ရည်မှန်းသတ်မှတ်ကာလ ၂၀၂၀ ရောက်လို့မှ နျူကလီးယားလက်နက် မထုတ်လုပ်နိုင်
သေးရင် ဝယ်ယူဖို့အကြံပေးခဲ့ပါတယ်။ ၂၀၀၃ ခုမှာ စစ်အစိုးရဟာ မြောက်ကိုးရီးယားကို စစ်ဗိုလ်
အယောက် (၃၀) စေလွှတ်ပြီး နျူကလီးယားနည်းပညာ လေ့လာသင်ယူစေခဲ့ပါတယ်။ ၂၀၀၆ မှာတော့
ဓာတ်ပေါင်းဖိုတည်ဆောက်ရေးအတွက် လိုအပ်တဲ့စက်ယန္တရားတွေကို မြောက်ကိုးရီးယားဆီက စတင်ဝယ်
ယူခဲ့ပါတယ်။ နအဖနဲ့ရုရှား ဆက်ဆံရေးပျက်ပြားသွားလို့ နျူကလီးယားစီမံကိန်း ရပ်သွားတာမျိုးမဖြစ်ရ အောင် မြောက်ကိုးရီးယားနဲ့ လမ်းဖောက်ခဲ့တာဖြစ်ပါတယ်။
နအဖဟာ နိုင်ငံခြားပညာတော်သင်တွေ စရိတ်အပါအဝင် နျူကလီးယားနည်းပညာ ရနိုင်ဖို့
အတွက် သဘာဝသယံဇာတတွေကို ရောင်းထုတ်ခဲ့ပါတယ်။ (အတည်ပြုနိုင်တဲ့ သတင်းတရပ်အရ ရုရှား
တနိုင်ငံတည်းမှာတင် ပညာတော်သင် ၄၆၀၀ ရှိတယ်လို့ သိရပါတယ်။) သယံဇာတတွေ ရောင်းထုတ်တဲ့
အထဲမှာ ကချင်ပြည် ဖားကန့်ဒေသက သိုင်းတောင်က တူးဖော်တဲ့ သံရိုင်းတန်ချိန် ၂၀၀၀၀ ပါတယ်လို့
လည်း သတင်းရခဲ့ပါတယ်။ ဒါပေမဲ့ အများသိကြတဲ့အတိုင်း နအဖဟာ ၂၀၀၅ ခုမှာ ဘဏ္ဍာရေးပြဿနာ
တွေကြုံခဲ့ရပြီး ရုရှားနဲ့လုပ်ထားတဲ့ စီမံကိန်းကို ရပ်နားလိုက်ရပါတယ်။ အခက်အခဲတွေ ကျော်လွှားနိုင်ခဲ့ပြီး
နောက် စီမံကိန်းကိုပြန်စခဲ့ပါတယ်၊ အခုအခါမှာတော့ နအဖဟာ ဘဏ္ဍာရေးအရ ခိုင်မာနေပါပြီ။ (ဒီလို ကံ
ဇာတာတက်လာတဲ့ အကြောင်းရင်းက သိသာပါတယ်။ ရတနာဓာတ်ငွေ့ပိုက်လိုင်းကြောင့် ဗမာအစိုးရအ တွက် အနိမ့်ဆုံးအားဖြင့် နှစ်စဉ် ဒေါ်လာသန်း ၂၀၀၀ ဝင်ငွေရနေပါတယ်။)
နအဖဟာ အီရန်နိုင်ငံကနေလည်း အကူအညီရဖို့ လျှို့ဝှက်ကြိုးပမ်းခဲ့တယ်လို့ ကျနော်တို့
ဘက်က သတင်းထပ်ရခဲ့ပါတယ်။ ဒီသတင်းက တခြားသတင်းရင်းမြစ်တွေကရထားတဲ့ ဆက်ဆံမှုသတင်း
ကို အတည်ပြုလိုက်တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဂျပန်နိုင်ငံကလည်း ၂၀၀၀ ပြည့်နှစ်မှာ ဓာတ်ပေါင်းဖို ကိုင်
တွယ်ရေးဆိုင်ရာ ပါရဂူအဆင့်ပညာသင်ဖို့ ပညာတော်သင်တွေ စလက်ခံပေးခဲ့ပါတယ်။ ဂျပန့်အကူအညီနဲ့
ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်နဲ့ မေမြို့ စစ်တက္ကသိုလ်တွေမှာ နျူကလီးယားသိပ္ပံ ဌာနသစ်တွေ
ဖွင့်လှစ်ခဲ့ပါတယ်။
ရုရှားရောက်ပညာတော်သင်
၂၀၀၁ ခုမှာ ပထမအသုတ်ပညာတော်သင် စစ်ဗိုလ် ၁၅၀ ကို စင်းလုံးငှား အယ်ရိုဖလုတ်
လေယာဉ်တွေနဲ့ မန္တလေး တံတားဦးလေဆိပ်ကနေ ရုရှားနိုင်ငံကို စေလွှတ်ခဲ့ပါတယ်။ နအဖပညာတော်
သင်တွေဟာ ကိုယ်သင်မယ့်ဘာသာရပ် ပေါ်မူတည်ပြီး မော်စကိုနဲ့ စိန့်ပီတာစဘာ့ဂ်မြို့တော်တွေမှာရှိတဲ့
တက္ကသိုလ်နဲ့သိပ္ပံဌာနအမျိုးမျိုးမှာ တက်ရောက် ပညာသင်ကြပါတယ်။ အဲဒီကျောင်းတွေထဲမှာ --
မော်စကိုအင်ဂျင်နီယာရူပဗေဒတက္ကသိုလ် MEPHI
မော်စကိုအီလက်ထရွန်းနစ်နည်းပညာတက္ကသိုလ် MIET
မော်စကိုလေကြောင်းနည်းပညာတက္ကသိုလ် MATI
မော်စကိုလေကြောင်းသိပ္ပံ MAI
ဘောမင်းမော်စကိုအစိုးရနည်းပညာတက္ကသိုလ် BMSTU
မော်စကိုအပူနည်းပညာတက္ကသိုလ် MITT
မော်စကိုဆောက်လုပ်ရေးအင်ဂျင်နီယာသိပ္ပံ MISI
