မူလစာမျက်နှာ သတင်း ဆောင်းပါး မှတ်တမ်းဓါတ်ပုံ မှတ်တမ်းဗွီဒီယို ထုတ်ပြန်ချက် အခြားကွန်ယက်များ နေ့အလိုက်မှတ်တမ်း
 
 
 
   Thanks for visiting!    We recommend you    to surf this site
   ဤ၀က်ဘ်ဆိုက်သည်
   Firefox Browser ဖြင့်    ကြည့်ရန်အတွက်သာ    အဆင်ပြေစေပါမည်။
   အခြားသော Internet    Browsers သည်
   ဤ၀က်ဘ်ဆိုက်
   အဆင်အပြင်အရ    ပြောင်းလဲမှုအနည်းငယ်    ဖြစ်ပေါ်နေပါမည်။
 




 

ဝက်ဘ်ဆိုက်ကလေးအကြောင်း

ကျနော်တို့ ယုံကြည်ချက်တူသူတွေ စုစည်းခဲ့ကြတယ်။ ကျနော်တို့အားလုံးဟာ အိမ်လွမ်းစိတ္တဇ ရှိကြသူတွေ ချည်း ဖြစ်ပါတယ်။ ပြီးတော့အိပ်မက်တွေလည်း တူနေပြန်ရော။

ယုံကြည်ချက်ကတော့ စစ်အာဏာရှင်စနစ် အမိနိုင်ငံမှာ မုချကျဆုံးရမယ်။ အိပ်မက်ကတော့ ဒီမိုကရေစီ နိုင်ငံတော်သစ်ကို ထူထောင်မယ်။ ဒီတော့ ကျန်တာက အိမ်လွမ်းစိတ္တဇ .... ရေခြားမြေခြားမှာ အလွမ်းဆုံးက ရိုးရာယဉ်ကျေးမှုပါပဲ။ မိခင်ဘာသာစကား၊ စာပေ၊ ဂီတ၊ ပန်းချီ၊ ပန်းပု ... စတဲ့ ကိုယ်ပိုင် ယဉ်ကျေးမှု ရနံ့တွေကို တမ်းတလာတယ်။ တန်ဖိုးထားလာတယ်။ ပြီးတော့ သမိုင်း ... ။ ခေတ်အဆက်ဆက် ကျနော်တို့ ထိတွေ့ခဲ့ရတဲ့ သမိုင်းက မပြည့်၊ မစုံ၊ လိမ်စဉ်၊ အတုကြီး။

ဒါကြောင့် ဒီ ၀က်ဘ်ဆိုက် ကလေးကိုကြိုးစားပုံဖေါ်ကြည့်တာပါ။ မြန်မာ့ စာပေ၊ ဂီတ၊ အနုပညာ ရနံ့ တွေလည်းပါမယ်။ သမိုင်းစစ် သမိုင်းအမှန်တွေကိုလည်း လက်လှမ်းမှီသမျှ စုဆောင်းပြီး အမိနိုင်ငံတော် စစ်အာဏာရှင်စနစ်ကလွတ်မြောက်ရေး၊ ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရေး။ မိမိတို့ရဲ့ ကိုယ်ပိုင် အမျိုးသားလက္ခဏာတွေကို စောင့်ထိန်းပြန့်ပွားရေးမှာ ကျနော်တို့ ၀က်ဘ်ဆိုက်ကလေးက အုတ်တချပ် သဲတပွင့်ပမာ ဖြစ်ခဲ့တယ်ဆိုရင်ဖြင့် ......။

Renaissance ... မှသည် ... နေ့သစ် ....သို့

ကျနော်တို့က ၀က်ဘ်ဆိုက်ကလေးကို အမည်ပေးချင်တော့ နေ့သစ် ဆိုတဲ့ အမည်လေးကို ပေးဖို့ ရွေးချယ်လိုက်ကြတယ်။ အဲဒီလိုရွေးချယ်ရာမှာ အင်္ဂလိပ်စကားလုံး Renaissance ကို နှစ်သက် စွဲလမ်းရာကနေ မြစ်ဖျားခံလာတယ်လို့ ပြောရပါလိမ့်မယ်။ အဲဒီ Renaissance ဆိုတဲ့ စကားလုံး ကလေး အကြောင်းကို ကျနော်တို့ သိသမျှ မိတ်ဆက်ပေးရရင် .....

