“စာနယ်ဇင်းသမားမှာလုပ်ချင်၏ အမှန်တရားကိုဆုပ်ကိုင်ရဲဝံ့ မရဲဝံ့”
(နိဂုံးပိုင်း)

စိုးနေလင်း
Tuesday, March 09, 2010


ML.Stein က အဲဒီ သူ့ရဲ့စာအုပ်ထဲမှာပဲ “စာနယ်ဇင်းသမားတယာက်ဟာ မှန်ကန်တဲ့အရာကိုပဲရေးရပါမယ်။ သူဟာတစုံတယောက် ဒါမှမဟုတ် အုပ်စုတစု ကျေနပ်နှစ်သိမ့်မှုရစေဖို့ အချက်အလက်တွေကို ဘယ်တော့မှ ပြောင်းလဲမပေးရပါဘူး။ တချို့ ပရိသတ်တွေက ခင်ဗျားတို့ရဲ့ သတင်းဆောင်းပါးတွေကို နှစ်သက်ချင်မှ နှစ်သက်ပါလမ့်မယ်။ ဒေါသထွက်ရင်တောင် ထွက်နိင်တယ်ဆိုတာ ခင်ဗျားတို့ သိလောက်ပါပြီ။ တကယ်လို့ ခင်ဗျားတို့ရဲ့ အချက်အလက်တွေဟာ မှန်ကန်နေမယ်ဆိုရင်တော့ အဲဒါဟာပဲ အရေးအကြီးဆုံး ဖြစ်ပါ တယ်။” လို့ သူကရေးသားခဲ့ပါတယ်။

ဒီနေရာမှာ သတင်းစာဆရာကြီး လူထုစိန်ဝင်းရေးသားခဲ့တဲ့ “ဦးဝင်း တင် (သို့မဟုတ်) တော်လည်းတော် ကောင်းလည်းကောင်းတဲ့သူ” ဆို တဲ့ ဆောင်ပါးထဲက အချက်အလက်တခုကို ကိုယ်းကားတင်ပြချင်ပါ တယ် ဆရာက “မြန်မာစာနယ်ဇင်းလောကကို လွတ်လပ်ရေးခေတ် နောက်ပိုင်းမှာ ဦးဆောင်ခဲ့တဲ့သူအများစုဟာ လွတ်လပ်ရေးတိုက်ပွဲစဉ် တလျှောက်မှာ တနည်းမဟုတ်တနည်း ပါဝင်ခဲ့ကြတဲ့ တိုင်းချစ်ပြည် ချစ် ပုဂ္ဂိုလ်ကြီးများ ဖြစ်ပါတယ်။ တိုင်းပြည်ရဲ့လိုအပ်ချက်အရ သတင်း စာလောကထဲကို ဝင်ရောက်ခဲ့ကြတာဖြစ်လို့ သူတိုရဲ့ ကလောင်ဟာ ယိမ်းနွဲ့ပါး ကလောင်ပါ။ ပြည့်ရန်စွယ် ပြည့်ရန်ငြှောင့်များရဲ့ အန္တရာယ် က ပြည်သူအများကို ကာကွယ်စောင့်ရှောက်မှုပြုတဲ့ ကလောင် ဖြစ်ပါ တယ်။” လို့ သူ့ဆောင်းပါးထဲမှာ ရေးသားဖော်ပြခဲ့ပါတယ်။