မော်စကိုအစိုးရသတ္တုတူးဖော်ရေးတက္ကသိုလ် MSMU စသည်တို့ ပါဝင်ပါတယ်။
MEPHI က နျူကလီးယားသိပ္ပံသင်ပေးပြီး MIET က ဒုံးပျံလမ်းကြောင်းထိန်းပညာ၊ MAI က
လေကြောင်းနဲ့ အာကာသ ပညာတွေ၊ MATI က ဂြိုလ်တုလွှတ်နိုင်တဲ့ ဒုံးပျံတည်ဆောက်ရေးနည်းပညာကို
သင်ပေးပါတယ်။ ဒါ့အပြင် ဥမင်လှိုဏ်ခေါင်းတူးဘာသာရပ်၊ ယူရေနီယမ်သတ္တုတူးဖော်ရေး ဘာသာရပ်နဲ့
ယူရေနီယမ်သတ္တုရိုင်း သန့်စင်ရေးဘာသာရပ်တွေအတွက် သီးခြားသင်တန်းတွေလည်း ရှိပါတယ်။
ဒီပညာတော်သင်အများအပြားဟာ မပျော်ကြဘူးလို့ အတည်ပြုသတင်းရထားပါတယ်။ သူတို့
ဟာ ရုရှားကို ဇွတ်အတင်းစေလွှတ်ခံရတယ်၊ လစာကတအားနည်းတယ်၊ ရာသီဥတုကကြမ်းလွန်းလို့ ဒုက္ခ
ရောက်ရတယ်၊ ကျန်းမာရေးစောင့်ရှောက်မှုက ချို့ငဲ့တယ်လို့သိရပါတယ်။ သူတို့ဟာ မော်စကိုက ဗမာသံ
ရုံးကိုသွားပြီး တိုင်တန်းတင်ပြကြ၊ အိမ်ပြန်ခွင့်ရဖို့ အသနားခံကြပေမဲ့ (ထိုစဉ်က) ကကလှမ်းက သူတို့ကို
အပတ်စဉ်ညွှန်ကြားချက်တွေပို့ပြီး သင်တန်းပြီးအောင်တက်ဖို့နဲ့ နိုင်ငံတော်ရဲ့ရည်မှန်းချက် (ဝါ) နျူကလီး
ယားလက်နက် ထုတ်လုပ်ရေးကိုဖြည့်ဆည်းဖို့ဘဲ တိုက်တွန်းခဲ့ပါတယ်။ တခါတော့ (ထိုစဉ်က) နိုင်ငံခြား
ရေး ဝန်ကြီးဦးဝင်းအောင် ကိုယ်တိုင်လာပြီး ပညာတော်သင်စစ်ဗိုလ်တွေကို ပညာဆုံးခန်းတိုင်သင်ဖို့ ပြော
ခဲ့ပါတယ်။ ဒါ့အပြင် သိပ္ပံပညာရှင် ရုရှားမတယောက်ကိုလက်ထပ်ပြီး ဗမာပြည်ပြန်လာနိုင်သူ ဘယ်သူ့မဆို
ဆုချီးမြှင့် ဂုဏ်ပြုမယ်ဆိုတဲ့ ဒုတပ်ချုပ်မောင်အေးရဲ့အမှာစကားကိုလည်း ပါးလိုက်ပါသေးတယ်။
၂၀၀၂ ခုမှာလည်း စစ်ထောက်ချုပ် ဗိုလ်ချုပ်ဝင်းမြင့်နဲ့ ရေတပ်ဦးစီးချုပ်၊ လေတပ်ဦးစီးချုပ်နဲ့ ပို့
ဆောင်ရေးဝန်ကြီးတို့ဟာ ရုရှားနိုင်ငံကိုသွားပြီး ဝယ်ထားတဲ့ အမ်အိုင်ဂျီ -၂၉ တိုက်လေယာဉ်တွေကို ဗမာ
ပြည်ပြန်မောင်းလာဖို့အတွက် နအဖ လေတပ်လေယာဉ်မှူး အယောက် ၂၀ သင်တန်းပေးဖို့ကိစ္စ စီစဉ်ခဲ့ပါ
တယ်။ ဒါ့အပြင် မြန်မာနိုင်ငံအနေနဲ့ လေယာဉ်တင်သင်္ဘောတွေ ရေငုပ်သင်္ဘောတွေဝယ်ဖို့ လို မလိုလည်း
ဆွေးနွေးခဲ့ကြပါတယ်။ ၂၀၀၂ ဇူလိုင်လမှာ နအဖ သိပ္ပံနဲ့နည်းပညာဝန်ကြီး မောင်သောင်း ရုရှားနိုင်ငံကို
သွားပြီး နျူကလီးယားဓာတ်ပေါင်းဖို ဝယ်ယူတည်ဆောက်ရေး သဘောတူစာချုပ် လက်မှတ်ထိုးခဲ့ပါတော့
တယ်။
ဓာတ်ပေါင်းဖိုတည်နေရာ
ကျနော်တို့ဟာ အရင်ကတော့ ဓာတ်ပေါင်းဖိုတည်နေရာကို သပိတ်ကျဉ်းနားက ကျောက်ပုထိုး
လို့ ပြောခဲ့ပါတယ်။ ဒါကို အတည်မပြုနိုင်သေးပေမဲ့ နအဖက တည်နေရာလျှို့ဝှက်ထားဖို့ ကြိုးစားတဲ့အ
ကြောင်း နောက်ထပ်သတင်းတွေ ရခဲ့ပါတယ်။ ဓာတ်ပေါင်းဖိုတည်ဆောက်ဖို့ ပညာရပ်သင်တန်းတက်ထား
တဲ့ ပညာရှင်တွေတောင် စက်ရုံတည်နေရာကို သိခွင့်မရကြပါဘူး။ ၂၀၀၆ ဇွန်လမှာတော့ သတင်းပေါက်
ကြားမှုတခုဖြစ်ခဲ့ပြီး စီမံကိန်းမှာပါတဲ့အရာရှိတွေ နေပြည်တော်ခေါ်ပြီး စစ်ကြောမေးမြန်းခံခဲ့ရပါတယ်။ အဲဒါ
ကတော့ ဘာတင်းလ်လစ်တနာရဲ့ ၂၀၀၆ ဇူလိုင်ထုတ် အာရှတိုင်းမ်ဆောင်းပါးကြောင့် ဖြစ်ပါတယ်။ လစ်တ