ဥရောပရဲ့ ၁၄ ရာစုနဲ့ ၁၇ ရာစု ကြားကာလကို အလယ်ခေတ်လို့လည်း ခေါ်ဆိုကြပါတယ်။ ၁၄ ရာစုအထိ ဥရောပဟာ မင်းဆိုးမင်းညစ်တွေရဲ့ ဖိနှိပ်မှုအမှောင်တိုက်အောက်မှာ ရှိနေခဲ့ပါတယ်။ နင်းပြားပြည်သူတွေရဲ့ ဘ၀ဟာလည်း တိရိစ္ဆာန်သာသာ ရှင်သန်နေခဲ့ရတာ ဖြစ်တယ်။ ဒါပေမဲ့ ၁၄ ရာစု နှောင်းပိုင်းကာလက စလို့ အလယ်ခေတ်တလျှောက်လုံး အီတလီက ဦးဆောင်ပြီး ဥရောပ တ၀ှမ်းလုံးမှာ စာပေ၊ အဘိဓမ္မာ၊ အနုပညာ၊ နိုင်ငံရေး၊ သိပ္ပံ၊ ဘာသာရေး အစရှိတဲ့ နယ်ပယ်အသီးသီးမှာ ပညာတတ်တွေရဲ့ ဥာဏ်သစ် ပေါက်ကွဲ ထွက်ပေါ်လာမှုတွေဟာ တားမရ၊ ဆီးမရ ဖြစ်ထွန်းလာခဲ့တယ်။ ဖေါ်ပြပါ နယ်ပယ်အသီးသီးမှာ အဟောင်း ... အဟောင်းတွေ မှန်သမျှကို ပစ်ပယ်လာခဲ့ပြီး အသစ်... အသစ်တွေကို မွေးဖွား ဆုပ်ကိုင်လာကြတယ်။ တော်လှန် ပြောင်းလဲ သစ်လွင်စေခဲ့တယ်ပေါ့။ ဒါ့ကြောင့် ....
Renaissance ကို အလယ်ခေတ် ကာလရဲ့ ယဉ်ကျေးမှု တော်လှန်ရေးကြီး အဖြစ် ပညတ်ကြပါတယ်။ Renaissance ဆိုတာ သမိုင်းခေတ်ကြီး ဆိုင်ရာ တော်လှန်ပြောင်းလဲမှုကြီးကို မွေးဖွား ဖြစ်ပေါ်စေခဲ့တဲ့ ထူးခြားသစ်လွင်လှတဲ့ ခေတ်ကြီးတခေတ်ကို ညွှန်းဆိုတယ်။

Renaissance ဆိုတာ အဖိနှိပ်ခံ ဘ၀တွေ တော်လှန်ပြောင်းလဲ ဖြစ်ထွန်းခဲ့တာမို့ ဘ၀သစ် ကိုလည်း ကိုယ်စားပြုနေပြန်ပါတယ်။

ဒီတော့ ကျနော်တို့က ၀က်ဘ်ဆိုက် အမည်ကလေးကို ကျနော်တို့ အဖိနှိပ်ခံ ပြည်သူတွေ အတွက် လွတ်မြောက်ရေး အိပ်မက်တွေ လက်တွေ့ အသက်ဝင်လာစေဖို့ နေ့သစ် လို့ ယုံကြည် အမည်ပေး ဖြစ်ခဲ့ပါတယ်။

နိုင်ငံတကာ ဘာသာပြန်ဆောင်းပါးများ
နေ့သစ် စာဖတ်ခန်း
နေ့သစ်ကာတွန်း
နေ့သစ် ဗွီဒီယို
နေ့သစ် ပန်းချီပြခန်း
စာအုပ်ကြော်ငြာ
ဒေါင်းအိုးဝေ၊ အတွဲ ၁၊ အမှတ် ၈၊ ၂၀၀၉၊ မတ်လ
မြန်မာနိုင်ငံကျောင်းသားလှုပ်ရှားမှုသမိုင်း
မောင်အောင်ပွင့်၏ ဘ၀မာတိကာ
ပြည်ပထုတ်ဂျာနယ်များ
လူထုတိုက်ပွဲ လက်စွဲ
ပြည်ပထုတ်VOBဂျာနယ်များ
ပြည်ပထုတ်ဂျာနယ်များ
ပြည်ပထုတ်ဂျာနယ်များ
Free Hit Counter
free counter
Bookmark this site!