ဆရာလူထုစိန်ဝင်းပြောသလိုပြောရရင် ၆၂ ခုနှစ် စစ်အာဏာသိမ်းပြီးတဲ့အချိန်ကတည်းက မြန်မာစာနယ်ဇင်းလောက (အစိုးရလက် ကိုင်တုတ် အလိုတော်ရိသတင်းစာသမားများ မပါ) ကို ဦးဆောင်ဦးရွက်ပြု၊ စာနယ်ဇင်းလောကမှာ ကျရာတာဝန်ကို တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ခဲ့ကြသူ အများစုဟာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ကျောင်းသား၊ အလုပ်သမားနဲ့ပြည်သူလူထုရဲ့ တိုက်ပွဲစဉ်တ လျှောက်မှာ တနည်းနည်းနဲ့ ပါဝင်ဆာင်ရွက်ခဲ့ကြတဲ့ လူ့အခွင့်အရေး ဒီမိုကရေစီရေး ငြိမ်းချမ်းရေးကို ချစ်ခင်မြတ်နိုးခဲ့ကြတဲ့ တိုင်းချစ် ပြည်ချစ် ပုဂ္ဂိုလ်တွေ ဖြစ်ကြပါတယ်။ ဥပမာအားဖြင့် လူထုဦးလှ၊ လူထုဒေါ်အမာ၊ ဆရာမကြီးဒေါ်ခင်မျိုးချစ်၊ ဆရာကြီး ဦးခင်မောင် လတ်၊ ဆရာဦးဝင်းတင်၊ ဆရာလူထုစိန်ဝင်း စတဲ့စာရေးဆရာ သတင်းစာဆရာ ဆရာမကြီးတွေဟာ ဖောက်ပြန်မှားယွင်းတဲ့ စစ်အာ ဏာရှင်အစိုးရကိုသူတို့ရဲ့ကလောင်နဲ့ အမှန်တရားအတွက် ရဲရဲရင့်ရင့် ဆန့်ကျင်တိုက်ခိုက်ခဲ့ကြသူတွေဖြစ်တယ်ဆိုတာ မြန်မာနိုင်ငံ သားတိုင်း သိပြီးဖြစ်ကြပါတယ်။ အမြဲတမ်း အမှန်တရားဖက်က ပြည်သူလူထုဘက်ကရပ်တည်ခဲ့ကြတဲ့ စာနယ်ဇင်းသမားကြီးတွေ ဖြစ် ကြပါတယ်။

ဒီကနေ့ ကျနော်တို့ မြန်မာနိုင်ငံက ပြည်သူလူထုဟာ စစ်အာဏာရှင်စနစ်ဆိုးအောက်မှာ ဆင်းရဲဒုက္ခအမျိုးမျိုးကို ခါးစည်းခံနေကြရပါ တယ်။ တိုင်းပြည်ဟာ နိင်ငံရေး စီးပွားရေး လူမှုရေး ပညာရေး ကျန်းမာရေး ယဉ်ကျေးမှု စတဲ့ကဏ္ဍမျိုးစုံမှာ လူချင်းတူတူ သူချင်းမျှမျှ မ ရှိပဲ အောက်တန်းနောက်တန်း အကျကြီးကျနေခဲ့တဲ့ အခြေအနေဖြစ်တယ်ဆိုတာ အားလုံးသိပြီးဖြစ်ကြပါတယ်။ တိုင်းပြည်ဟာ အမှန် ရားကို ချစ်မြတ်နိုးသူတွေ၊ အမှန်တရားဘက်က ရဲရဲဝန့်ဝန့်ရပ်တည်ရဲ ခုခံကာကွယ်ရဲသူတွေ အများကြီးလိုအပ်နေပါတယ်။ ပြည်သူလူ ထုကြီးကို မှန်ကန်တဲ့သတင်းအချက်အလက်တွေ ဖော်ထုတ်တင်ပြပေးပြီး မတရားဖိနှိပ်ချုပ်ချယ် ညှင်းပမ်းနှိပ်စက်နေသူတွေဖြစ်တဲ့ စစ် အာဏာရှင်တွေရဲ့ ဘေးရန်အန္တရာယ်တွေကနေ အကာအကွယ်ပေးနိုင်ကြမယ့် သတင်းစာသမားတွေ စာနယ်ဇင်းသမားတွေ အများ ကြီးလိုအပ်နေတဲ့အချိန်လို့ ဆိုရပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ စစ်အာဏာရှင်တွေဟာ သူတို့မတရားရယူထားတဲ့ အာဏာကိုအသုံးပြု ပြီး အမှန်တရားကိုပြည်သူလူထုမသိရအောင်ဖုံးကွယ်၊ အမှန်တရားကို အမှန်တရားမှန်းမသိအောင် ပုံဖျက်စတာတွေကို အစီအစဉ်ရှိရှိ လုပ်နေရုံသာမကပဲ အမှန်တရားကိုဖော်ထုတ်ပြောဆိုမှု၊ ရေးသားမှုမလုပ်ရဲအောင် အမှန်တရားဘက်ကမရပ်တည်ရဲ အမှန်တရားကို မ ကာကွယ်ရဲအောင် ကောက်ကျစ်စဉ်းလဲ ရက်စက်ကြမ်းတမ်း လူမဆံတဲ့ နည်းလမ်းပေါင်းစုံနဲ့ ဖိနှိပ်ချယ်လှယ်နေတဲ့ အချိန်ဖြစ်လို့ပါပဲ။