နာက မကွေးမြို့အရှေ့ဘက်က နတ်မောက်မြို့နားမှာ မြောက်ကိုးရီးယားပညာ ရှင်တွေတွေ့ခဲ့တယ်လို့
သတင်းရေးခဲ့လို့ဖြစ်ပါတယ်။
အခုတော့ ဒီ ၁၀ မီဂါဝပ် ဓာတ်ပေါင်းဖိုကို မကွေးတိုင်း မြိုင်မြို့နယ်ထဲမှာ တည်ဆောက်ခဲ့တယ်
(သို့မဟုတ်) တည် ဆောက်ဖို့ရည်ရွယ်ခဲ့တယ်လို့ ကျနော်တို့သိရပါပြီ။ ဒါ့အပြင် ဒီဓာတ်ပေါင်းဖိုဟာ ရေ
လေး heavy water ကိုသုံးမှာ ဖြစ်တယ်၊ ဒါကြောင့် ပလူတိုနီယမ် အဆင့်ထိ ထုတ်နိုင်မယ်ဆိုတာလည်း သိရပါတယ်။
ဒါကြောင့် အခုဆိုရင် ဖြစ်နိုင်တဲ့ ဓာတ်ပေါင်းဖိုစက်ရုံနေရာ နှစ်ခုရှိနေပါတယ်။ အဲဒါတွေက
တော့ မြိုင်မြို့နယ်နဲ့ ကျောက်ပုထိုးတို့ပဲဖြစ်ပါတယ်။ အခုလို ကွဲပြားနေရတဲ့ အကြောင်းတခုကတော့
နအဖဟာ နဂိုမူလကစက်ရုံကို မကွေးဒေသမှာတည်ဖို့ စီစဉ်ခဲ့ပေမဲ့ ဧရာဝတီမဂ္ဂဇင်းက ဖော်ပြခဲ့သလို
ငလျင်စက်ကွင်းဖြစ်နေလို့ အစီအစဉ်ပြောင်း လိုက်တာ ဖြစ်နိုင်ပါတယ်။ ဘယ်လိုဘဲဖြစ်ဖြစ် မကွေးဒေသ
ဟာ ဖြစ်နိုင်ခြေတခု ဖြစ်မြဲဖြစ်နေပြီး သပိတ်ကျဉ်းမှာဖြစ်ဖို့တော့ အင်မတန်အလားအလာများနေပါတယ်။
ယူရေနီယမ်လှုပ်ရှားမှုများ
ဗမာပြည်ရဲ့ ယူရေနီယမ်သတ္တုသိုက်တွေနဲ့ ပတ်သက်လို့ အရင်သတင်းတွေကို အတည်ပြုပေး
တဲ့ နောက်ထပ်အချက်အလက်တွေ ထပ်ထွက်လာပါတယ်။ စီးပွားရေးအရ တွက်ခြေကိုက်တဲ့ ယူရေနီယမ်
သတ္တုရိုင်းဟာ ကျောက်ဖြုံး၊ ဖောင်းပြင်နဲ့ ကျောက်ဆင့်ဒေသတွေမှာ ရှိနေပါတယ်။ ဒါ့အပြင် တနင်္သာရီ
တောင်ပိုင်း၊ ကရင်နီပြည် (လွိုင်ကော်ဒေသ)၊ ကချင်ပြည် မိုးညှင်းနဲ့ ရှမ်းပြည် တောင်ကြီးအနောက်ဖက်
တွေမှာလည်း ယူရေနီယမ် စမ်းသပ်ရှာဖွေနေပါတယ်။ ယူရေနီယမ်သတ္တုရိုင်း ကြိတ်ခွဲမှုကိုတော့ သပိတ်
ကျဉ်းမှာ လုပ်ဆောင်နေပါပြီ။ ဒါ့အပြင် ကြိတ်ခွဲပြီးယူရေနီယမ် (အဝါရောင် ကိတ်မုန့်)ကို ယူ -၂၃၅ အ
ဆင့်ရောက်အောင် သန့်စင်မြှင့်တင်ဖို့ လုပ်ငန်းစဉ်တခုကိုလည်း သပိတ်ကျဉ်းမှာ စလုပ်နေပြီလို့ သတင်း
ရပါတယ်။ အခုအခါမှာ ဒီသပိတ်ကျဉ်းမှာ လုပ်နေတာအားလုံးကို နျူကလီးယားတပ်ရင်း ၁ လို့ ရည်ညွှန်း သုံးစွဲနေပြီဖြစ်ပါတယ်။
၂၀၀၆ ခု နှစ်ဦးပိုင်းတုံးက အဝါရောင်ကိတ်မုန့်ကို မြောက်ကိုးရီးယားနိုင်ငံကို ရောင်းချခဲ့တဲ့အ
ကြောင်း အတည်ပြု သတင်းရခဲ့ပါတယ်။ ၂၀၀၆ ဇူလိုင်မှာတော့ စစ်အစိုးရဟာ မြောက်ကိုးရီးယားဆီကနေ
ယူရေနီယမ်သန့်စင် အဆင့်မြှင့်ရာမှာသုံးဖို့နဲ့ ပလူတိုနီယမ်ထုတ်လုပ်ရာမှာပါသုံးဖို့ နျူကလီးယားဓာတ်လှုံ့
ကရိယာတွေ ဝယ်ယူခဲ့ပါတယ်။ ဒီစက်ကရိယာအကြောင်းကို ကျနော်တို့ တိတိကျကျမသိသေးပေမဲ့ တ
ခြား သတင်းအချက်အလက်တွေအရ အများကြီးဖြစ်နိုင်တာကတော့ စင်ထရီဖျူ့ဂ်ျ (ဗဟိုဆွဲအားကရိယာ)
တွေ ပါဝင်ပါလိမ့်မယ်။ မြောက်ကိုးရီးယား နျူကလီးယားပါရဂူ အနည်းဆုံး တယောက်လောက်ကတော့ အခု သပိတ်ကျဉ်းမှာ အလုပ်လုပ်နေပါတယ်။
နောက်ထပ် အတည်ပြုနိုင်တဲ့သတင်းကတော့ လွန်ကျော်နားက စကျင်တောင်မှာ နျူကလီး
ယားနဲ့ ဆက်နွယ်နေတဲ့ စစ်ဘက်သုတေသနဌာနတခု တည်ဆောက်ခဲ့ခြင်းဖြစ်ပါတယ်။ လွန်ကျော်ဒေသ
