မြန်မာတို့ရဲ့ အကယ်ဒမီ
မဆုမွန်
Sunday, February 07, 2010
ပရိတ်သတ်အများ ကြိုတင် ခန့်မှန်းထားသလိုပဲ ၂ဝဝ၉ /၂ဝ၁ဝ မြန်မာ့အကယ်ဒမီပေးပွဲကြီးမှာ အကောင်းဆုံး အပြောင်မြောက်ဆုံး ဟာသသရုပ်ဆောင်ဆုနဲ့ လူကြမ်းဆုကို စာပေးတာတောင် မူနေဦး မည်နှင့် သံဃာသတ်သူများ ဇာတ်ကားဖြင့် သန်းရွှေ (နေပြည်တော်) မှ တဦးတည်း အပြတ်အသတ် ဆွတ်ခူး ရရှိသွားပါတယ်။ စာပေး တာတောင် မူနေဦးမည်နှင့် သံဃာသတ်သူများ ဇာတ်ကားဖြင့်ပင် အ ကောင်းဆုံး ဒါရိုက်တာဆုနဲ့ ခေါင်းဆောင် မင်းသမီးဆုကို ဒီပဲရင်း နယ်မှာ သွားရောက်ရိုက်ကူးခဲ့တဲ့ လူကိုခွေးကိုက်ခြင်း ဇာတ်ကား ဖြင့် အကယ်ဒမီဆုရခဲ့ဖူးတဲ့ ကြိုင်ကြိုင် (နေပြည်တော်) မှလည်း ပူးတွဲ ဆွတ်ခူးသွားတာ ဖြစ်ပါတယ်။
ခေါင်းဆောင်မင်းသားဆုကို ချစ်လွန်းလို့ ဖိနပ်စာကျွေးလိုက်သည် နိုင်ငံတကာတန်းဝင် ဇာတ်ကားဖြင့် သိန်းစိန် (နေပြည်တော်)၊ ဇာတ်ပို့ မင်းသားဆုကို မုသာဝါဒ အတင်းစာ ရှင်းလင်းပွဲ ဇာတ်ကားဖြင့် ကျော်ဆန်း (နေပြည်တော်)၊ ဇာတ်ပို့မင်းသမီး ဆုကို ဓာတ် ကြိုးကို မောင်ကိုင်ပါ့မယ် ဇာတ်ကားဖြင့် ဝတ်မှုန်ရွှေရည် (နေပြည်တော်) နဲ့... အကောင်းဆုံး ရုပ်ရှင်ဇာတ်ကား ဆုကတော့ ၂၀၁၀ election အကြောင်းကို အခြေခံရိုက်ကူးတဲ့ end of the SPDC military rule in Burma ဖြစ်ရပ်မှန် သတင်းဇာတ်ကားပဲ ဖြစ်ပါတယ်။
အကောင်းဆုံး စက်ပိုင်းဆိုင်ရာဆုကိုတော့ မြန်မာအင်တာနက်နှင့် ဘက်ဘုန်းပြဿနာဇာတ်ကားမှ ကျွမ်းကျင်ပညာရှင် မြန်မာအင်ဖို တက်ခ်က ဆွတ်ခူးရရှိပါတယ်ရှင်။
အကယ်ဒမီပေးပွဲကို ဒဗလျူ ဒဗလျူဒေါ့ဖ် အမ်အမ်တီဗီဆလပ် ဖရီးလင့်ကနေ မဆုမွန်တယောက် အင်တိုက်အားတိုက် တိုက်ရိုက် ကြည့်ရှုအားပေးခဲ့ပြီး ဖေ့စ်ဘွတ်ခ်နဲ့ ဂျီတော့ခ်မှ တိုက်ရိုက်လေလှိုင်း အစီအစဉ်နဲ့ တင်ပို့ခဲ့ပါတယ်။ ပွဲအစပိုင်းမှာတော့ ဒဗလျူ ဒဗလျူ ဒေါ့ဖ် အမ်အမ်တီဗီဆလပ် ဖရီးလင့်ကနေတဆင့် အဆင့်ဆင့် ဖြတ်ကျော်ပြီး ဝင်ရောက်အားပေးခဲ့ရာ ရုတ်တရက် ညာဘက်ထောင့် စွန်းမှာ ရှိနေတဲ့ ဆီဘောက်စ်ဆဲပွဲသဘင်ကြီးကိုပါ တပါတည်း ကြည့်ရှုအားပေးခွင့်ထူးကြီးကိုလည်း ရရှိခဲ့ပါတယ်။
အကယ်ဒမီပေးပွဲကြီးထက် ဘေးပွဲက ပိုအင်အားကောင်းလာတဲ့နောက် မနေမနား ရေတောင်မသောက်အားဘဲ တပျော်တပါး အကြိတ် အနယ် ဆဲပွဲသဘင်ကြီးကို ကျင်းပနေသည်ကိုလည်း မျက်စိမူးလောက်အောင် တပြိုင်နက် အချိန်နဲ့တပြေးညီ ကြည့်ရှုအားပေးခွင့်ရခဲ့ ပါတယ်။