အဲဒီအခြေအနေကို ပြောင်းလဲပစ်နိုင်ဖို့ ပြည်သူလူထုကို အမှန်တရားကို ဖော်ထုတ်ပြသမှန်ကန်တဲ့လမ်းကြောင်းကို လမ်းညွှန်ပြသနိုင် သူတွေဟာ စာနယ်ဇင်းသမားတွေပဲ ဖြစ်ကြပါတယ်။ စာနယ်ဇင်းသမားတွေရဲ့ အင်အားနဲ့ လက်နက်ဟာ သူတို့တွေကိုင်စွဲထားတဲ့ က လောင်ပဲ ဖြစ်ပါတယ်။ “လှံစွပ်တထောင်ထက် အတိုက်အခံသတင်းစာလေးစောင်က ပိုပြီးကြောက်စရာကောင်းတယ်။” လို့ နပိုလီယမ် ဘိုနာဘတ် လို ကမ္ဘာကျော်စစ်ဗိုလ်ချုပ်ကြီးကတောင် ခန့်ညားခဲ့ရတာကိုကြည့်ရင် သတင်းစာရဲ့စွမ်းအား စာနယ်ဇင်းသမားတွေရဲ့ လှုပ်ရှားလုပ်ဆာင်နိုင်စွမ်းကို သိနိုင်ကြပါတယ်။ အမှန်တရားဘက်က ရဲရဲရင့်ရင့်ရပ်တည်ရဲ ပြည်သူလူထု အမှန်တရားသမြင်နိုင်ရေးကို သတ္တရှိရှိလုပ်ဆောင်ရဲတဲ့ သတင်းစာတွေဟာသိန်းသောင်းချီတဲ့ လက်နက်ကိုင်စစ်တပ်တွေထက် ပိုပြီးတန်ခိုးစွမ်းအားကြီးမားကြပါ တယ်။ အဲဒါဟာအမှန်တရားဘက်က ခိုင်ခိုင်မာမာရပ်တည်ပြီး ပြည်သူလူထုအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်နေတဲ့ သူတို့ရဲ့ က လောင်လက်နက်ကြောင့်ပဲ ဖြစ်ပါတယ်။