မှာလည်း နျူကလီးယားတပ်ရင်း တရင်းထားတယ်လို့ သတင်းရထားပါတယ်။ ကျောက်ဆည်မြို့နယ်မှာ
တော့ အရပ်ဘက်သုတေသနဌာနတခု ဖွင့်ထားပါတယ်။ မေမြို့မှာလည်း ရုရှားနျူကလီးယားပါရဂူတွေက
ပြည်တော်ပြန်လာတဲ့ ပညာတော်သင်တွေကို မွမ်းမံသင်တန်းတွေ ပေးနေပါတယ်။
စစ်ဘက်ခေတ်မှီရေးနဲ့ နေပြည်တော်ကာကွယ်ရေး
နအဖ ဟာ ခေတ်မှီလက်နက်တွေ ဝယ်ယူရရှိဖို့နဲ့ မိမိရဲ့လက်နက်ကိုင်တပ်တွေကို ခေတ်မှီ
အောင်လုပ်ဖို့ အကြီးအကျယ်ကြိုးစားနေပါတယ်။ အဲဒီလုပ်ဆောင်ချက်တွေထဲက ထူးထူးခြားခြားဝယ်ယူမှု တွေကို အောက်ပါအတိုင်း ဖော်ထုတ်သိရှိရပါတယ်။
၂၀၀၂ ခုမှာ နအဖဟာ မြောက်ကိုးရီးယားနိုင်ငံက ၁၂၂ မမ ဟောင်ဝစ်ဇာ အမြောက်ကြီးတွေ
ဝယ်ခဲ့ပါတယ်။ တရုတ် နိုင်ငံ မြောက်ပိုင်းစက်မှုကော်ပိုရေးရှင်းဆီက လေတပ်သုံး အကြီးစားရေဒါ ၁၅ ခု
ဝယ်ခဲ့ပြီး မင်္ဂလာဒုံလေတပ်စခန်း၊ နမ့်စန်လေတပ်စခန်း၊ ရခိုင်ပြည် အမ်းမြို့နယ် နတ်ရေကန်တောင်ထိပ်
ရေဒါစခန်း၊ ဟိုင်းကြီးကျွန်းရေဒါစခန်း၊ ကိုကိုးကျွန်းရေဒါစခန်းတို့မှာ တပ်ဆင်နေရာချခဲ့ပါတယ်။ ပင်လယ်
ပြင်နဲ့ ကမ်းခြေလုံခြုံရေးအတွက်လည်း ဧရာဝတီတိုင်းထဲက ပြင်ဝိုင်း၊ တိတ်စွန်းနဲ့ တာပင်မှော်ကျွန်းများ၊ ရ
ခိုင်ပြည်ထဲက ကျွန်းသာယာ၊ မေယု၊ မာန်အောင်နဲ့ နံ့သာကျွန်းများ၊ တနင်္သာရီတိုင်းထဲက ကျွန်း (၈) ကျွန်း
တို့မှာ ရေတပ်သုံးရေဒါတွေ တပ်ဆင်ခဲ့တယ်။ နအဖဟာ ရုရှားနိုင်ငံကနေ ၂၀၀၂ ခုထဲမှာဘဲ အမ်အိုင်ဂျီ-၂၉
(၁၀) စီးဝယ်ခဲ့ပြီး ၂၀၀၅ ဖေဖော်ဝါရီမှာ ဒုံးပျံပစ်စင်တွေနဲ့ ဒုံးပျံတင်ထရပ်ကားတွေ၊ ၂၀၀၆ နိုဝင်ဘာမှာ
၁၂၂ မမဒုံးပျံတွေနဲ့ ၂၄၀ မမဒုံးပျံတွေ ဝယ်ခဲ့ပါတယ်။
နအဖဟာ ရေတပ်ကစစ်ဗိုလ်တွေကို အိန္ဒိယနဲ့ရုရှားနိုင်ငံတွေမှာ သင်တန်းတက်ခိုင်းထားပါ
တယ်။ အိန္ဒိယမှာ သင်္ဘောပုံစံတုနဲ့ လေ့ကျင့်ရေး Ship Simulator သင်တန်း၊ ရုရှားမှာ ရေပြင်မှရေပြင်
အမြောက်ပစ်နဲ့ ဒုံးကျည်ပစ်သင်တန်းတွေ တက်ရပါတယ်။ ၂၀၀၇ စက်တင်ဘာမှာ နအဖဟာ သင်္ဘောပစ်
ဒုံးကျည်ပစ်စင် (၂၈) ခုနဲ့တကွ ဆက်စပ်ဒုံးကျည်တွေ ကို အသုတ်လိုက်ခွဲဝယ်ခဲ့ပါတယ်။ အိန္ဒိယနဲ့တရုတ်
နှစ်နိုင်ငံစလုံးက ဗမာပြည်ကို လက်နက်တွေ ရောင်းလည်းရောင်း၊ ပေးလည်းပေးနေပါတယ်။
၂၀၀၇ ခုမှ အိန္ဒိယနိုင်ငံက နအဖကို ၇၆ မမ နဲ့ ၇၅ မမ တောင်ပေါ်ပစ် အမြောက်တွေနဲ့ လေ
ကြောင်းရန်ကာကွယ်ရေး တပ်ရင်း (၁၀) ရင်းအတွက် ၁၂၀ မမ လေယာဉ်ပစ် အမြောက်တွေ ပေးခဲ့ပါ
တယ်။ ၂၀၀၀ ခုမတိုင်ခင်က မြန်မာနိုင်ငံမှာ အမြောက်စခန်းဌာနချုပ် (ဝါ) အမြောက်တပ်မ (၂) ခုပဲရှိခဲ့ပါ
တယ်။ ၂၀၀၄ ခုရောက်တဲ့အခါမှာတော့ အမြောက်တပ်မ (၁၀) ခုနဲ့ဒုံးပျံတပ်မ (၁) ခုအထိတိုးချဲ့ခဲ့ပါတယ်။
စစ်ရုံးချုပ်ကို ပျဉ်းမနားရွှေ့ပြီးတဲ့နောက် တိုင်းစစ်ဌာနချုပ်တွေနဲ့ဆက်သွယ်ဖို့ ဖိုင်ဘာအော့ပ်
တစ် (အလင်းဖန်မျှင်) ကြိုး တွေအသုံးပြုခဲ့ပါတယ်။ နေပြည်တော်ကာကွယ်ရေးစည်းကြောင်း၊ ရန်ကုန်
တိုင်းက ရေဒါစခန်းတွေ၊ လေတပ်စခန်းတွေ၊ ရေတပ်စခန်းတွေ စသည်ဖြင့် မဟာဗျူဟာကျတဲ့နေရာတွေ