နာရီနဲ့ချီပြီး တဗိုလ်တက် တဗိုလ်ဆင်းစနစ်နဲ့ ပဝါမကူ ရေမရှူစတမ်း အကြိတ်အနယ် ဆဲဆိုကြိမ်းမောင်းနေမူ တောင်းပန်တိုးလျှိုးနေမှု မြန်မာ့ဂုဏ်ရည်ပြပုဒ်များကို လက်သီး လက်မောင်းတန်းပြီး အာပေါင်အာရင်းသန်သန် ကြွေးကြော်သံများကို အက်ဒမင်များမှာ အတန် ကြာ ကြည့်ကောင်းကောင်းနဲ့ ကြည့်ရှုပြီးကာမှ နောက်ဆုံး ပရိတ်သတ်ရဲ့ အော်ဟစ်တားမြစ်သံများ အားပေးသံများကြောင့် ဒိုင်ပွဲရပ်နဲ့ ဆီဘောက်စ် ပိတ်လိုက်ပါတယ်။
အကယ်ဒမီသုံးသပ်ချက်များကတော့ လင်ယောက်ကျားနှစ်ဦးမှ တုတ်ဓားလက်နတ်ကိုင်ဆောင်ပြီ လူးလိမ့်သတ်ပုတ်ခြင်း၊ ဇနီးမယား များမှ ပုဆိုးမနိုင် ပဝါမနိုင် ရင်ဘတ်စည်တီး အော်ပြီး ငိုကြွေးခြင်း၊ အချင်းချင်း တွေ့သည်နှင့် ပြေးလုံးကြခြင်း၊ ချစ်သူများ ရန်အဖြစ် ကြမ်းခြင်း၊ ဇိမ်ခန်း မီးလောင်သကဲ့သို့ အဝီစိပွက်သလို ဝိုင်းဝန်း အော်ဟစ်ကြခြင်း၊ အချင်းချင်း အအော်အငေါက်ကြမ်းခြင်း၊ လိုချင် လောဘများခြင်းဖြင့် ယောင်္ကျားကို မသင်္ကာခြင်း၊ အလွန်အမင်း နိုင်ခြင်း မိန်းမကို အသေအကြေကြောက်ရခြင်း၊ ဖရုသဝါစာများကို အာပေါင်အာရင်း သန်သန်ဖြင့် ဆဲဆိုခြင်း ဥပမာ ဒီ ဟာမ အဲ့အကောင်မ ^%$#%&@@$# စသည့် ချစ်ကြည်ရင်းနီးမှုကို ပြသော ချစ်စဖွယ် ပီယဝါစာလေးများကို ရေလဲသုံးနှုန်းခြင်း၊ ကိုယ်မွေးထားသော သားကို အသေသတ်ရန် ကြံစည်ခြင်း၊ အစ်မက ညီမကို ကြောက်မက်ဖွယ်မျက်နှာထားဖြင့် အော်ဟစ်သကဲ့သို့ ညီမက အစ်မကို နင်ပဲငါဆ ကြုံးဝါးခြင်း၊ မျက်စိက လင်းကွင်းလောက် ပါးစပ်က မိုးပြဲဒယ်လောက် အရူးလို ပြူးပြဲပြနေခြင်း လူအများ စီတန်းရပ်ပြီး တယောက်ပြီးမှ တယောက် စောင့်စားပြီး ပြောဆိုရယ်မောရခြင်း အပြိုင်အဆိုင် ငယ်သံပါအောင် အော်ဟစ်ရခြင်း များသည် မြန်မာတို့ အကယ်ဒမီရနိုင်သော အကွက်ကောင်းများ ဖြစ်လာလေသည်။
ထို့နောက်တွင် ကြေငြာအစီအစဉ်တွင်း ကြားညှပ်ထုတ်လွှင့်နေသော အကယ်ဒမီပေးပွဲကို ရပ်နားပြီး ပရိတ်သတ်ပြည်သူအများ မျှော် လင့်စောင့်စားနေသော သတင်းအစီအစဉ်ကို ဆက်လက်ထုတ်လွှင့်ရာ "ပြည်တွင်းပြည်ပ ပကတိ အခြေအနေများကို အမျိုးသားရေး စိတ်ဓာတ်ဖြင့် ရှုမြင်ရန် ပုံ.. သန်းရွှေ" ဆိုသော ကျောင်းသူ ကျောင်း သားများကို နှိပ်ကွပ်ဆုံးမနည်းအဆင့်ဆင့်ကို သိရှိစေရန်အလို့ငှာ ဆရာမများကို စစ်သင်တန်းပေးသော သင်တန်းဆင်းပွဲတွင် အကြီးအကဲကြီးရဲ့ မွက်ကြားချက်ကို လပ်တော့ပ်ကိုဖွင့်ပြီး မျက်နှာခပ် တည်တည်ကြီးများဖြင့်(ဝါ) ရုပ်တည်ကြီးများ အသံနေအသံထား အဖြတ်အတောက် ခိုင်မာတည်ကြည်စွာ ဖတ်ကြားကြပါသည်။