ဒါပေမယ့် အဲဒီအစွမ်းထက်တဲ့ ကလောင်လက်နက်ကို အမှန်တရားနဲ့ ပြည်သူလူထုဘက်က ရပ်တည်ကာကွယ်ပေးရမယ့်အစား အ မှန်တရားရဲ့ ဆန့်ကျင်ဘက်၊ ပြည်သူလူထုအကျိုးစီိးပွားနဲ့ ဆန့်ကျင်တဲ့ဘက်က ရပ်တည်ကိုင်စွဲကြမယ်ဆိုရင်တော့ ဖောက်ပြန်တဲ့ က လောင်တွေ တနည်းအားဖြင့် ဖောက်ပြန်တဲ့စာနယ်ဇင်းသမားတွေ ဖြစ်သွားမှာပဲ ဖြစ်ပါတယ်။ သတင်းသမားတွေ၊ ဆောင်းပါးရှင်တွေ၊ ဝေဖန်သုံးသပ်သူတွေ စတဲ့စာနယ်ဇင်းသမားတွေမှာ အရေးအသားကျွမ်းကျင်သူ အရေးအသားသိပ်ကောင်းတဲ့သူတွေ ရှိပါတယ်။ သူ တို့က သူတို့ရဲ့အရေးအသား ကျွမ်းကျင်ပိုင်နိုင်မှုနဲ့ ပရိသတ်ရဲ့အာရုံကိုဆွဲယူတတ်ကြပါတယ်။ အဲဒီလိုစာရေးဆရာ စာနယ်ဇင်းသမား တွေဟာ အမှန်တရားကိုမကိုင်စွဲ အမှန်တရားဘက်ကမရပ်တည်တော့ပဲ မတရားမှုဘက်ကရပ်တည် ပြည်သူလူထုကိုအမှောင်ချပြီး ဖိ နှိပ်အုပ်စိုးသူ လူနည်းစုဘက်က ရပ်တည်သွားပြီဆိုရင်တော့ အမှန်တရားအတွက် ပြည်သူလူထုအတွက် အများကြီးအန္တရယ်ရှိပါတယ်။ ML.Stein ကပဲ How to be a journalist ဆိုတဲ့သူ့ရဲ့စာအုပ်ထဲမှာ “အချက်အလက်တွေက မှားနေလို့ကတော့ ကမ္ဘာ့အကောင်းဆုံး အရေးအသားဟာလည်း ဘာတန်ဘိုးမှရှိမှာ မဟုတ်ပါဘူး” လို့ ရေးသားဖော်ပြခဲ့ပါတယ်။ အလွန်မှန်ကန်တဲ့ အကဲဖြတ်တန်ဘိုးသတ် မှတ်မှုပဲ ဖြစ်ပါတယ်။ စာနယ်ဇင်းသမားတယောက်အတွက် အရေးအသားကောင်းမှုဟာ အရေးအကြီးဆုံး အဓိကတန်ဘိုးမဟုတ်ပါ ဘူး။ သူ့ရဲ့အရည်အသွေးကောင်းတခုသာဖြစ်ပါတယ်။ သူ့ရဲ့တကယ့်စစ်မှန်တဲ့တန်ဘိုးကိုတော့ အမှန်တရားကိုကိုင်စွဲပြီး လူ့လောကရဲ့ ကောင်းကျိုး၊ သူ့ပြည်သူလူထုရဲ့ကောင်းကျိုးကို သူဘယ်လောက်သယ်ပိုးထမ်းဆောင်နိုင်တယ်ဆိုတဲ့အချက်နဲ့ တိုင်းတာရမှာပါပဲ။

ဒီနေရာမှာ ဒီကနေ့ ကျနော်တို့ မြန်မာနိုင်ငံက လူငယ်စာနယ်ဇင်းသမားတွေ အတုယူရမယ့် အမှန်တရားနဲ့ ပြည်သူလူထုဘက်က ကိုယ်ကျိုးကို လုံးဝမငဲ့ထည့်မစဉ်းစားပဲ ရဲရဲဝန့်ဝန့်ရပ်တည်ရဲခဲ့တဲ့ ရပ်တည်နေဆဲလည်းဖြစ်တဲ့သတင်းစာဆရာ စာရေးဆရာကြီး ဆရာ ဦးဝင်းတင်ရဲ့အကြောင်းကို နည်းနည်းတင်ပြချင်ပါတယ်။ ဆရာဦးဝင်းတင် ကို စစ်အစိုးရက ဖမ်းဆီးထောင်ဒဏ်ချမှတ်ထားတဲ့ အချိန် ကာလအတောအတွင်းမှာ စစ်အစိုးရက သူတို့နဲ့ပူးပေါင်းဆောင်ရွက်ဖို့မက်လုံးပေးကမ်းလှမ်းသိမ်းသွင်းခဲ့ဖူးပါတယ်။

အဲဒီအချိန်မှာ ဆရာဦးဝင်းတင်က “တိုင်းပြည်အတွက်ကတော့ ကျုပ်သေတပန်သက်တဆုံး အလုပ်အကျွေးပြုသွားမှာပဲ။ ဒါပေမယ့် ခင်ဗျားတို့ စစ်အာဏာရှင်ကြီးစိုးတဲ့ စစ်တပ်အတွက်တော့ ကျုပ်တသက်လုံးဘယ်တော့မှ အလုပ်အကျွေးပြုမှာမဟုတ်ဘူး။ စစ်ဒသန လွှမ်းမိုးရေးအတွက် ကျုပ်ကလောင်ကို ဘယ်တော့မှအသုံးချမှာ မဟုတ်ဘူး။” လို့ ပြတ်ပြတ်သားသား ငြင်းဆန်တုန့်ပြန်ခဲ့ပါတယ်။ အဲဒီ အတွက်ဆရာဟာ လွတ်ခါနီးမှ ထပ်ပြီးအပြစ်ရှာထောင်ချခံခဲ့ရပါတယ်။ ဒါပေမယ့် ဆရာဦးဝင်းတင်ဟာ အမှန်တရားအတွက် အဲဒီ အ ပြစ်ဒဏ်ကို ထီမထင်ကြံ့ကြံ့ခံ ရှင်သန်နေထိုင်ခဲ့ပါတယ်။