ကိုဆက်သွယ်ဖို့ ဂွင်ကျယ်ကွန်ယက် WAN တခုကို သုံးပါတယ်။ ဒါ့အပြင် ပျဉ်းမနားကာကွယ်ရေးအတွက်
စကခ ၆ ရဲ့တပ်ရင်း (၁၀) ရင်းကို ဒေသထဲမှာ ချထားပါတယ်။ ပဲခူးရိုးမနဲ့ တဆက်တစပ်တည်းဖြစ်တဲ့
ပျဉ်းမနားတောင်ညိုမှာ လေယာဉ်ပစ်တပ်ရင်းတရင်းထားပြီး နောက်လေယာဉ် ပစ်တပ်ရင်းတရင်းကိုတော့
ဝဲကြီးနဲ့ သာဝတ္ထိအရှေ့ဘက်မှာ ချထားပါတယ်။ လေယာဉ်ပစ်ဒုံးကျည်တချို့ကိုလည်း ပျဉ်းမနားမြို့ပေါ်မှာ
အခြေစိုက်ထားပါသေးတယ်။ နေပြည်တော်အတွက် အပိုဆောင်းလုံခြုံရေးအဖြစ် သံချပ်ကာ တပ်ရင်း (၂)
ရင်းကို ပျော်ဘွယ်နဲ့ ပျဉ်းမနားကြားမှာ တပ်ချထားပြီး အမြောက်တပ်ရင်း (၃) ရင်းနဲ့ အမြောက်စခန်း ဌာန
ချုပ် အမှတ် ၉၀၁ ကို ပဲခူးတိုင်း ဘောနက်ကြီး - ဘုရားကြီးဒေသမှာ ချထားပါတယ်။
အချက်ပြဆက်သွယ်မှုလုံခြုံရေးအတွက် နအဖဟာ မိမိကိုယ်ပိုင်ဝါယာလက် (ကြိုးမဲ့) ဆက်
သွယ်ရေးစနစ်တွေ ဖော်ထုတ်နေပါတယ်။ ၂၀၀၆ ခုမတိုင်ခင်က XD-D6M ဆက်သွယ်ရေးစက်တွေကို သုံး
ခဲ့တယ်။ ဒီစက်တွေဟာ လှိုင်းနှုန်း .၀၁ မီတာကနေ ၉၉ မီတာအထိ လွှင့်နိုင် ဖမ်းနိုင်ပြီး ဆက်သွယ်မှုကို
အလွယ်တကူ ကြားဖြတ်ဖမ်းယူလို့ ရနိုင်ပါတယ်။ အဲဒါကြောင့် နအဖဟာ တပ်မတော်ပင်မဆက်သွယ်ရေး
အလုပ်ရုံကို စက်ကရိယာသစ်တွေ ထုတ်လုပ်ပေးဖို့ ညွှန်ကြားခဲ့ပါတယ်။ ၂၀၀၆ ခုမှာတော့ ပင်မဆက်သွယ်
ရေးအလုပ်ရုံက တရုတ်နည်းပညာအကူအညီနဲ့ ကြိုးမဲ့ဆက်သွယ်ရေးစက် အသစ်တမျိုး ထုတ်လုပ်ခဲ့ပါ
တယ်။ ဒါကို 2006M1 လို့ ယာယီနာမည်ပေးထားပါတယ်။ စက်အသစ်တွေဟာ လှိုင်းနှုန်း .၀၀၀၀၁ မီတာ
ကနေ .၀၀၀၀၉ မီတာအထိ ထုတ်လွှင့်နိုင်ပါတယ်။ ဒီစက်သစ်တွေနဲ့ပို့လွှတ်တဲ့ သတင်းတွေကို ကြားဖြတ်
ဖမ်းဖို့ အတော့်ကို ခက်ခဲတယ်လို့ ကြားရပါတယ်။
နအဖဟာ ၇၆ မမ နဲ့ ၁၂၀ မမ အမြောက်တွေ၊ မော်တာတွေ၊ ၂၅ ပေါင်ဒါအမြောက်နဲ့ ၁၀၅ မမ
ဟောင်ဝစ်ဇာ အမြောက်တွေအတွက်လည်း ကိုယ်တိုင်ချိန်ရွယ်ပစ်ခတ်တဲ့စနစ်ကို အစားထိုးဖို့ ကွန်ပျူတာ
ဆော့ဖ်ဝဲ တီထွင်ဖော်ထုတ် နေပါတယ်။ မြေပြင်ကရော ဝေဟင်ကပါ အကဲခတ်စနစ်တွေအတွက် ဆော့ဖ်ဝဲ
သုတေသနကိုလည်း ဆောင်ရွက်နေပါတယ်။
ကပစ ၁၆ နဲ့ ၁၉ ကို အကြီးအကျယ်ပြန် လည်မွမ်းမံပြင်ဆင်ပစ်လိုက်ပြီး အပိုပစ္စည်းတွေ
ထုတ်လုပ်နိုင်အောင် လုပ်ထားပါတယ်။ (တရုတ်လက်နက်နဲ့ ရုရှားလက်နက်တွေဟာ အပိုပစ္စည်းတွေနဲ့
ပုံမှန်အစားထိုးလဲလှယ်ဖို့လိုတဲ့ နာမည်ပျက်ရှိပြီး အပူပိုင်းရာသီဥတုမှာ လက်နက်တွေကလည်း ပိုပျက်စီး
ယိုယွင်းလွယ်ပါတယ်။) တာလတ်ပစ်ဒုံးပျံတွေ ထုတ်လုပ်နိုင်ဖို့ နအဖဟာ တရုတ်နဲ့ မြောက်ကိုးရီးယားပါရဂူ
တွေနဲ့ ကပစ ၁၄ ကို ပြင်ဆင်မွမ်းမံခဲ့ပါတယ်။ ကပစ ၁၄ ကို ၂၀၀၀ ပြည့်နှစ်မှာ မကွေးတိုင်း ငဖဲမြို့နယ်မှာ
တည်ဆောက်ခဲ့ပြီး အခု လည်ပတ်ထုတ်လုပ်နေပြီလို့ ယူဆရပါတယ်။ အဲဒီစက်ရုံမှာ ခန့်မှန်းခြေအားဖြင့်
စစ်အင်ဂျင်နီယာ ၃၀၀၀ လောက် အလုပ်လုပ်နေပါတယ်။ (မှတ်ချက်။ အရင်က နအဖအနေနဲ့ တာလတ်ပစ်