ထို့နောက် ဝန်ကြီးများရဲ့ လိုအပ်သည်များကို လှည့်လည်မှာကြား စားသုံးမူများကို တင်ဆက်ပြီးနောက် လေလှိုင်းပေါ်မှာ လူသတ်သ မားများဖြစ်သော ပြည်ပနိုင်ငံများမှ ခလောက်ဆံအကောက်ကြံနေသူများ ဝေသာလီပုဏ္ဍားများဟု အသံအောအောကြီးများဖြင့် စွတ်စွဲ ကြိမ်းမောင်း ခြိမ်းခြောက်ပါသည်။ ထို့နောက်တွင်ကား ရုရှနှင့် တရုတ်ကို အခြေခံသော နိုင်ငံတကာသတင်းများကို အံ့သြကုန်နိုင်ဖွယ် ယုံကြည်စိတ်ချဖွယ် ကမ္ဘာကျော် သတင်းဌာန စီစီတီဗီမှတဆင့် ကိုးကားကူးယူပုံတူချပြီး ကြေငြာသွားခဲ့ပါသည်။
ပြီတီတီ စူတူမူတူ မျက်နှာပေးလေးများကို အစွမ်းကုန် အပြုံးပန်းလေးများ ပန်ဆင်ရင်း ဗန်းကိုင် ကတ်ကြေးကိုင် ပေးခဲ့ကြပါသော အ ကယ်ဒမီ ဗန်းကိုင်မမလေးများအာ့ မြန်မာဆန်ဆန်လေး ဝတ်ထားရင်း ဆုကြေညာမယ့်သူကို စာအိတ်လေးတွေကို ဒူးလေးညွှတ် ပြီးပေးလိုက် ဒူးလေးတွေကို ပြန်ဆန့်လိုက်နှင့် ကော့ကော့ ကန်ကန် အချိုးကျကျ ယိမ်းကကြခဲ့ကြပါသည်။ ထိုသို့ ပရိတ်သတ်ဘက်ကို လှည့်ပြီး ပြုလုပ်နေသည်များကို အဲဒါကလေ အကော့မတတ်ရင် ဆဲသလို ဖြစ်သွားသလားလို့။ ဘယ်လို သဘောရလဲဟင်ဟု စိုးရိမ် မကင်းစွာဖြင့် အင်တာနက်မှာ မျက်တောင်မခတ်အား အနီးကပ်ကြည့်ရှုအားပေးခဲ့သော ဘိလပ်ပြည်မှ အစ်ကိုတော် တယောက်က သုံးသပ်သွားခဲ့ကြောင်း အမေရိကန်ရောက် မမကြိးမှလည်း သတင်းပေးပို့ခဲ့ပါသည်။
အကယ်ဒမီဆုများကို ပြန်ကြားရေးဝန်ကြီး ယမမင်းက ဆီပူအိုးသင်္ကေတ ရွှေစင်ရုပ်တုလေးများကို ပေးခြင်းဖြင့် လည်းကောင်း။ ခွေး သားရေပိုက်နဲ့ သတင်းစုဆောင်းရေးဝန်ကြိး သိကြားမင်းမှာ မိုးကြိုးတံဆိပ် ဝရဇိန်ရွှေစင် ရုပ်တုလေးများကို အသီးသီး ပေးအပ်ပြီး သည်နောက် အုတ်အုတ်ကျက်ကျက် ရုတ်ရုတ်သဲသဲဖြင့် အရသာ ပေါင်းစုံကို ပေးစွမ်းနိုင်သော လူမျိုးဘာသာမရွေး ကြည့်ရှုနိုင်သော အကယ်ဒမီ ပေးပွဲကြီး အောင်မြင်စွာပြီးဆုံးကြောင်း ကြေငြာအပ်ပါသည်ရှင့်။
ဒီပို့စ်ကိုတော့ ဒဗလျူ ဒဗလျူဒေါ့ဖ် အမ်အမ်တီဗီဆလပ် ဖရီးလင့်ကို ကိုယ်တိုင်ရောက်ရှိနေတဲ့ ဘလော့ခ်ချစ်သူများရဲ့ မြို့မေတ္တာခံ ယူနေတဲ့ သတင်းထောက်မဆုမွန်က စီစဉ်တင်ဆက်တာဖြစ်ပါတယ်။
မဆုမွန်
http://www.masumon.blogspot.com .. မှ
|