နိဂုံးအနေနဲ့ကတော့ စာနယ်ဇင်းသမားတယောက်ဟာ အမှန်တရားကို ရဲရဲဝံ့ဝံ့ဆုပ်ကိုင်ရဲမှသာ စစ်မှန်တဲ့စာနယ်ဇင်းသမား တယောက် ဖြစ်နိုင်တယ်ဆိုတဲ့အချက်နဲ့ ဆက်နွယ်ပြီး တိုင်းပြည်တပြည်မှာသတင်းစာတွေရဲ့ အခန်းကဏ္ဍကို နည်းနည်းတင်ပြပါမယ်။ ဒီမိုကရေစီ နိုင်ငံတွေမှာ သတင်းစာကို “စတုထ္တမဏ္ဍိုင်” လို့ တင်စားခေါ်ဝေါ်ကြပါတယ်။ ဥပဒေပြုရေးမဏ္ဍိုင် (ပါလီမန်လွှတ်တော်)၊ တရားစီရင် ရေးမဏ္ဍိုင် (လွတ်လပ်သောတရားရုံးများ) နဲ့ အုပ်ချုပ်ရေးမဏ္ဍိုင် (အစိုးရယန္တရား) လို့ ခေါ်တဲ့ မဏ္ဍိုင်ကြီးသုံးရပ်ဟာ တိုင်းပြည် တ ပြည်ရဲ့အရေးအကြီးဆုံးမဏ္ဍိုင်ကြီးတွေဖြစ်ပြီး အဲဒီမဏ္ဍိုင်ကြီးသုံးရပ်ကို မှန်ကန်တည့်မတ်ရအောင် ပြည်သူလူထုရဲ့ဘက်က ထိမ်းညှိ ပေးတဲ့ မဏ္ဍိုင်တရပ်အဖြစ်သတ်မှတ်ပြီး စတုထ္တမဏ္ဍိုင်ဆိုတဲ့နေရာကို ပေးထားတာဖြစ်ပါတယ်။ တိုင်းပြည်တပြည်ရဲ့ အဓိကမဏ္ဍိုင်ကြီး သုံးခု မှန်မှန်ကန်ကန် ပြည်သူလူထုတရပ်လုံးရဲ့ အကျိုးစီးပွားကို တာဝန်ကျေကျေပွန်ပွန် ထမ်းဆောင်နေကြရဲ့လား၊ ဘယ်မဏ္ဍိုင်က ဖောက်လွဲဖောက်ပြန်ဖြစ်နေသလဲ၊ ဘယ်မဏ္ဍိုင်ရဲ့ လုပ်ငန်းဆောင်တာကို ဘယ်မဏ္ဍိုင် ဝင်ရောက်နှောက်ယှက်နေသလဲ ဆိုတာကို စောင့်ကြည့်ပြီး မှားယွင်းဖောက်ပြန်မှု တွေတွေ့တာနဲ့တပြိုင်နက် ပြည်သူလူထုကို ဖော်ထုတ်တင်ပြပေးဖို့ တာဝန်ရှိပါတယ်။ အဲဒါဟာ စတုထ္တမဏ္ဍိုင်လို့ခေါ်တဲ့သတင်းစာ စာနယ်ဇင်းရဲ့တာဝန်ပဲဖြစ်ပါတယ်။