ဒုံးပျံတွေ ထုတ်လုပ်နိုင်ဖို့ ငါးနှစ်လောက်ကြာအုံးမယ်လို့ ကျနော်တို့ ခန့်မှန်းခဲ့ပါတယ်။ ဒါပေမဲ့ အဲဒါက ရုရှား လုပ် ပဲ့ထိန်းဒုံးပျံတွေကို ဆိုလိုတာဖြစ်လို့ သီးခြားစီမံကိန်း ဖြစ်နိုင်ပါတယ်။)
နိဂုံး
နအဖအနေနဲ့ နျူကလီးယားလက်နက်တွေကို သဲကြီးမဲကြီးကြိုးပမ်းနေတာဟာ (တခြားစီမံ
ကိန်းကြီးတွေလည်း ရှိသေးတယ်) ထိုင်းနိုင်ငံခေါင်းဆောင်တွေနဲ့ တကမ္ဘာလုံးက အထူးစိုးရိမ်ပူပန်သင့်ပါ
တယ်။ ထိုင်းအစိုးရနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက စစ်အုပ်စုအပေါ် ချော့မြှူရေးပေါ်လစီ ကျင့်သုံးနေတာ
ကို လုံးဝပြောင်းပြန်လှန်ပစ်ဖို့ လိုပါတယ်။ နအဖဟာ အဆိုးဆုံးအန္တရာယ်ကြီးဖြစ်ပါတယ်။ ဒါကို ရပ်တန့်ပစ်
ရပါမယ်။ ရုရှားနဲ့ တရုတ်ဗီတိုအာဏာတွေ ပါနေတဲ့ လုံခြုံရေးကောင်စီဟာ ကိုင်တွယ်နိုင်စွမ်းမရှိတဲ့အတွက်
တခြားရွေးစရာဖြေရှင်းချက် ရှိရပါမယ်။ တကယ့်လက်တွေ့ ဖြေရှင်းနိုင်တာက အမေရိကန်တခုပဲရှိပြီး သူ့
တနိုင်ငံတည်းကဖြစ်စေ သို့မဟုတ် တခြားစိုးရိမ်ပူပန်တဲ့နိုင်ငံတွေနဲ့ (ထိုင်းနိုင်ငံ?) ပူးတွဲ၍ဖြစ်စေ မြန်မာ
နိုင်ငံကပြည်သူတွေ မိမိတို့ဖာသာလွတ်မြောက်အောင် ကြိုးပမ်းနေတာကိုကူညီပေးဖို့ လမ်းတခုပဲရှိပါ
တယ်။ အဲဒီအတွက် လိုအပ်သမျှ ဘာနည်းလမ်းဘဲဖြစ်ဖြစ် အသုံးပြုရမှာဖြစ်ပါတယ်။
ရည်ညွှန်း။ ။ အာဏာရှင်စောင့်ကြည့်ရေးအဖွဲ့ Dictator Watch မှ Roland Watson ရေး ၂၀၀၈ သြဂုတ် ၇ ရက်စွဲပါ ရုရှား-မြန်မာ နျူကလီးယားထောက်လှမ်းချက် အစီရင်ခံစာ
ဂါမဏိ
|
|
လက်နက်ကိုင်တော်လှန်ရေး၊ ကန့်သတ်စစ်ပွဲနှင့် နိုင်ငံရေးချိန်ခွင်လျှာ
ခင်မမမျိုး
Sunday, November 09, 2008
သမိုင်းကြောင်းအရ မြန်မာ့နိုင်ငံရေးပါဝါညီမျှချင်းဟာ ၁၉၈၈ မှာ 3= 17 အခြေအနေအထိ ဖြစ်သွား ခဲ့ဖူးပါပြီ။ ကြားဖြတ်အစိုးရ အချိန်နဲ့အညီပေါ်ပေါက်ရန် နှောင့်နှေးခဲ့မှုကြောင့် ရန်သူက ငြိမ်ပိအဖွဲ့အနေနဲ့ ပါဝါညီမျှခြင်းကို ပြန်ညှိယူသွားခဲ့တာပါ။ ဒီလိုညှိသွားခြင်းအားဖြင့် ချိန်ခွင်လျှာက ရန်သူ့ဘက်ကို အလေးအ နည်းငယ် ပြန်သာသွားပါတယ်။
... အပြည့်အစုံသို့
|
|
|
⇒
ဒို့ခေတ်ကို ရောက်ကိုရောက်ရလိမ့်မယ်
ဂါမဏိ
Monday, October 20, 2008
“နည်းနည်းလေးမှမဖြစ်နိုင်ဘူး” ဟု သူမကတုန့်ပြန်သည်။ “ဘာလို့လဲဆိုတော့ ရင်းနှီး မြှုပ်နှံမှုအသစ်တွေက ရေပေါ်ဆီလက်တဆုပ်စာကိုဘဲ ပိုချမ်းသာသထက် ချမ်းသာစေ တယ်။ တပြည်လုံးမှာ အဓမ္မလုပ်အားပေးတွေဖြစ်နေတယ်၊ အဲဒီစီမံကိန်းအတော် များများက ကမ္ဘာလှည့်ခရီးသည်လုပ်ငန်းအတွက် ရည်ရွယ်ထားပြီး ကလေးလုပ်အား နဲ့ လုပ်နေတာဘဲ။”
... အပြည့်အစုံသို့
|
|
|
⇒
Strategic Doctrine နှင့် ကမ္ဘာ့အရေး၊ မြန်မာ့အရေး
ခင်မမမျိုး
Friday, October 03, 2008
ပြည်တွင်းလူထုတိုက်ပွဲကိုပြပြီး၊ နိုင်ငံတကာဝင်ပေးပါဆိုပြီး တောင်းဆိုမယ့် doctrine လား၊ ယူအင်နဲ့ပြည်ပက ၀င်ရောက်စွက်ဖက်ပေးပါလို့ ထိုင်အော်နေမယ့် doctrine လား၊ နအဖကို compromise လုပ်ရမယ် ဆိုပြီး ခေါင်းပုတ်ကျော သပ် သွားခံမယ့် doctrine လား၊ လူထုတိုက်ပွဲနဲ့ လက်နက်ကိုင်တော်လှန်ရေး ...
|
|
|
⇒
အကြပ်အတည်းကို အခွင့်အလမ်းအဖြစ် လှည့်ပြောင်း
ရှင်ဒိသာ
Monday, September 29, 2008
ကျနော်တို့အနေနဲ့ ပဒမဖရဲ့ အားနည်းချက် အတော်များများကိုလည်း အသိအမှတ် ပြုရမယ်။ ပဒမဖ ရဲ့ အဓိကခေါင်းဆောင် (၅) ဦးနဲ့ အခြားဦးဆောင်သူတွေဟာ ဒေါသရှေ့ထားပြီး လုပ်ဆောင်နေကြတယ်။ သူတို့ကိုယ်သူတို့ လက်ျာဂိုဏ်းအနေနဲ့ ဂုဏ်ယူပြောဆိုနေသလို ...
|
|
|
⇒
လွမ်းစရာရှိမှ လွမ်းပါတယ်
လူထုစိန်ဝင်း
Thursday, September 25, 2008
သခင်ခေတ်မှာ သခင်စဖြစ်ခဲ့ပြီး၊ အင်္ဂလိပ်အစိုးရကို ကလော်တုတ်ခဲ့ဖူးပါတယ်။ ဂျပန်ခေတ်ရောက်တော့ အာရှလူငယ်ဖြစ်လိုက်၊ နောက်တော့အလံနီဖြစ်လိုက် ဗကပဖြစ်လိုက်နဲ့ ထောင်တွေဘာတွေလည်း လူ အထင်ကြီးခံရရုံလောက် ကျဖူးပါတယ်။
|
|
|
⇒
ပခုက္ကူ - စက်တင်ဘာ နဲ့ သမိုင်းစဉ်ထဲက ရွှေဝါရောင်မှတ်တိုင်များဆီ
ဝင်းတင့်ထွန်း
Wednesday, September 17, 2008
ဗမာ့နိုင်ငံရေး လှုပ်ရှားမှုသမိုင်းမှာ - ဗမာပြည်က ဘယ်နိုင်ငံရေးသမား တော်လှန်ရေးသမားမဆို၊ လေး လေး စားစား တန်ဖိုးထားဦးခိုက်အသိအမှတ်ပြုရထားရမယ့်၊ အငြင်းပွားဖွယ်မရှိ - တကယ့် အထင်ကရ သံဃာ့အာဇာနည်ကြီးနှစ်ပါး ရှိခဲ့ပါတယ်၊၊ အဲဒါကတော့ - ဆရာတော်ဦးဥတ္တမနဲ့ ...
|
|
|
⇒
ထောက်ခံရမှာလား - ကန့်ကွက်ရမှာလား ကိုပူတင်
ဂါမဏိ
Thursday, September 11, 2008
အခုအရေးအခင်းရဲ့ နောက်ခံသမိုင်းကြောင်းကတော့ တောင်အိုဆက်တီးယားနဲ့ အက်ဘ်ခါဇီးယား ပြည် နယ်တွေဟာ အရင်တုံးက ဂျော်ဂျီယာနိုင်ငံထဲက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်များဖြစ်ခဲ့ပြီး ၁၉၉၁ ခုမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အဆင့် ပိုတောင်းတဲ့အတွက် ဂျော်ဂျီယာအစိုးရနဲ့ ပဋိပက္ခဖြစ်ခဲ့ပါတယ်။
….
|
|
|
⇒
ဟိမ၀န္တာကျားသစ်နက်ကြီးသို့ လွမ်းဆွတ်ခြင်း …
ဒေါက်တာလွဏ်းဆွေ
Thursday, September 04, 2008
ထို့နောက် ဆရာချောက ကျနော့်ကို စာရွက်လေးတစ်ရွက် ပေးဖတ် သည်။ စာရွက်ပေါ်တွင် နာမည်တွေ တန်းစီရေးထားပြီး အမည်တစ်ခုချင်းဘေးတွင် ငွေပမာဏတွေကိုစီ ရေးထားတာတွေ့ရသည်။ ကျနော့် နာမည်အပါအ၀င် နာမည်တစ်ဒါဇင်လောက် ….
|
|
|
⇒
အမှတ်တရ မောင်ချောနွယ် (သို့) မသေတဲ့ ကဗျာ
ကမာပုလဲ
Thursday, September 04, 2008
ကဗျာဆရာ တယောက် အဖြစ် ကိုယ့်ကိုယ်ကိုယ် ပစ်ချ စိုက်ပျိုးခဲ့တဲ့ ကိုချောနွယ်ရဲ့ ဘ၀ဟာ ကြောက်စရာ ကောင်းတဲ့ ရူးသွပ်ဖွယ်ရာ ဒုက္ခတွေနဲ့ အတိပြီးလို့ …။ အဲဒီ လို နာကျင်နေတဲ့ နှလုံးသားနဲ့ သူ့မြို့ကလေးကို ပုံဖေါ်ပြန်တော့လည်း ….
|
|
|
⇒
စက်တင်ဘာရပ်ဝန်းမှာ ငါတို့ဆုံးခဲ့ရ
ကိုမွှေး
Thursday, September 04, 2008
ပြည်မြို့သည် မာယာကော့ဖ်စကီးထက်ခမ်းနားသော အမြည်းအစားနည်းသည့် ကဗျာဆရာကို မွေးထုတ် ပေးခဲ့သလို မျိုးဆက်နှင့် တော်လှန်သူအပေါင်းကိုလည်း မွေးထုတ်ပေးရန် တာဝန်မပျက်ကွက်ခဲ့သော မြို့ ကောင်း မြို့သန့်တစ်မြို့၊ ထိုမြို့ကောင်းမြို့သန့်၏ ...
|
|
|
⇒
မှတ်မှတ်ရရ … ဆရာချောနွယ်
ညိုထက်(လမ်းသစ်ဦး)
Thursday, September 04, 2008
ကျနော်မှာ ကဗျာစာအုပ်ကလေး ၂ အုပ် ရှိခဲ့ဖူးတယ်။ ပဉ္စမအကြိမ်ညီလာခံကို ဂုဏ်ပြုထုတ်ဝေတဲ့ “မချစ် မနှစ် သက်သူတို့နဲ့ ကွေကွင်းပြီးနောက်” ကဗျာစာအုပ်ကို မောင်ချောနွယ်ဆန်တယ်လို့ ဝေဖန်တာ ခံရဖူး တယ်။ ကျနော်ရေးခဲ့တဲ့ ၀ထ္ထု၊ အက်ဆေးတွေမှာ ...
|
|
|
⇒
ဆိုင်ဘာအတိုက်အခံတယောက်၏အရှုံး
ဂါမဏိ
Tuesday, September 02, 2008
ဒါပေမဲ့ ဖေ့စ်ဘွတ်က်လှုပ်ရှားတက်ကြွသူတွေရဲ့အတွေ့အကြုံက ဖိနှိပ်ချုပ်ချယ်တဲ့အစိုးရတရပ်ကို ဆန့်ကျင် အတိုက်အခံပြုရာမှာ နည်းပညာပိုင်းရဲ့ အကန့်အသတ်တွေကို ပြသခဲ့ပါတယ်။ မာဟာ ဟာ ပြီးခဲ့တဲ့နှစ်လ အတွင်း နိုင်ငံရေးလှုပ်ရှားတက်ကြွမှုကြောင့် အဖမ်းခံရတဲ့ အိဂျစ်နိုင်ငံသား ၅၀၀ ထဲမှာဘဲ လမ်းဆုံးသွားပြီး ကိုင်ရိုမြို့က ရဲစခန်းတခုထဲမှာ ကိုယ်တုံးလုံးချွတ် ထုတ်မှာဆွဲ အရိုက်ခံတဲ့အခြေဆိုက်ဖို့သာ များပါတယ်။
|
|
|
⇒
ဂမ္ဘာရီ ဆိုတဲ့ ဂန္ဘလား
ဂါမဏိ
Sunday, August 24, 2008
မြန်မာနိုင်ငံပြဿနာကို ဝင်ရောက်ကူညီဖြေရှင်းပေးနိုင်ဖို့ဆိုပြီး ကုလအတွင်းရေးမှူးချုပ်က နိုင်ဂျီးရီးယား နိုင်ငံသား အီဘရာဟင်ဂမ်ဘာရီကို ၂ဝဝ၅ ခုနှစ်ကစလို့ ကုလအထူးတမန်အဖြစ် ခန့်ထားခဲ့ပါတယ်။ နိုင်ဂျီးရီးယားနိုင်ငံသမိုင်းမှာ အကြမ်းကြုတ်အရက်စက်ဆုံးနဲ့ ခြအစားဆုံး စစ်အာဏာရှင် ဆံနီအဘာချာ အစိုးရလက်ထက် (၁၉၉၃-၉၈) မှာ ဂမ်ဘာရီ ဘာလုပ်ခဲ့သလဲ။
|
|
|
⇒
၁၀ နှစ်အထက်ကလေးများ ပိုမိုအလှုခံလာကြခြင်း ...
ဆန်တာကလော့စ် (ခေတ္တ - အင်္ဂပူ)
Thursday, August 21, 2008
“ ဒီနေ့အဖို့ရာ လာကြတာ
ကလေးတွေသိပ်များတာ
မြ၀တီဘက်က ကလေးတွေဟာ
လူကြီးတွေရဲ့ကိုယ်စားလာ
လူကြီးတွေက မအားပါ၊ နေ့စဉ်ဝမ်းစာရှာ
ကလေးတွေက များများလာ၊ ဒီနှစ်အလှုပွဲမှာ … ”
|
|
|
⇒
ကျွန်မတို့ဘာတွေပြင်ဆင်ထားပြီးပြီလဲ
ခင်မမမျိုး
Sunday, August 17, 2008
မြန်မာနိုင်ငံမှာ ဒီမိုကရေစီရရင်ဆိုတဲ့စကားလုံးကို ကျွန်မတို့တွေ ပြောလေ့ရှိကြပါတယ်။ အထူးသဖြင့် ပြည်ပ မှာနိုင်ငံရေးလုပ်နေရင်း မွေးရပ်မြေကို လွမ်းဆွတ်ကြတဲ့အခါ၊ မွေးရပ်မြေအကြောင်းပြောဆိုကြတဲ့ အခါမှာ ပြောဆိုလေ့ရှိကြပါတယ်။ စစ်အစိုးရကြောင့် တိုင်းပြည်ကြီးရစရာမရှိအောင် ပျက်စီးနေတာတွေ၊ တိုးတက်မှု မရှိပဲ ဆုတ်ယုတ်နေတာတွေကို တွေးမိတဲ့အခါတိုင်း ဒေါသတွေထွက်မိကြ ...
|
|
|
|
|