တကယ်တော့ သတင်းစာဆိုတာ တိုင်းသူပြည်သားတွေက အစိုးရကိုစကားပြောတဲ့ နေရာပါပဲ။ အဲဒီတာဝန်အပြင် ပြည်သူလူထုချင်း ပြောစကား၊ အစိုးရအချင်းချင်းပြောစကားတွေကိုလည်း ဖော်ပြအသိပေးဖို့ တာဝန်ရှိပါတယ်။ ဒီကနေ့ခေတ်မှာတော့ သတင်းစာရဲ့ တာ ဝန်ဝတ္တရားတွေအပြင် အသိပညာပေးခြင်း စည်းရုံးလှုန့်ဆော်ခြင်း၊ ဝါဒဖြန့်ချိခြင်း စတဲ့တာဝန်တွေကိုလည်း ထမ်းဆောင်နေကြပါတယ်။ အဲဒီတာဝန်တွေကို သတင်းစာ စာနယ်ဇင်းတွေကမှန်မှန်ကန်ကန် ထမ်းဆောင်နိုင်ဖို့၊ တာဝန်ကျေပွန်ဖို့ အဓိကလိုအပ်ချက်ကတော့ အမှန်တရားကို မြဲမြဲမြန်မြန်ဆုပ်ကိုင်ထားဖို့ပဲ ဖြစ်ပါတယ်။ အဲဒီအတွက် ပြည်သူလူထုနဲ့အစိုးရ၊ အလုပ်ရှင်နဲ့အလုပ်မား၊ လူတန်းစားတ ရပ်နဲ့ တခြားလူတန်းစားတရပ်၊ တရားလိုနဲ့တရားခံအကြားမှာ ဘယ်ဟာကအမှန် ဘယ်ဟာကအမှား၊ ဘယ်ဘက်ကအမှန်၊ ဘယ် ဘက်ကအမှား ခွဲခြားသိမြင်အောင် ကြိုးစားအားထုတ်ဖို့ လိုအပ်ပါတယ်။ အမှန်အမှားကိုခွဲခြားသိမြင်ပြီးတာနဲ့ အမှန်တရားဘက်က မား မားမတ်မတ်ရပ်တည်ပေးကြဖို့ တာဝန်ရှိပါတယ်။

အမှန်တရားကိုဦးထိပ်ပန်ဆင်ပြီး ပြည်သူလူထုကို အကာအကွယ်ပေးဖို့အကျိုးပြုဖို့ အမြဲကျိုးစားနေတဲ့ စာနယ်ဇင်းသမားတယောက် ဟာ စစ်တပ်ကြီးတတပ်လုံးကို အုပ်ချုပ်ရတဲ့ စစ်ဗိုလ်ချုပ်ကြီးတယောက်ထက် ပြည်သူလူထုအပေါ် သြဇာသက်ရောက်မှုရှိသလို ပြည် သူလူထုရဲ့ ချစ်ခင်လေးစားအားကိုယ်းမှု အလေးထားမှုကို ခံကြရပါတယ်။ သူ့ရဲ့နောက်မှာ သန်းပေါင်းများစွာသော ပြည်သူလူထုကြီး တရပ်လုံးရှိနေတယ် မဟုတ်ပါလား။

စိုးနေလင်း

ကိုးကား….
#သတင်းစာပညာ သဘောတရားနဲ့လက်တွေ့
(မောင်ဝံသ)
#ဟံသာဝတီဦးဝင်းတင်နှင့် စာနယ်ဇင်းဆောင်းပါးများ
#How To Be A Journalist(ML.Stein)
စာနယ်ဇင်းသမားတယောက်ဖြစ်ဖို့ (မောင်စိုးသစ် ဘာသာပြန်)

photo by: http://www.writethinking.co.uk/2009/11/pro-journalism-must-stand-out.html






ယခင် စာမူများ ...
“စာနယ်ဇင်းသမားမှာလုပ်ချင်၏ အမှန်တရားကိုဆုပ်ကိုင်ရဲဝံ့ မရဲဝံ့”
အာလူးစားသူတွေရဲ့ ပညာရေး
နိုင်ငံရေး သံဝေဂရသူများ နိုင်ငံရေးအသည်းကွဲသူများနဲ့ နိုင်ငံရေးဆရာလုပ်သူများ အကြောင်း
အမျိုးသား အကျိုးစီးပွားဆိုရာဝယ်
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမိုးသီးဇွန် ရဲ့ ၂၀၁၀ ရွေးကောက်ပွဲအပေါ် အမြင်သဘောထား
ဂိုရှယ်စစ်တမ်းဆိုသည်နှင့် ပတ်သက်ပြီး ပြန်လည်ရှင်းလင်းတင်ပြချက်
အမျိုးသမီးအလုပ်သမားလှုပ်ရှားမှုနှင့် တောင်ကိုးရီးယားနိုင်ငံ
“စားပွဲများကို ဖြတ်သန်းခြင်း (၁)”
ဒို့ ဗိုလ်ချုပ်ကမှာခဲ့တယ် “ရရင်ရ၊ မရရင်ချ”
ငါတို့ဗိုလ်ချုပ်
“သေနတ်နဲ့ချိန်ထားတဲ့ ဒီမိုကရေစီ လာတော့မည်”
စာမျက်နှာအဟောင်းများ
ငါးည ခြောက်အိမ်မက်
မြို့ပြသူပုန်
ဟီးရိုးမှ ဇီးရိုးသို့
ကြွေးကြော်သံ
ဒိုင်အိုဂျင်းနစ်၊ မဟာအလက်ဇန်းဒါးနှင့် အမျိုးသားဂုဏ်သိက္ခာ
သခင်တင်မြ - စာမေးပွဲ ဖြေနေရဆဲလား
တူကြီးလျှင်ပေ … လူကြီးလျှင်တေ
“ ပညာရှာ ပမာ ……. ”
ကျောက်ဖြစ်သွားတဲ့ .. နှင်း - နိဂုံးပိုင်း
ကျောက်ဖြစ်သွားတဲ့ .. နှင်း - အပိုင်း(၂)
ဒီဇင်ဘာ နှင်းဆီနီ တပွင့် ရဲရင့်ကြယ်နှင့် ညီမလေး မလှမြိုင် သို့ …
ကျောက်ဖြစ်သွားတဲ့ .. နှင်း -- အပိုင်း(၁)
ရွေးကောက်ပွဲလုပ်မယ့်ရက်ကို မကြေညာရဲတဲ့ နအဖ
ပန်းပွင့်များရဲ့ ဒဏ္ဍာရီ
တော်လှန်ရေးဆန်းစစ်ချက်နှင့် BARD O’NEILL’S FRAMEWORK
မှန်တာပြောသစ္စာ လက်အားလုံးထုတ်ပြကြေးဆိုရင်
အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုနှင့် တိုက်ပွဲဝင်ပန်းတိုင် သတ်မှတ်ချက်
ကိုကျော်ဝင်း အရှေ့လေလား အနောက်လေလား ... ???
ကောင်းကင်ပြာနဲ့ အနာဂတ် (၂)
ကောင်းကင်ပြာနဲ့ အနာဂတ် (၁)
ကိုခင်မောင်ဖွေးသို့ လွတ်လပ်ရေးလက်ဆောင်
တတိယမြောက်အိုအေစစ်
“မီဒီယာကိုဒီမိုကရေစီဇာတ်သွင်းခြင်း”
အဆုံးသတ်မှာ
ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီးနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများအကြားမှ စည်းမျဉ်းဆိုင်ရာကစားပွဲများ
ဒီမိုကရေစီပြောင်းလဲရေးကာလတွင် ဆရာ/ဆရာမများကြုံတွေ့ရသည် အခတ်အခဲများ
စက်ဝိုင်း
၂၀၁၀ရွေးကောက်ပွဲ သုံးသပ်ချက်
တကွက်မှားလျှင် ၂ဝ၁ဝ မှာမြွေပေါက်ခံသွားရနိုင်တယ်
အဖြူရောင် လင်္ကာ ခင်ငြိမ်းသစ်
စစ်မှန်သော ရွေးကောက်ပွဲ၊ အာဏာရှင်ရွေးကောက်ပွဲနှင့် မြန်မာပြည်အနာဂတ် ရွေးကောက်ပွဲ
သားကောင်များ
“စစ်အစိုးရ အဘိဓာန်မှာ လုံးဝမပါသည့်စကားလုံးနှင့် အမြင်သွေလွဲခြင်း”
“သူရာထောင်ချောက်”
‘နံပါတ်ဝမ်း’ သန်းရွှေ ရဲ့ (ကိုယ်ရေးအကျဉ်း)
ကောင်းကင်ကြီး နီလာပြီဆိုမှဖြင့် …
"ဖူးငုံချွေတဲ့လက်"
ကျနော့်လက်က ကျပျောက်သွားတဲ့ လ တစင်း
ကာဝိုင်းဟာ နှင်းခါးသင်းတိုင်းနဲ့ ...
အမျိုးပျောက်မှာစိုးကြောက်ပါသည်








Name: Subject:

The JavaScript Source



Tell a friend: